ကချင်ပြည်နယ် တရားလွှတ်တော်

From Wikipedia, the free encyclopedia

Remove ads

ကချင်ပြည်နယ်တရားလွှတ်တော် သည် ကချင်ပြည်နယ်တွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၁၈)ရုံးရှိသည်။

အချက်တိုများ ကချင်ပြည်နယ်တရားလွှတ်တော် High Court of the Kachin State, နိုင်ငံ ...
Remove ads

သမိုင်းကြောင်း

၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် ကချင်ပြည်နယ်တရားရုံးကို ကချင်ပြည်နယ်တရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၂)ဦး စုစုပေါင်း (၃)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

တည်နေရာ

ကချင်ပြည်နယ်တရားလွှတ်တော်သည် အမှတ်(၁၅) ဧရာရပ်ကွက် မြစ်ကြီးနားမြို့တွင် တည်ရှိသည်။

တရားလွှတ်တော်တရားသူကြီးချုပ်များ

ဖွဲ့စည်းပုံ

ကချင်ပြည်နယ်တရားလွှတ်တော်ကို ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၁၈)ရုံးဖြင့် ဖွဲ့စည်းထားသည်။[]

ခရိုင်တရားရုံးများ

  • မြစ်ကြီးနားခရိုင်တရားရုံး
  • မိုးညှင်းခရိုင်တရားရုံး
  • ဗန်းမော်ခရိုင်တရားရုံး
  • ပူတာအိုခရိုင်တရားရုံး

မြို့နယ်တရားရုံးများ

  • မြစ်ကြီးနားမြို့နယ်တရားရုံး
  • ဝိုင်းမော်မြို့နယ်တရားရုံး
  • တနိုင်းမြို့နယ်တရားရုံး
  • ချီဖွေမြို့နယ်တရားရုံး
  • ဆော့လော်မြို့နယ်တရားရုံး
  • အင်ဂျန်းယန်မြို့နယ်တရားရုံး
  • မိုးညှင်းမြို့နယ်တရားရုံး
  • မိုးကောင်းမြို့နယ်တရားရုံး
  • ဖားကန့်မြို့နယ်တရားရုံး
  • ဗန်းမော်မြို့နယ်တရားရုံး
  • မိုးမောက်မြို့နယ်တရားရုံး
  • မန်စီမြို့နယ်တရားရုံး
  • ရွှေကူမြို့နယ်တရားရုံး
  • ပူတာအိုမြို့နယ်တရားရုံး
  • မချမ်းဘော့မြို့နယ်တရားရုံး
  • နောင်မွန်မြို့နယ်တရားရုံး
  • ခေါင်လန်ဖူးမြို့နယ်တရားရုံး
  • ဆွမ်ပရာဘွမ်မြို့နယ်တရားရုံး

တရားသူကြီးများ

၂၀၂၀ပြည့်နှစ်တွင် ပြည်နယ်တရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၃)ဦးရှိသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် ပြည်နယ်တရားရေးဦးစီးမှူးရုံးတို့ရှိသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads