ကမ္ဘာ့ရတနာဘဏ်

From Wikipedia, the free encyclopedia

ကမ္ဘာ့ရတနာဘဏ်

ကမ္ဘာ့ရတနာဘဏ်သည် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်ကို အများနှင့်သက်ဆိုင်သောကုမ္ပဏီအဖြစ် ပြောင်းလဲ ဖွဲ့စည်းထားသော အများပိုင်ဘဏ်တစ်ခုဖြစ်သည်။

အချက်တိုများ အမျိုးအစား, လုပ်ငန်း ...
ကမ္ဘာ့ရတနာဘဏ်
Global Treasure Bank
အမျိုးအစားအများနှင့်သက်ဆိုင်သော
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၁၅ ဖေဖော်ဝါရီ ၁၉၉၆
ဌာနချုပ်ရန်ကုန် မြန်မာ
ဝက်ဘ်ဆိုက်treasurebankmm.com
ပိတ်ရန်

သမိုင်းကြောင်း

မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်ကို မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတိုးတက်စေရန်၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ် အရေးပါသည့် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ပါဝင်လုပ်ကိုင်လျက်ရှိကြသည့် မွေးမြူရေးနှင့်ရေလုပ်ငန်းရှင်များအပြင် အခြားစီးပွားရေး ကဏ္ဍအသီးသီးတွင် လုပ်ကိုင်လျက်ရှိကြသည့် ကုမ္ပဏီလုပ်ငန်း အသီးသီးတို့တွက် ငွေကြေး လိုအပ်ချက်များ ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ၁၉၉ဝ ခုနှစ် ပြဋ္ဌာန်းသော မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများဆိုင်ရာ ဥပဒေနှင့်အညီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လိုင်စင်အမှတ်၊ မဗဘ/ ပီ-၁၅/(၂)၉၆ ဖြင့် (၁၅-၂-၁၉၉၆) ရက်နေ့တွင် စတင်ဖွဲ့စည်း ဖွင့်လှစ် ဆောင်ရွက်ခဲ့သည်။

မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်လီမိတက်ကို စတင်တည်ထောင် ဖွင့်လှစ်ချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန(ယခင် ကုန်သွယ်ရေးဝန်ကြီးဌာန)မှ ကြပ်မတ် ကွပ်ကဲခဲ့သော်လည်း ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ (၆-၉-၁၉၉၈) ရက်စွဲပါစာဖြင့် ညွှန်ကြားချက်အရ လုပ်ငန်းသဘာဝ နှင့် ဆက်စပ်မှုရှိသည့် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနသို့ (၁-၁-၁၉၉၉) ရက်နေ့တွင် လွှဲပြောင်းပေးခဲ့သည်။

မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်လီမိတက်သည် ဘဏ်စတင် တည်ထောင် ဖွင့်လှစ်စဉ်ကတည်းက မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍအပြင် အခြားစီးပွာရေးကဏ္ဍ အသီးသီးသို့လည်း ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများပေးလျက်ရှိသော ဘဏ်တစ်ဘဏ် ဖြစ်သည်။ ဘဏ်၏အမည်သည် မွေး/ရေကဏ္ဍတစ်ခုတည်းကိုသာ ဦးစားပေးနေသကဲ့သို့ ဖြစ်နေခြင်းကြောင့် လည်းကောင်း၊ အခြားဘက်စုံ၊ ကဏ္ဍစုံအသီးသီးသို့ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ပုဂ္ဂလိကစစ်စစ် အသွင်ဖြင့် သီးခြားလွပ်လပ်စွာ အထောက်အပံ့ပေး နိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်ပြီး မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်အမည်မှ ကမ္ဘာ့ရတနာဘဏ်(အများနှင့်သက်ဆိုင်သောကုမ္ပဏီ) အမည်သို့ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။[]

မတည်ရင်းနှီးငွေ

ဘဏ်စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၉၆ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဘဏ်၏မတည်ရင်းနှီးငွေမှာ အစုရှယ်ယာတစ်စုလျှင် ကျပ်(၅)သိန်းတန်ဘိုးရှိ အစုရှယ်ယာပေါင်း(၄၀၀၀)၊ ကျပ်သန်းပေါင်း(၂၀၀၀) သတ်မှတ်ခဲ့ပြီး ကျပ်သန်း(၁၀၀၀)အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်(ဝန်ထမ်း/သက်သာ)မှ ချေးငွေအဖြစ် ရယူခဲ့သည်။ ချေးငွေအဖြစ်ရယူခဲ့သော ကျပ်သန်း(၁၀၀၀)နှင့် အတိုးငွေများအား ၂၀၀၄ ခုနှစ်၊ ဧပြီလတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် (ဝန်ထမ်း/သက်သာ)သို့ ပြန်လည် ပေးဆပ်ခဲ့ပြီး အများပိုင်ဘဏ်(Public Bank)အနေဖြင့် ဆက်လက်ရပ်တည် ဆောင်ရွက်လျက်ရှိသည်။ အများပိုင်ရှယ်ယာအဖြစ် ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလတွင် သတ်မှတ်ထားသော အစုရှယ်ယာပေါင်း(၄၀၀၀)၊ ကျပ်သန်းပေါင်း(၂၀၀၀)အား အများပြည်သူသို့ အပြည့်အဝ ရောင်းချခဲ့ပြီးနောက် ဘဏ်၏မတည်ရင်းနှီးငွေ (Paid-up Capital)အား အောက်ပါအတိုင်း အဆင့်ဆင့်တိုးမြှင့်ပြင်ဆင်ခဲ့သည်။

  • ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျပ်သန်း(၂၀၀၀)မှ ကျပ်သန်း(၅၀၀၀)
  • ၂၀၀၇ ခုနှစ်၊ ဩဂုတ်လတွင် ကျပ်သန်း(၅၀၀၀) မှ ကျပ်သန်း(၁၀၀၀၀)
  • ၂၀၀၉ ခုနှစ်၊ ဇူလိုင်လတွင် ကျပ်သန်း(၁၀၀၀၀) မှ ကျပ်သန်း(၂၀၀၀၀)
  • ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ကျပ်သန်း(၂၀၀၀၀)မှ ကျပ်သန်း(၃၅၀၀၀)
  • ၂၀၁၃ခုနှစ်၊ ဇူလိုင်လတွင် ကျပ်သန်း (၃၅၀၀၀)မှ ကျပ်သန်း (၇၀၀၀၀)

၂၀၁၂ ခုနှစ် မေလအတွင်းတွင် လက်ရှိမတည်ရင်းနှီးငွေ ကျပ်သန်း(၃၅၀၀၀)၊ အစုပေါင်း (၇၀၀၀၀)အား အများပြည်သူသို့ အပြည့်အဝ ရောင်းချပေးခဲ့ပြီး ဖြစ်သည်။[]

ဝန်ဆောင်မှုများ

ကမ္ဘာ့ရတနာဘဏ်မှ ဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ငွေစုဘဏ်အပ်ငွေစာရင်း
  • အချိန်ပိုင်းအပ်ငွေ
  • စာရင်းရှင်အပ်ငွေ
  • နိုင်ငံခြားငွေစာရင်း
  • Certified Cheque
  • Payment Order
  • Performance Guarantee
  • ပြည်တွင်းငွေလွှဲခြင်းလုပ်ငန်း
  • အပြည်ပြည်ဆိုင်ရာ ငွေလွှဲလုပ်ငန်း
  • ချေးငွေ
  • အရစ်ကျငွေချေစနစ်

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.