ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ

From Wikipedia, the free encyclopedia

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ
Remove ads

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (အင်္ဂလိပ်: Karenni State Interim Executive Council) သည် မြန်မာနိုင်ငံ၊ ကရင်နီပြည်ရှိ ကြားကာလ အုပ်ချုပ်ရေးအဖွဲ့တစ်ခု ဖြစ်သည်။

အချက်တိုများ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ, အကျဉ်းချုပ် ...

သမိုင်းကြောင်း

မြန်မာပြည်တွင်းစစ်ကာလအတွင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ကို ၂၀၂၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ က ဖွဲ့စည်းခဲ့သည်။[] ကရင်နီပြည်အား ထိန်းချုပ်ထားသော ကရင်နီ တော်လှန်ရေးအဖွဲ့အသီးသီးအား စုစည်းနိုင်ရန်၊ ဒေသတွင်း တည်ငြိမ်အေးချမ်းစေရန်၊ ကရင်နီပြည်အား အုပ်ချုပ်ရေးအဖွဲ့တစ်ခု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့သည်။[] မြန်မာ့ပြည်တွင်းစစ်ကာလအတွင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီသည် ပထမဆုံးသော ဒေသတွင်းအိမ်စော့င်အစိုးရတစ်ခုလည်း ဖြစ်သည်။[] ယခင်အုပ်ချုပ်ရေးက သတ်မှတ်ခဲ့သော မြို့နယ် ၇ မြို့နယ်အစား မြို့နယ် ၁၆ မြို့နယ်အထိ ပိုင်းခြားသတ်မှတ်ခဲ့သည်။[] ကိုယ်ပိုင်တရားစီရင်ရေးစနစ်ကိုလည်း ဖွဲ့စည်းထားကာ မြို့နယ်နှင့် ခရိုင်တရားရုံးများဖြင့် လည်ပတ်သည်။[]

Remove ads

ဦးဆောင်သူများ

  • ခူးဦးရယ် (ဥက္ကဋ္ဌ)
  • ခွန်ဘီထူး (ဒုဥက္ကဋ္ဌ)
  • မော်ပိုးမြာ (ဘဏ္ဍာရေးမှူး)
  • ခူပလူးရယ် (အထွေထွေ အတွင်းရေးမှူး)
  • ဇူးပဒုမ္မာ (အတွင်းရေးမှူး ၁)
  • ဗညား ခွန်အောင် (အတွင်းရေးမှူး ၂)[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads