ကပ္ပတိန် ဖီးလစ် (ရုပ်ရှင်)
From Wikipedia, the free encyclopedia
Remove ads
ကပ္ပတိန် ဖီးလစ် (အင်္ဂလိပ်: Captain Phillips) သည် ဒါရိုက်တာ Paul Greengrassမှ ရိုက်ကူးခဲ့သော ၂၀၁၃ ခုနှစ် အမေရိကန် အတ္ထုပ္ပတ္တိအက်ရှင် သည်းထိတ်ရင်ဖိုဇာတ်ကား ဖြစ်သည်။[၄] [၅] [၆] ၂၀၀၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော Maersk Alabama သင်္ဘောပြန်ပေးဆွဲမှုကို အခြေခံထားသည့် အဆိုပါဇာတ်ကားသည် ဆိုမာလီပင်လယ်ဓားပြများ၏ ဓားစာခံဖမ်းဆီးခြင်းခံခဲ့ရသေ ာအမေရိကန် ကုန်သည်သင်္ဘောသား ကပ္ပတိန် ရစ်ချက်ဖီးလစ်၏ ဇာတ်လမ်းကို ရိုက်ကူးထားသည်။ ၎င်းတွင် တွမ်ဟန့်ခ် က ဖီးလစ် အဖြစ်၊ Barkhad Abdi က ပင်လယ်ဓားပြခေါင်းဆောင် Abduwali Muse အဖြစ် သရုပ်ဆောင်ထားသည်။
Billy Ray ၏ ဇာတ်ညွှန်းသည် ဖီးလစ် နှင့် Stephan Talty တို့ ပူးပေါင်းရေးသားခဲ့သောစာအုပ်ဖြစ်သော ဖီးလစ် ၏ ၂၀၁၀ စာအုပ် A Captain's Duty: Somali Pirates, Navy SEALs, and Dangerous Days at Sea ကို အခြေခံထားသည်။ Scott Rudin ၊ Dana Brunetti နှင့် Michael De Luca တို့က ပရောဂျက်တွင် ထုတ်လုပ်သူများအဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၁၃ ခုနှစ် နယူးယောက် ရုပ်ရှင်ပွဲတော်တွင် အထူးပွဲအနေဖြင့် ပြသခဲ့ပြီး [၇] ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ရုံတင်ပြသခဲ့သည်။ ဤဇာတ်ကားသည် ဝေဖန်ရေးနှင့် စီးပွားရေးအရ အောင်မြင်မှုတစ်ခုအဖြစ်ထွက်ပေါ်လာခဲ့ပြီး ဝေဖန်ရေးဆရာများ၏ အပြုသဘောဆောင်သည့် သုံးသပ်ချက်များ ရရှိခဲ့သလို ဘတ်ဂျက်ဒေါ်လာ ၅၅ သန်းဖြင့် ထုတ်လုပ်သောဇာတ်ကားအနေဖြင့် ဝင်ငွေ ဒေါ်လာ သန်း ၂၂၀ ရရှိခဲ့သည်။ ကပ္ပတိန် ဖီးလစ် ရုပ်ရှင်သည် အကောင်းဆုံး ရုပ်ပုံ ၊အကောင်းဆုံး ဇာတ်ညွှန်း နှင့် Abdi အတွက် အကောင်းဆုံး ဇာတ်ပို့ အပါအဝင် အော်စကာဆု ဆန်ခါတင် ခြောက်ဆုစာရင်းဝင်ခဲ့သည်။ [၈] [၉]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads