Canal+ Myanmar
မြန်မာနိုင်ငံစုံရုပ်မြင်သံကြား၀န်ဆောင်မှု / From Wikipedia, the free encyclopedia
Canal+ Myanmar သည် ပြင်သစ်နိုင်ငံအခြေစိုက် အခပေးရုပ်သံ ကုမ္ပဏီ CANAL+ Group နှင့် ပြည်တွင်း အခပေးရုပ်သံကုမ္ပဏီ 4TV,Foever Group တို့ ပူးပေါင်းတည်ထောင်ထားသော အခပေးရုပ်သံကုမ္ပဏီ တစ်ခုဖြစ်သည်။ CANAL ဟူသောဝေါဟာရမှာ ပြင်သစ်ဘာသာစကားအရ ရုပ်သံလိုင်း(Channel) ဟုအဓိပ္ပာယ်ရသည်။ Canal+ Myanmar FG ၏ရုပ်သံလိုင်းများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှ စတင်ထုတ်လွှင့်ခဲ့သည်။ ကိုယ်ပိုင်ရုပ်သံလိုင်း (၁၀)လိုင်း၊ အရည်အသွေးမြင့် ရုပ်သံလိုင်း (HD Channel) လိုင်း (၈၀) ကျော် နှင့် နိုင်ငံတကာရုပ်သံလိုင်းများ အပါအဝင် ရုပ်သံလိုင်းပေါင်း (၉၀) ကျော်ကို ထုတ်လွှင့်ပြသခဲ့သည်။ Canal+ Myanmar FG အခပေးရုပ်သံလိုင်းကို အင်တာနာဖြင့် ဖမ်းယူကြည့်ရှု ရသော DTTစနစ် နှင့် စလောင်းဖြင့် ဖမ်းယူကြည့်ရှုရသော DTH စနစ်နှစ်မျိုးဖြင့် ထုတ်လွှင့်ပြသနေသည့်အပြင် ၂၀၁၉ မှစ၍ OTT နှင့် VOD စနစ်ဖြင့် ကြည့်ရှုနိုင်သော My CANAL App ကို IOS နှင့် Android တို့တွင် မိတ်ဆတ်ထားပြီးဖြစ်သည်။[1] အင်တာနာဖြင့်ဖမ်းယူကြည့်ရသော DTT စနစ်ကို ရန်ကုန်မြို့ နှင့် မန္တလေးမြို့၌သာ အသုံးပြုနိုင်သည်။
အမျိုးအစား | အခပေးရုပ်သံလိုင်း |
---|---|
လုပ်ငန်း | အခပေးရုပ်သံနှင့်ရုပ်ရှင်ထုတ်လုပ်ရေး |
လွှဲအပ်သူ | 4TV , 5 Network |
တည်ထောင်သည့်နှစ် | ဇန်နဝါရီလ၂၉ရက်၊၂၀၁၈ခုနှစ် |
ဌာနချုပ် | ရန်ကုန်မြို့, မြန်မာ အမှတ်၂၇၁-၂၇၃၊Parksideအဆောက်အအုံ၊ဗားကရာလမ်း၊စမ်းချောင်းမြို့နယ်၊ရန်ကုန်၊မြန်မာ |
ဝန်ဆောင်မှု ဧရိယာ | မြန်မာ |
ဝန်ဆောင်မှု | အခပေးရုပ်သံကွန်ရက် အင်တာနက် အခပေးရုပ်သံနှင့် ဗီဒီယိုဝန်ဆောင်မှု(OTT& VOD) |
ပိုင်ရှင်များ | Groupe Canal+ |
မိခင်ကုမ္ပဏီ | Groupe Canal+ |
ဝက်ဘ်ဆိုက် | https://www.canalplus-myanmar.com/ |
ဆောင်ပုဒ် | ဆန်းသစ်စုံလင် တီဗီကမ္ဘာတွင် |
လက်ရှိတွင် နိုင်ငံတကာရုပ်သံလိုင်း နှင့် ကိုယ်ပိုင်ရုပ်သံလိုင်းအချို့ တို့ကို ပိတ်သိမ်းခြင်း အသစ်ထည့်သွင်းခြင်းများ ပြုလုပ်ခဲ့ကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့အထိ စုစုပေါင်း ရုပ်သံလိုင်း (၇၀) လိုင်းကို DTT ၊ DTH အပါအဝင် OTT စနစ်ဖြင့် MyCanal mobile application တို့မှ ထုတ်လွင့် ပြသလျက်ရှိပါသည်။