From Wikipedia, the free encyclopedia
၂၀၂၂ ခုနှစ် အိန္ဒိယနိုင်ငံ သမ္မတ ရွေးကောက်ပွဲသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့တွင် အိန္ဒိယနိုင်ငံတွင်ကျင်းပခဲ့သော (၁၆) ကြိမ်မြောက်သမ္မတရွေးကောက်ပွဲဖြစ်သည်။ လက်ရှိတွင် ရာမ်နက်ကိုဗင့်ဒ်သည်လက်ရှိအိန္ဒိယနိုင်ငံ၏ သမ္မတဖြစ်သည်။ အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆(၁) တွင် အိန္ဒိယသမ္မတသည် သက်တမ်းငါးနှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။ သမ္မတ ရာမ်နက်ကိုဗင့်ဒ်၏ သက်တမ်း ကုန်ဆုံးသွားသောကြောင့် ရာထူး ဖြည့်စွက်မည့် ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။
ဤ ဆောင်းပါးသည် လတ်တလောရွေးကောက်ပွဲမှ အချက်အလက်များ ပါဝင်သည်။ တရားဝင် ထုတ်ပြန်ကြေငြာခြင်း မပြုမီအချိန်အထိ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အရ အချက်အလက်များသည် အချိန်နှင့် တပြေးညီ ပြောင်းလဲနေနိုင်သည်။ အစောပိုင်း သတင်းများသည် တိကျရေရာနိုင်ခြင်း နည်းပါးပြီး နောက်ဆုံးရ သတင်းအချက်အလက်များသည် ဤဆောင်းပါးတွင် တပြေးညီဖြစ်မနေနိုင်ပါ။ |
| |||||||||||||||||||||||
မဲပေးသူဦးရေ | 99.18% | ||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| |||||||||||||||||||||||
|
ဘာရတီယ ဇနတာ ပါတီ (BJP) ကိုယ်စားလှယ်လောင်း ဒရော်ပါဒီ မူရ်မူသည် ရွေးကောက်ပွဲတွင် အတိုက်အခံ ကိုယ်စားလှယ်လောင်း ယက်ရှ်ဝန်တ် ဆင်ဟာ ကို ၂၉၆,၆၂၆ မဲဖြင့် အနိုင်ရရှိခဲ့သည်။ မူရ်မူ သည် အိန္ဒိယ၏ ပထမဆုံး တိုင်းရင်းသားသမ္မတနှင့် ဒုတိယမြောက် အမျိုးသမီးသမ္မတလည်း ဖြစ်လာမည်ဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.