ကင်းဝန်မင်းကြီးကျောင်း

From Wikipedia, the free encyclopedia

Remove ads

ကင်းဝန်မင်းကြီးကျောင်း (သာကဝန်ကျောင်းဟုလည်း သိကြ) သည်[] မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။[] သစ်သားကျောင်း ဖြစ်ကာ ၁၈၇၉ ခုနှစ်တွင် ကင်းဝန်မင်းကြီးဦးကောင်းက တည်ဆောက်ခဲ့သည်။

အချက်တိုများ ကင်းဝန်မင်းကြီးကျောင်း, အချက်အလက်များ ...

တည်ဆောက်မှုအာလုံးကို ကျွန်းသားဖြင့်သာ ဆောက်လုပ်ထားသည်။ ကျောင်းတော်တွင် ကင်းဝန်မင်းကြီးသည် ဥရောပသို့ သံတမန်အဖြစ် သွားရောက်သည့်အခါတွင် တွေ့ရှိခဲ့သည့် အနောက်နိုင်ငံမှ အလှတန်ဆာများဖြစ်သည့် Corinthian တိုင်များ၊ ပန်းတန်းများ (Friezes) နှင့် အခုံးများ စသည်တို့ပါဝင်သည်။[][] ကျောင်းတော်သည် အမိုးခုံးပါဝင်ပြီး တိုက်တန်းများဖြင့် ဝန်းရံထားသည်။ ကျောင်းတော်ကို ဥရောပဗိသုကာပညာရှင်များဖြစ်ကြသည့် အီတလီလူမျိုး M. Comodo နှင့် ပြင်သစ်လူမျိုး M. Bonvallein တို့က ဒီဇိုင်းရေးဆွဲထားသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads