၂၀၂၀ ဖားကန့်ကျောက်စိမ်းတွင်း မြေပြိုမှု
From Wikipedia, the free encyclopedia
မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ ကျောက်စိမ်းမှော်၌ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး ထိုမြေပြိုမှုကြောင့် အနည်းဆုံး လူ ၁၇၄ ဦး သေဆုံးခဲ့ရသည်။[1] မြေပြိုမှုဖြစ်ပွားပြီး နောက်တစ်ရက်ဖြစ်သော ၂၀၂၀ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် လူ ၁၀၀ ခန့် ပျောက်ဆုံးပြီး ၆၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရှိခဲ့ရသည်။[2][3][2] သေဆုံးဒဏ်ရာရခဲ့သူများသည် ကျောက်တူးဖော်သူ ကုမ္ပဏီများ၏ စက်ကြီးကားများဖြင့် စွန့်ပစ်ရာ ကျောက်များစုပုံထားသည့် ကျောက်ပုံခြေများတွင် ခနော်ခနဲ့အိမ်များဖြင့် နေထိုင်ကြသော တကိုယ်ရည် တကာရ ရေမဆေး ကျောက်ရှာဖွေကြ သူများ ဖြစ်သည်။ ဒေသစံတော်ချိန် ၆ နာရီခွဲခန့်တွင် သည်းထန်စွာ ရွာသွန်းခဲ့သော မိုးသည် ကျောက်မိုင်းများမှ စွန့်ပစ်မြေစာပုံကြီး ပြိုကြစေရန် ကူညီပေးသကဲ့သို့ဖြစ်ရာမှ ကျောက်ပုံကြီးသည် ကန်အတွင်းသို့ လျောကျပြိုဆင်းခဲ့သည်။ ထိုသို့ပြိုဆင်းခဲ့ရာမှ ရေနှင့်ရွံ့လှိုင်းတို့သည် ထိုတူဖော်သည့် လုပ်ငန်းခွင်အတွင်း လုပ်ကိုင်လျက်ရှိသော အလုပ်သမားများကိုပါ မြုပ်၍ သေစေခဲ့သလိုဖြစ်သွားစေခဲ့သည်။[3]
နေ့ရက် | ၂ ဇူလိုင် ၂၀၂၀ |
---|---|
တည်နေရာ | ဖားကန့်၊ ကချင်ပြည်နယ်၊ မြန်မာနိုင်ငံ |
သေဆုံးသူ | ၁၇၄ |
ဒဏ်ရာရသူ | ၅၄ |
ပျောက်ဆုံးသူ | အနည်းဆုံး ၁၀၀ |
မြန်မာနိုင်ငံတွင် ကျောက်စိမ်းတူးဖော်ထုတ်လုပ်ရောင်းချရာမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံခန့် ရရှိခဲ့သော်ငြား ထိုလုပ်ငန်းသည် အသေအပျောက်နှင့် မတော်တဆမှုများဖြင့် ကျော်ကြားခဲ့လေရာ ယခုတချိန် ၂၀၂၀ ခုနှစ် မြေပြိုမှုဘေးသည့် အသေအပျောက်အများဆုံးသော မြေပြိုမှုဖြစ်ခဲ့လေသည်။[4]