ကယားပြည်နယ်နေ့
From Wikipedia, the free encyclopedia
Remove ads
ကယားပြည်နယ်နေ့ (အင်္ဂလိပ်: Kayah Day) သည် ကရင်နီပြည်နယ်မှ ကယားပြည်နယ် အဖြစ်သို့ ပြောင်းလဲသတ်မှတ်ခဲ့သော အထိမ်းအမှတ်နေ့ဖြစ်သည်။ ဒေသခံများကမူ ကယားဒေး ဟု ခေါ်ဝေါ်ကြသည်။ နှစ်စဉ် ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကျင်းပလေ့ရှိကာ ကယားပြည်နယ်၏ အကြီးမားဆုံးပွဲတော်ဖြစ်သည်။
Remove ads
သမိုင်းကြောင်း
ကန္ဒရဝတီ၊ ဘောလခဲနှင့် ကြယ်ဖိုးကြီးတို့ ပါဝင်သည့် ကရင်နီနယ်များဟု ယခင်က ခေါ်ဝေါ်ခဲ့သော ဒေသများကို ပြည်ထောင်စု၏ အဖွဲ့ဝင်အဖြစ် "ကရင်နီပြည်နယ်" ဟုခေါ်ဝေါ်ရန် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) တွင် ပြဋ္ဌာန်းခဲ့သည်။ ထိုနယ်များ၏ အကြီးအကဲများဖြစ်သော စောဖျာများသည် လူမျိုးစုလွှတ်တော်တွင် ကရင်နီပြည်နယ်အမတ်များအဖြစ် ပါဝင်ခဲ့ကြသည်။ ပါလီမန် အမတ် ဦးစိန်က ကရင်နီဆိုသည်မှာ အခြားလူမျိုးများနှင့် ထင်ယောင်ထင်မှားဖြစ်စေသဖြင့် မူလ ကယားအမည်ကို ပြန်လည်ပြောင်းပေးရန် ၁၉၄၉ခုနှစ် ဩဂုတ်လ (၁၀)ရက်နေ့တွင်လည်းကောင်း၊ ၁၉၅၀ပြည့်နှစ် ဖေဖော်ဝါရီ (၁၉) ရက်နေ့တွင်လည်းကောင်း ပါလီမန်သို့ တင်ပြခဲ့သည်။ ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက ဖွဲ့စည်းပုံအခြေခံဥပဒေအား လွယ်ကူစွာ မပြုပြင်ကြရန်နှင့် ဒေသခံတို့၏ သဘောထားဆန္ဒပါရှိမှသာ နည်းလမ်းရှာ၍ ပြင်ဆင်ကြရန် အကြံပြုခဲ့သည်။ ထို့ကြောင့် ပါလီမန်၏ အဖွဲ့ဝင် (၁၀)ဦးပါဝင်သော အဖွဲ့ဖြင့် မေးခွန်းလွှာ (၁၉,၅၀၀) ကို ဖြန့်ဝေခဲ့ပြီး အဖြေလွှာ (၇,၆၆၅) စောင်ကို ပြန်လည်ရရှိခဲ့သည်။[၁] ထိုရလဒ်များကို အခြေခံကာ ၁၉၅၂ခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက်အက်ဥပဒေအရ ကရင်နီပြည်နယ်မှ ကယားပြည်နယ်အဖြစ်သို့ အမည်ပြောင်းလဲခဲ့သည်။[၂][၃] ဒေသခံများနှင့် တိုင်းရင်းသားအရေးလှုပ်ရှားသူများအနက် ပြည်သူ့ဆန္ဒသဘောထားမပါဘဲ ပြောင်းလဲခဲ့သည်ဟု ပြောကြသူများလည်း ရှိကြသည်။ ထိုသို့အမည်ပြောင်းလဲခဲ့သော ဇန်နဝါရီလ (၁၅)ရက်နေ့ကို ကယားပြည်နယ်နေ့ဟု သတ်မှတ်ခဲ့သည်။[၄]ဗြိတိသျှအင်ပါယာကို ဆန့်ကျင်တော်လှန်ခဲ့သည့် ကယားလူမျိုးခေါင်းဆောင်များ၏ ကြိုးပမ်းမှုများကို သတိရရန်အတွက်လည်း ကျင်းပခြင်းဖြစ်သည်။[၅]
Remove ads
ပွဲတော်ကျင်းပခြင်း

ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်ကို ဇန်နဝါရီလ (၁၀)ရက်နေ့မှ (၂၀)ရက်နေ့ခန့်အထိ ကျင်းပလေ့ရှိကြသည်။[၅] လွိုင်ကော်လေဆိပ်၏ အရှေ့ဘက်ရှိ ကယားဒေးကွင်းတွင် ကျင်းပခြင်းဖြစ်ကာ ဌာနဆိုင်ရာ ပြခန်းများ၊ တက္ကသိုလ်ပြခန်းများ၊ ယဉ်ကျေးမှုပြခန်းများ၊ ဈေးဆိုင်တန်းများ၊ ဖျော်ဖြေပွဲများ ထည့်သွင်းကျင်းပလေ့ရှိသည်။[၆] ကယားပြည်နယ်၏ အကြီးမားဆုံးပွဲတော် ဖြစ်သည်နှင့်အညီ ပြည်နယ်တစ်ခုလုံးမှနေ၍ မြို့တော် လွိုင်ကော်မြို့သို့ လာရောက်ဆင်နွှဲကြသည်။ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် လွိုင်ကော်မြို့၌ ကျောင်းများ၊ တက္ကသိုလ်များ ပိတ်လေ့ရှိသည်။ ၂၀၁၁ခုနှစ်နောက်ပိုင်းတွင် ကယားပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော်အကြီးအကဲများ ကိုယ်တိုင်တက်ရောက်ခြင်း၊ သဝဏ်လွှာပေးပို့ခြင်းတို့ ပြုလုပ်လေ့ရှိသည်။[၂][၃] အခမ်းအနားတွင် သဘာပတိအဖွဲ့ဝင်များအဖြစ် ကယားမျိုးနွယ်စု (၉)စုမှ မျိုးနွယ်စုခေါင်းဆောင်များက ဆောင်ရွက်ကြသည်။[၇]

Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads