ကက်ကူအန်း
From Wikipedia, the free encyclopedia
Remove ads
ကက်ကူအန်း သို့မဟုတ် ကာကူအန်း သည် တူနီးရှားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် တည်ရှိသော ရှေးဟောင်းပြူးနစ်မြို့တော် တစ်ခုဖြစ်ပြီး ဘွန်းအငူအနီးတွင် တည်ရှိသည်။ ဤဖိုနီးရှားမြို့တော်အား ဘီစီ ၂၅၀ ပထမပြူးနစ်စစ်ပွဲ အတွင်း စွန့်ပစ်ခဲ့သည် ဟု ယူဆရပြီး ရောမတို့က ပြန်လည်တည်ဆောက်ခြင်း မပြုခဲ့ပေ။ ၎င်းသည် နှစ်ပေါင်း ၄၀၀ ကျော်မျှ တည်ရှိခဲ့သည်။
မြို့ဟောင်းတူးဖော်ရာတွင် ဘီစီ ၄ ရာစု နှင့် ၃ ရာစုမှ ဒင်္ဂါးပြားများကို တွေ့ရသည်။ ထိုဒေသတစ်ဝိုက်တွင် မြို့၏ပုံစံကို အထင်အရှားပင် တွေ့ရှိနိုင်သေးကာ အိမ်အများအပြားမှာ တံတိုင်းများ ကျန်ရှိသေး၍ မျက်နှာစာရှိ ရောင်စုံရွှံ့များကို မြင်နိုင်ဆဲပင် ဖြစ်သည်။ အိမ်များကို ပုံစံတကျ တည်ဆောက်ထားပြီး ခေတ်မီသော မြို့စီမံပုံအတိုင်း ဖြစ်သည်။
ဘုရားကျောင်း နေရာတွင် တိုင်အချို့ တည်ရှိဆဲဖြစ်ပြီး အေထရီယံ အငယ်စားနေရာတွင် မှန်စီရွှေချများကို တွေ့နိုင်သေးသည်။ အပျက်အစီးများကြား နေရာအနှံ့တွင် အရံအတားကျောက်တုံးများ၊ အဝင်ဝ လှေခါးထစ်များ၊ ခွေးကတက်များ နှင့် ရိုးရှင်းစွာ မှန်စီရွှေချထားသည့် ကြမ်းခင်းများကို တွေ့ရသည်။ ကက်ကူအန်းဒေသတွင် ရှေးဟောင်းသုတေသန ပညာရှင်များ ဆက်လက်ရှာဖွေနေဆဲ ဖြစ်သော်လည်း အကောင်းဆုံး အစိတ်အပိုင်းများကို တွေ့ရှိပြီးဖြစ်သည်ဟု ယုံကြည်ကြသည်။[၁]
ကက်ကူအန်းသည် ပြူးနစ်မြို့တော်များဖြစ်ကြသော ကားသေ့မြို့၊ ဟက်ဒရူမီတမ် (ယနေ့ခေတ် ဆုစ်မြို့) နှင့် ယူတီကာ တို့နှင့် အတူ အရေးအပါဆုံး မြို့တစ်မြို့ ဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads