ကမ္ဘာဒြပ်ထု

ကမ္ဘာ၏ဒြပ်ထုနှင့်ညီမျှသော ဒြပ်ထုအတိုင်းအတာယူနစ် From Wikipedia, the free encyclopedia

ကမ္ဘာဒြပ်ထု
Remove ads

ကမ္ဘာဒြပ်ထု (ME သို့မဟုတ် M🜨 သည် ကမ္ဘာအတွက် နက္ခတ္တဗေဒဆိုင်ရာ သင်္ကေတဖြစ်သည်) သည် ကမ္ဘာမြေဒြပ်ထုနှင့်ညီမျှသော ဒြပ်ထု ယူနစ်ဖြစ်သည်။ လက်ရှိ အကောင်းဆုံး ခန့်မှန်းချက်မှာ M🜨 = 5.9722×1024 kg ဖြစ်သည်။ ၁၉၇၆ ခုနှစ်တွင် (5.9742±0.0036)×1024 kg ဖြစ်ခဲ့ပြီး ယင်း၏ ပျမ်းမျှသိပ်သည်းမှုမှာ 5515 kg.m−3 ဖြစ်သည်။

အချက်တိုများ Earth Mass, အတိုင်းအတာစနစ် ...

ကမ္ဘာဒြပ်ထုသည် နက္ခတ္တဗေဒတွင် အခြားသောဂြိုဟ်များ၊ နေအဖွဲ့အစည်းအပြင်ဘက်ရှိဂြိုဟ်များ၏ ဒြပ်ထုကိုတိုင်းတာရာ၌ အသုံးပြုသော စံဒြပ်ထုယူနစ်ဖြစ်သည်။ ၁ နေဒြပ်ထုသည် ကမ္ဘာဒြပ်ထု ၃၃၃၀၀၀ နှင့် ညီမျှသည်။ ကမ္ဘာ၏ဒြပ်ထုကိုတိုင်းတာရာတွင် လကမ္ဘာ၏ဒြပ်ထုကို ဖယ်ထုတ်ထားသည်။ လကမ္ဘာ၏ဒြပ်ထုမှာ ကမ္ဘာ၏ ၁.၂ ရာခိုင်နှုန်းရှိသည်။ ထို့ကြောင့် ကမ္ဘာ+လကမ္ဘာ စနစ်သည် 6.0456×1024 kg ခန့်ရှိသည်။

ဒြပ်ထုအများစုကို သံ၊ အောက်ဆီဂျင်မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ အလူမီနီယမ်နှင့် နီကယ်တို့ဖြင့် ရေတွက်သည်။ ကမ္ဘာ၏ဒြပ်ထုကို အတိအကျ တိုင်းတာရာတွင် ခက်ခဲသည်။ ကမ္ဘာဒြပ်ထုအား ၁၇၇၀ ခုနှစ်များတွင် Schiehallion experiment ဖြင့် စမ်းသပ်ခဲ့ရာ ၂၀ ရာခိုင်နှုန်း မှန်ကန်ခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads