ကန်းထရီးရော့ခ်
ဂီတ အမျိုးအစား / From Wikipedia, the free encyclopedia
ကန်းထရီးရော့ခ် (အင်္ဂလိပ်: Country rock) သည် ကျော်ကြားသော ဂီတမျိုးခွဲတစ်မျိုးဖြစ်ပြီး ရော့ခ်နှင့် ကန်းထရီး ကို ပေါင်းစပ်ထားသည်။ ရော့ခ်ဂီတပညာရှင်များကြောင့် တိုးတက်ခဲ့ပြီး ၁၉၆၀ နောက်ပိုင်းနှင့် ၁၉၇၀ အစောပိုင်းတွင် မှတ်တမ်းတင်ခဲ့သည်။ ထိုဂီတပညာရှင်များသည် မှတ်တမ်းတင်ရာ၌ pedal steel ဂီတာများ အသုံးပြုခဲ့သည်။ Bob Dylan နှင့် The Byrds တို့ကြောင့် စတင်ခဲ့ပြီး ၁၉၇၀ ခန့်တွင် Emmylou Harris, Eagles, Michael Nesmith, Pocoနှင့် Pure Prairie League စသော အနုပညာရှင်များကြောင့် လူကြိုက်များလာခဲ့သည်။ Southern Rock ၏ဖွံ့ဖြိုးတိုးတက်မှုထဲမှ တစ်ခုဖြစ်သည်။