ကမ္ဘာကြီး ပူနွေးလာမှု
From Wikipedia, the free encyclopedia
Remove ads
ကမ္ဘာကြီး ပူနွေးလာခြင်းဆိုသည်မှာ ၂၀ ရာစုနှစ် အလယ်ပိုင်းကာလမှစ၍ ကမ္ဘာ့မြေမျက်နှာပြင်နှင့် နီးကပ်သည့် လေထုနှင့် ပင်လယ်ရေ အပူချိန် တိုးမြင့်လာခြင်းကို ညွှန်းဆိုသည်။ လက်ရှိတွင်လည်း အပူချိန် ဆက်လက် တိုးမြင့်နေဆဲ ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအကြား အဖွဲ့အစည်း၏ (Intergovernmental Panel on Climate Change, IPCC) ၂၀၀၇ ခုနှစ်တွင် ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ ၂၀ ရာစုနှစ်အတွင်း ကမ္ဘာ့မျက်နှာပြင်၏ အပူချိန် 0.74 ± 0.18 °C (1.33 ± 0.32 °F) တိုးမြင့်လာသည်ဟု ဆိုသည်။

၂၀ ရာစုနှစ် လယ်ပိုင်းကာလမှ စတင်ကာ ပညာရှင်များ ကမ္ဘာ့အပူချိန် တိုးမြင့်လာခြင်းကို စောင့်ကြည့်ခဲ့ရာ ရေနံ ကဲ့သို့သော ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများ အသုံးချခြင်း၊ သစ်တောများ ခုတ်ထွင်ခြင်းစသည့် လူသားများ၏ အပြုအမူမှ ဖြစ်ထွန်းလာသည့် မှန်လုံအိမ်ဓာတ်ငွေ့ သိပ်သည်းမှု တိုးမြင့်လာခြင်းကြောင့် ဖြစ်သည်။[၁]
ကမ္ဘာ့အပူချိန် တိုးမြင့်လာခြင်းကြောင့် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာစေကာ မိုးရွာသွန်းမှု ပုံစံနှင့် မိုးရေချိန်ကို ပြောင်းလဲစေနိုင်သည်။ ထိုမှတဆင့် အပူလျော့ပိုင်းဒေသ ကန္တာရ ပိုမိုကျယ်ပျံ့လာစေနိုင်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads