ကယ်လ်ဂရီမြို့
ကနေဒါနိုင်ငံ၊ အယ်လ်ဗားတားပြည်နယ်ရှိ မြို့ From Wikipedia, the free encyclopedia
Remove ads
ကနေဒါနိုင်ငံ အနောက်ပိုင်း၊ အယ်လဗားတား ပြည်နယ်ရှိ ကယ်လဂါရီမြို့သည် ဗိုးမြစ်နှင့် အဲလဗိုးမြစ်တို့ ပေါင်းဆုံရာ အရပ်တွင် တည်ရှိသည်။ ၁၈၈၃ ခုနှစ်တွင် ကနေဒီယန် ပစိဖိတ် မီးရထားလမ်း စတင်ဖောက်လုပ်သည့် အခါကစ၍ တည်ခဲ့သောမြို့ကလေးဖြစ်သည်။ ရော့ကီးတောင်တန်း ကို ဖြတ်ကျော်နိုင်သည့် တောင်ကြားလမ်းနှစ်ခု၏ အဝင်ဝတွင်တည်ရှိသဖြင့် အရေးပါသောမီးရထားလမ်းဆုံရာမြို့ဖြစ်ရာ၊ ၁၈၉၄ ခုနှစ်တွင် မြို့ကြီးတစ်မြို့ အဖြစ်သို့ ရောက်ရှိလာလေသည်။ အယ်လဗားတား ပြည်နယ်တွင် အက်ဒမန်တန်မြို့ကလွဲလျှင် အကြီးဆုံးမြို့ဖြစ်၏။
ကယ်လဂါရီမြို့သည် ဝင်နီပက်မြို့အနောက်ဘက် ပရေရီလွင်ပြင်ဒေသတွင် ကုန်စည်ကူးသန်းရောင်းဝယ်ရေးဖက်၌ တွင်ကျယ်သော မြို့ကြီးဖြစ်သည်။ ထို့ပြင် စတုရန်းမိုင်ပေါင်း ၁၅၀၀၀၀ မျှ ကျယ်ဝန်းသော ဂျုံစပါးစိုက်ပျိုး၍ သိုး နွား မွေးမြူရေး ဒေသ၏ အချက်အချာမြို့ကြီးလည်း ဖြစ်၏။ ထိုမြို့အနီးအနားမှကျောက်မီးသွေး တူးဖော်ရရှိ၍ ကျီမြင့်များ၊ ဂျုံစက်များ နှင့် ရေနံချက်စက်ရုံများလည်း ရှိသည်။ လူဦးရေမှာ ၁၂၃၈၃၇ ယောက်ဖြစ်သည်။ (မှတ်ချက်။ လူဦးရေမှာ ပုံနှိပ်စဉ်က စာရင်းဖြစ်သည်။ ယခုစာတင်ချိန်တွင် ထို့ထက်ပိုနိုင်သည်။ စာတင်သူ ) [၁]
Remove ads
ကျမ်းကိုး
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads