ကမ္ဘာ့သမိုင်း
လူသားမျိုးနွယ်၏ သမိုင်းမှတ်တမ်း From Wikipedia, the free encyclopedia
Remove ads
လူသားတို့၏သမိုင်း သို့မဟုတ် ကမ္ဘာ့သမိုင်းသည် လူသားထု၏အတိတ်ကို သေသေချာချာ သုတေသနပြုကာ ဖော်ပြခြင်း ဖြစ်သည်။ ရှေးဟောင်းသုတေသနပညာ၊ မနုဿဗေဒ၊ မျိုးရိုးဗီဇပညာ၊ ဘာသာဗေဒနှင့် အခြားသော ပညာရပ်များမှ ရှာဖွေတွေ့ရှိချက်များကို အခြေခံ၍ ဖော်ပြခြင်းဖြစ်ပြီး၊ စာအရေးအသားကို စတင်တီထွင်သည့်ကာလမှ စတင်၍ သမိုင်းတင်ထားနိုင်ခြင်းဖြစ်သည်။ ထိုသို့ သမိုင်းတင်ဖော်ပြရာတွင် ရေးသားထားသော မှတ်တမ်း၊ ကျမ်းဂန်များနှင့် သမိုင်းပညာရှင်အချင်းချင်း တည်းဖြတ်အတည်ပြုစစ်ဆေးပြီးမှသာ ရေးသားထားသည့် စာအုပ်စာတမ်းများ၊ တွေ့ရှိချက်များကို အခြေခံလေ့ရှိသည်။
![]() | ဤ ဆောင်းပါး သို့မဟုတ် အပိုင်းသည် ချဲ့ကားရေးသားနေဆဲ သို့မဟုတ် အကြီးစား ပြန်လည်တည်းဖြတ်နေဆဲဖြစ်ပြီး သင်လည်း ပါဝင်ကူညီ ရေးသားနိုင်သည်။ အကယ်၍ ဤဆောင်းပါး သို့မဟုတ် အပိုင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပြင်ဆင်ခြင်းမရှိပါက ဤတမ်းပလိတ်ကို ကျေးဇူးပြု၍ ဖယ်ရှားလိုက်ပါ။ အကယ်၍ သင်သည် ဤတမ်းပလိတ်ကို ထည့်သွင်းသူ ဖြစ်ပြီး တည်းဖြတ်နေဆဲဖြစ်ပါက တည်းဖြတ်မှု တစ်ခုနှင့် တစ်ခုအကြားတွင် ကျေးဇူးပြု၍ ဤတမ်းပလိတ်အား {{in use}} ဖြင့် အစားထိုးပါ။
ဤ ဆောင်းပါး အား Ternera (ဆွေးနွေး | ပံ့ပိုး) မှ ၁၃ လ အကြာက နောက်ဆုံးပြင်ဆင်ခဲ့သည်။ (ရှင်းသန့်ရန်) |
Remove ads
သမိုင်းမတင်မီခေတ်
လူသားအစ
မျိုးရိုးဗီဇတိုင်းတာမှုများက လက်ရှိလူသားမျိုးရိုး(ဟိုမို ဆေပီယန်စ် - Homo sapiens)နှင့် လူနှင့် ပုံပန်းအနီးစပ်ဆုံး ဆွေမျိုးများဟုဆိုနိုင်သော ချင်ပန်ဇီမျောက်ဝံ (chimpanzees and bonobos)မျိုးရိုးတို့ သည် မူလမျောက်ဝံမျိုးရိုးမှ လွန်ခဲ့သောနှစ်ပေါင်း ၄.၆မှ ၆.၂သန်းခန့်တွင် ခွဲထွက်လာခဲ့ကြောင်း ညွှန်ပြထားသည်။[၁] ခန္ဓာဗေဒအရလက်ရှိလူသားဟုဆိုနိုင်သူ (Anatomically modern human)များကို အာဖရိကတိုက်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀,၀၀၀ခန့်တွင် ထွက်ပေါ်လာခဲ့သည်ဟု ဆိုသည်။[၂] အဆိုပါလူများသည် အခြားမျိုးနွယ်စိတ်များနှင့် ကွဲပြားသော အပြုအမူများဖြစ်သော ခေတ်လူသားများ၏ အပြုအမူနှင့် ဆင်တူသောအပြုအမူတို့ကို လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀,၀၀၀ခန့်တွင် စတင်ကျင့်သုံးလာခဲ့ကြသည်။[၃]


Remove ads
လူ့အဖွဲ့အစည်းများ ပေါ်ပေါက်တိုးတက်လာခြင်း
၁၀,၀၀၀ BCE ခန့်တွင်စတင်သော ကျောက်ခေတ်သစ်အပြောင်းအလဲကာလ၌ စိုက်ပျိုးမွေးမြူရေးများ စတင်ပေါ်ပေါက်ကြီးထွားလာခဲ့ပြီး လူသားတို့၏ နေထိုင်မှုပုံစံကို အခြေခံအားဖြင့် ပြောင်းလဲသွားစေခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသတွင် ၁၀,၀၀၀ BCE ပတ်ဝန်းကျင်၌ လည်းကောင်း၊ လက်ရှိတရုတ်နိုင်ငံတည်ရှိရာဒေသတွင် ၇,၀၀၀ BCE ပတ်ဝန်းကျင်၌ လည်းကောင်း၊ အိန္ဒုမြစ်ဝှမ်းဒေသနှင့် ဥရောပဒေသတွင် ၆,၀၀၀ BCE ပတ်ဝန်းကျင်၌ လည်းကောင်း၊ အမေရိကဒေသတွင် ၄,၀၀၀ BCE ပတ်ဝန်းကျင်၌ လည်းကောင်း လယ်ယာစိုက်ပျိုးရေးကို စတင်လုပ်ကိုင်ကာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။[၄] အရှေ့အလယ်ပိုင်းဒေသတွင် ၈,၅၀၀ BCE ပတ်ဝန်းကျင်၌ ဂျုံနှင့် ဘာလီစသော ကောက်နှံပင်များ(cereal crops)ကို စတင်စိုက်ပျိုးလာကြပြီး၊ သိုးနှင့် ဆိတ်များမွေးမြူခြင်းဖြင့် တိရစ္ဆာန်ရိုင်းများကို အိမ်သုံးအဖြစ်မွေးမြူခြင်း စတင်လာခဲ့ကြသည်။[၅]
Remove ads
မှတ်စုများ
ကိုးကား
စာစုစာရင်း
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads