ကရင်ပြည်နယ်
မြန်မာနိုင်ငံ၏ ပြည်နယ်တစ်ခု From Wikipedia, the free encyclopedia
Remove ads
ကရင်ပြည်နယ် သည် မြန်မာနိုင်ငံ၏ ပြည်နယ် တစ်ခု ဖြစ်သည်။မြို့တော် မှာ ဘားအံမြို့ ဖြစ်သည်။
Remove ads
Remove ads
တည်နေရာနှင့် အကျယ်အဝန်း
ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင်တည်ရှိပြီး မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ရှမ်းပြည်နယ်၊ ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၁၉ မိနစ် မှ ၁၉ ဒီဂရီ ၂၅ မိနစ် အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၀မိနစ် မှ ၉၈ ဒီဂရီ ၅၅ မိနစ် အတွင်း တည်ရှိသည်။ ဧရိယာစုစုပေါင်း ၁၁၇၃၀.၈၅၁ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့မှ အနောက်သို့ ၇၀ မိုင်ရှိပြီး တောင်မှမြောက်သို့ ၃၂၆ မိုင် ရှည်လျားသည်။[၂]
Remove ads
သမိုင်းကြောင်း
ကရင်ပြည်နယ်ကို ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၈၀)၊ ပုဒ်မခွဲ (၁)အရ ဗြိတိသျှအစိုးရ လက်ထက်က သံလွင်ခရိုင်ရှိ ဖာပွန်၊ သထုံခရိုင်ရှိ ဘားအံနှင့် လှိုင်းဘွဲ၊ ကျိုက်ခမီခရိုင်ရှိ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး၊ တောင်ငူခရိုင်ရှိ သံတောင်မြို့နယ်များကို စုစည်းပြီး ကရင်ပြည်နယ်ဟု ပြင်ဆင်သတ် မှတ်ခဲ့သည်။ ၁၉၆၄ ခုနှစ် ဧပြီ ၃ ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ ကြေညာစာအမှတ် (၅၁)အရ ကရင်ပြည်နယ် အား ကော်သူးလေပြည်နယ်ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။[၂]
၁၉၆၅ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန စာအမှတ်၊ (၆၁၈)ဖြင့် ကရင်ပြည်နယ်မှ ဘားအံခရိုင်ကို မြို့နယ် (၄)မြို့နယ်ဖြင့်လည်းကောင်း၊ အမိန့်ကြော်ငြာစာအမှတ်၊ (၆၉၇)ဖြင့် ကော့ကရိတ် ခရိုင်ကို မြို့နယ် (၃)မြို့နယ်ဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၆၆)အရ ၁၉၇၂ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှစ၍ ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်ခွဲများကို ပယ်ဖျက်ခဲ့သည်။ ထို့နောက် နိုင်ငံတော်ကောင်စီကာလတွင် (၁၉၄၇) ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၀)၊ ပုဒ်မခွဲ (က)ဖြင့် ကော်သူးလေပြည်နယ်ကို ကရင်ပြည်နယ်ဟု ပြန်လည်သတ်မှတ်ခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက် ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ကော့ကရိတ်ခရိုင်ရှိ မြဝတီမြို့နယ်ကို ခရိုင်အဆင့်ဆင့် တိုးမြှင့်ဖွဲ့စည်းခဲ့သည်။[၂]
၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာဖြင့် ဘားအံခရိုင် လက်အောက်ရှိ ဖာပွန်မြို့နယ်ကို ခရိုင်အဖြစ်အဆင့်တိုးမြှင့် ဖွဲ့စည်းခဲ့သည်။ ၂၀၂၂ ခုနှစ် ဧပြီလ (၃၀) နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ် နှင့် သံတောင်ကြီးမြို့နယ်တို့ကို ခရိုင် အဖြစ်တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ကရင်ပြည်နယ်တွင် လက်ရှိ ခရိုင် ၆ ခရိုင်၊ မြို့နယ် ၇ မြို့နယ်၊ မြို့ ၁၈ မြို့၊ ရပ်ကွက် ၈၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၇၆ အုပ်စုနှင့် ကျေးရွာ ၂၀၆၃ ရွာ ပါဝင်ဖွဲ့စည်းထားရှိသည်။[၂]
Remove ads
ပထဝီဝင်အနေအထား
မြေမျက်နှာသွင်ပြင်
ကရင်ပြည်နယ်သည် တောင်ကုန်းတောင်တန်း ပေါများပြီး သစ်တောများ ဖုံးလွှမ်းနေသဖြင့် မြေပြန့်လွင်ပြင်နည်းပါးသည်။ ဘားအံမြို့နယ်တွင်မူ ဇွဲကပင်စသော တောင်တန်းများတည်ရှိရာ ဒေသမှတပါး ကျန်ရှိသော မြေမျက်နှာပြင်များသည် အများအားဖြင့် ညီညာပြန့်ပြူး၍ မြစ်ချောင်းများ စီးဆင်းရာဒေသ ဖြစ်သည်။[၂]
ကရင်ပြည်နယ်တွင် မြစ်ချောင်းများပေါများပြီး မြစ်ချောင်းများသည် မြောက်မှ တောင်သို့ စီးဆင်း လျက်ရှိသည်။ ထင်ရှားသောမြစ်မှာ သောင်ရင်းမြစ်ဖြစ်ပြီး မြဝတီအနီးမှဖြတ်၍ တောင်မှ မြောက်သို့ စီးဆင်းသည်။ ဒေသတွင်းရှိ ဂျိုင်းမြစ်မှ ထူးခြားစွာ အရှေ့မှ အနောက်သို့ စီးဆင်း၍ သံလွင်မြစ်သို့ စီးဝင်သည်။[၂]
ကရင်ပြည်နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှ အမြင့်ပေ ၅၆ ပေကျော်မှ ပေ ၃၇၁၇ ပေ အထက်တွင် တည်ရှိသည်။ အမြင့်ဆုံးတောင်မှာ နတ်တောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင် အထက် ၃၇၁၇ ကျော် အမြင့်ပေဖြစ်၍ ကရင်ပြည်နယ်၏ အနိမ့်ဆုံး အရပ်ဒေသမှာ ဘားအံမြို့နယ်ဖြစ်သည်။[၂]
ရာသီဥတု
ပူပြင်းစိုစွတ်သည့် ရာသီဥတုမျိုးရှိသည်။ အပူဆုံးလများ၏ ပျှမ်းမျှ အပူချိန်မှာ ၇၁.၉ ဒီဂရီဖာရင်ဟိုက်ရှိသည်။ မိုးရေချိန်မှာ ပျှမ်းမျှအားဖြင့် ၁၂၀လက်မဖြစ်သော်လည်း အမြင့်ဆုံးမိုးရေချိန်မှာ ၁၉၀လက်မထိရှိသည်။
အုပ်ချုပ်ရေး
မြို့တော်
ကရင်ပြည်နယ်၏ မြို့တော်မှာ ဘားအံမြို့ဖြစ်သည်။
အုပ်ချုပ်ရေး
၂၀၁၁ခုနှစ်မှစတင်၍ ဝန်ကြီးချုပ်အမှူးပြုသော ပြည်နယ်အစိုးရအဖွဲ့မှ အုပ်ချုပ်သည်။ ဝန်ကြီးချုပ်ရုံးသည် ဘားအံမြို့တွင် ရုံးစိုက်သည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဟူ၍ အမည်ထပ်မံပြောင်းလဲလိုက်သည်။
ဥပဒေပြုရေး
၂၀၁၁ခုနှစ်မှစတင်ကာ ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်မှာ စ၍ ကရင်ပြည်နယ်၏ ဥပဒေပြုရေးအာဏာကို နစက မှ ထိန်းချုပ်လိုက်သည်။
တရားစီရင်ရေး
ကရင်ပြည်နယ် တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၇)ရုံးရှိသည်။
ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ
ခရိုင်များ
ကရင်ပြည်နယ်တွင် ခရိုင်(၆)ခု ရှိသည်။

ခရိုင်ရှိမြို့နယ်
မြို့နယ်များရှိမြို့များ

ပြည်နယ်မြို့တော်
ခရိုင်+မြို့နယ် ရုံးစိုက်ရာမြို့
မြို့နယ်ရုံးစိုက်ရာမြို့
မြို့ရုံးစိုက်ရာမြို့
- ဘားအံမြို့
- မြဝတီမြို့
- ကော့ကရိတ်မြို့
- ဖာပွန်မြို့
- သံတောင်ကြီးမြို့
- လှိုင်းဘွဲ့မြို့
- ကြာအင်းဆိပ်ကြီးမြို့
- သံတောင်မြို့
- လိပ်သိုမြို့
- ဘောဂလိမြို့
- ပိုင်ကျုံမြို့
- ရှမ်းရွာသစ်မြို့
- စုကလိမြို့
- ဝေါလေမြိုင်မြို့
- ကျုံဒိုးမြို့
- ဘုရားသုံးဆူမြို့
- ကျိုက်ဒုံမြို့
- ကမမောင်းမြို့
၂၀၂၁ခုနှစ်တွင် ကရင်ပြည်နယ်၌ မြို့နယ် (၇)မြို့နယ်၊ မြို့ (၁၈)မြို့၊ ရပ်ကွက်ပေါင်း (၈၆) ကွက်၊ကျေးရွာအုပ်စု (၃၇၆) အုပ်စုနှင့် ရွာပေါင်း (၂၀၉၇) ရွာ ရှိသည်။[၃]
ရွာများ
- ထီဖိုးကိန်
- ကော့ပလိုင်ကျေးရွာ
နောင်ဘိုကြီး(ဏံင့်ၜိုဝ်)
- ကတိုင်တိ
- ကော့ဘိန်း(ကိုဝ်ဖိင်)
- ကော့ပေါက်
- ကော့ဂိုး
- ကော့လ္လိူး
- ကျွန်းချောင်း
- ကျုံခဝန်
- ကျောက်ညှပ်
- အံဖကြီး
- ခရား
- ခလယ်
- ချောင်းနှစ်ခွ
- ဇာသပြင်
- တံခွန်တိုင်
- တောင်ကလေး
- တောင်ဒီး
- တောင်ဝိုင်း
- ထိမံထို
- ထီလုံ
- ထုံးအိုင်ရွာ
- ဒါးကွင်း
- ဒေါ်လမ်း
- နတ်တောင်
- နဘူး
- နောင်ကမြိုင်စံပြကျေးရွာ
- နောင်လုံ
- ပိုင်ကျုံ
- ဖအိုးထ
- ဖားပြ
- ဘောဂလိကြီး
- ဘီးစခတ်တောင်စွန်း(ပီဆ်ုခါတင်စံင်)
- မဝိုင်း
- မိကျောင်း
- မက်သရော
- မယ်ပလဲ
- မြိုင်ကြီးငူ
- မြိုင်ကလေး
- ယင်းပိုင်
- ယာဒို
- ရေပူ
- ရွှေဂွန်း
- လဂွန်းပျို
- ဝင်းက
- ဝင်းကနား
- သံလှယ်
- အနန်းကွင်း
- အိန္ဒု
- ဒိုင်းပြ
- လော့ခေါ်
- ကော့ကဒါ
- လွကဇိုင်း
- ကော့ပနော့
- တောင်ကလေး(၂)
- အထက်ပိန္နဲတော
- ကိုမောင်ရွာ
- တောင်ကလေး
- ယသဝေါ်
- လှာကမြင်
- မဲဘောင်
- ပါယို
- သာနှူံး
- ကော်ထော်
- မိဇံ
- မိဇီ
- ထားဝယ်အံ
- ဈေးမသွယ်
- တူနွဲး
- နောင်ပလိန်
- ခလောင်းနို့
- ဒုံးရင်း
- ကိုဝ်ခမိုင်
- လိုင့်ကား
- အိမ်ဒူ
- နောင်ခလိုင်
- နောင်ထလုံး
- အံဖလေး
- သုံးဆယ်သုံးဆူ
- ဘော့ဒိုင်း
- ကျိုက်သလိုက်
- သရက်တော
- အံကောင်
- တရိတခေါင်း
- သပြု
- ကျွန်းတော
- လောင်းကိုင်
- ဖားကျ
- သမိန်ဒွတ်
- ကမိုင်ကုန်း
- ရွာတန်းရှည်
- ထီးဟူးသံ
- မောကဲခီး
- ဝတ်ကြီး
- မိကရင်
- မင်းဇီ
- သိုက်တော
- ဥဒေါင်း
- မုက္ကဒိ
- ကိုဝ်ဆင့်မိင်
- ကိုဝဝ်ဖါထဝ့်
- ကိုဝ်ကျီးကျိုဝ်
- ကော့မြတ်ကြီးရွာ
- အင်းနို့သိပ်ပံေကျးရွာ
- ထော်ရွဲကျေးရွာ
- တခွက်ဖိုးရွာ
- လခရွာ
- စိန်ဒါရွာ
- ကဒီးခံရွာ
- ကွမ်ဘီရွာ
- မဲသိမ်ရွာ
- တောင်ကြာအင်း
- ကော့ရင်းအောက်
- အင်းရှည်
- လယ်သာကုန်း
- ကမား
- ရွှေဥဒေါင်း
- စရိပ်ဖြူ
- တကောပတိုင်
- ထီလုံ
- သပူထို
- ကမ်းနား
- နောင်သငဲ့
- သမ္ဘာန်
- ကျူံကော်
- နောင်ကမြိုင်
- ထီ့ဖိုးကလုံး
- ကျောက်တောင်
- စိန်မြရံ
- စံဖရီး
- ကွမ်တာကုန်း
- ကျွန်းကြီးကုန်း
- တညင်ကုန်း
- ကော့ကဒါ
- တာပေါင်
- ပုတိမ်ကုန်း
Remove ads
လူဦးရေ
၂၀၁၄ သန်းခေါင်စာရင်းအရ ကရင်ပြည်နယ်တွင် လူဦးရေ ၃.၅သန်း နေထိုင်ကြသည်။ ကရင်ပြည်နယ်တွင် မဦးရေသည် ကျားဦးရေထက် အနည်းငယ် ပိုများသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၅၁.၈ဦးဖြစ်သည်။
လူမျိုး
ကရင်တိုင်းရင်းသား ဒေသခံလူမျိုးများမှာ အရှေ့ပိုးကရင်၊ စကောကရင်၊ ပလေချီး (ပလေကီး)၊ တလေပွာကရင် (တလှေပွာ)၊ ပကူးကရင်၊ ဘွဲကရင်၊ မောနေပွာကရင်၊ ကရင်ဖြူ၊ အနောက်ပိုးကရင်၊ ထိုကလိဘောင်ကရင် တို့ ဖြစ်ကြသည်။[၄]
ဘာသာရေး
ကရင်ပြည်နယ်တွင် အများဆုံး ကိုးကွယ်သည့်ဘာသာများမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာတို့ ဖြစ်သည်။
ကရင်ပြည်နယ်ရှိ ကိုးကွယ်မှုများ (၂၀၁၅)[၅]
ဗုဒ္ဓ (84.5%)
ခရစ်ယာန် (9.5%)
အစ္စလာမ် (4.6%)
အခြား (0.7%)
ဟိန္ဒူ (0.6%)
ရိုးရာ (0.1%)
ကရင်အမျိုးသားများသည် ယုံကြည်ကိုးကွယ်မှုတွင် နတ်သည် အဓိကနေရာမှ ပါဝင်သည်။ ဘာသာရေးအယူဝါဒအနေနှင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ စသည်တို့ကို ယုံကြည်ကိုးကွယ်ကြသော်လည်း ရိုးရာနတ် အယူဝါဒကို စွဲမြဲယုံကြည်ကြသည်။ နတ်စားကရင် အမျိုးသားတို့က မြစ်၊ ချောင်း၊ တော၊ တောင်၊ သစ်ပင်၊ မုန်တိုင်း၊ မိုးကြိုး၊ နေ၊ လ စသော အရာများသည် မြင့်မြတ်ကြီးကျယ်သော တန်ခိုးတော် များကို ပိုင်ဆိုင်ကြပြီး တန်ခိုးရှိသော နတ်တို့၏ မှီခိုရာဖြစ်သည်ဟု ယူဆကြသည်။ ယင်းတို့က လူတို့၏ ပူဇော်ပသမှုကို နှစ်သက်ခံယူလိုကြသည် ဟူ၍လည်း ယုံကြည်ကြသည်။[၂]
ကရင်အမျိုးသားများ၌ ဘိုးဘွားအစဉ်အဆက်က ကိုးကွယ်လာခဲ့သော ရိုးရာနတ်များရှိသည်။ ယင်း တို့မှာ ဒူဝေရိုးရာနတ်၊ 'အောင်ခွဲ (အန်ဃှိုင်း)ခေါ် လိပ်ပြာနတ်စားရိုးရာ၊ အောင်စောကလို (အင်းဇို ကလပ်)ခေါ် ပန်းရိုးရာနတ်သို့မဟုတ် ဖူးဖာဒို (ဖူ့ဖာဒိုဝ်)ခေါ် ဘိုးဘိုးကြီးနတ်နှင့် ဒေသဆိုင်ရာနတ် ဟုခေါ်သော ရုက္ခစိုးနတ်စသည်တို့ဖြစ်ကြသည်။[၂]
ဘာသာစကား၊စာပေ
ဘာသာစကားမှာ ကရင်စကား တစ်မျိုးတည်း သာရှိ၍ စကောကရင်၊ ပိုးကရင်နှင့် တောင်ပေါ်ဒေသ ကရင်တို့သည် မျိုးရိုးစုအလိုက် အသံအလေးအပေါ့ အနည်းငယ်စီ ကွာခြားကြသည်။ မြန်မာအက္ခရာနှင့် ကရင်စာပေ ရှိသည်။ ၎င်းစာပေကို ပြန်လည်ထွန်းကားလာရန် မြှင့်တင်နေသည်။
ဝတ်စားဆင်ယင်မှု

![]() | ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ (ဇန်နဝါရီ ၂၀၁၅) |
ကရင်လူမျိုးတို့သည် မိရိုးဖလာရိုးရာအဝတ်အစားကိုစွဲစွဲမြဲမြဲဝတ်ဆင်ခဲ့ကြသည်။ မျက်မှောက်အခါတွင်လည်း အချို့ဒေသတွင် နေ့စဉ်ဓူဝ ဝတ်ဆင်ကြသေးသည်ကိုလည်း တွေ့ရသည်။ မကြာသေးသော နှစ်ကာလအတွင်းက အနောက်ပိုးကရင်ဝတ်စုံများကဲ့သို့ သင်တိုင်းဝတ်စုံရှည် အဝတ်အစားကို ပွဲတော်ရက်များတွင် ဝတ်ဆင်လာကြသည်>
Remove ads
ပညာရေး
- ကွန်ပျူတာတက္ကသိုလ်(ဘားအံ)
- နည်းပညာတက္ကသိုလ်(ဘားအံ)
- ဘားအံပညာရေးဒီဂရီကောလိပ်
- ဘားအံတက္ကသိုလ်
- စိုက်ပျိူးရေးသိပ္ပံ (ဇွဲကပင်)
စီးပွားရေး
ဒေသထွက်ကုန်များ
ကရင်ပြည်နယ်သည်အများအားဖြင့်ရော်ဘာ၊ဆန်စပါး၊ ဒူးရင်းသီး၊ဖာလာ၊ကွမ်းသီး၊ကော်ဖီ၊လက်ဖက်၊ပြောင်း ထွက်ရှိသည်။
ဖွံ့ဖြိုးမှု အချက်အလက်များ
အောက်ပါတို့မှ မြန်မာနိုင်ငံတော်အစိုးရမှ တရားဝင်ကြေညာထားသော ကရင်ပြည်နယ် ဖွံ့ဖြိုးမှုဆိုင်ရာ ဇယားဖြစ်သည်။
Remove ads
စိတ်ဝင်စားဖွယ်နေရာများ
- ဇွဲကပင်တောင်
- ဇွဲကပင်ဆံတော်ရှင်စေတီတော်
- ဆဒ္ဒန်ဂူ
- ဘုရင့်ညီဂူ
- ကော့ဂွန်းဂူ
- ကော့ကသောင်ဂူ
- ရသေ့ပျံဂူ
- နောင်ခလိုင်ဂူ
- ကြောင့်ကမ်လာဘ်စေတီတော်
- တောင်ဝိုင်းတောင်
- ကြာအင်းတောင်
- ဖားပုတောင်
- ချစ်သူမြိုင်ပန်းခြံ ဘားအံ
- သံတောင်ကြီး ပသိချောင်း
- နော်ဘူဘောဆုတောင်းတောင်
- သံတောင်ကြီးရေပူစမ်း
- ပသိဆည်
- ပဒုံဂူ၊ လှိုင်းဘွဲ့
- ကျုံထော်ရေတံခွန်
- ရေဘုတ်ဆည်၊ လှိုင်းဘွဲ
- ပရေကြေတိုရေတံခွန်၊ ရှမ်းရွာသစ်
စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာ
ကရင်လူမျိုးများတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ကိုယ်ပိုင်စာပေဖြင့် ရှေးယခင်ကတည်းကနေထိုင်လာသည့်လူမျိုးဖြစ်သည်။
ကရင်လူမျိုးများ၏ အထိမ်းအမှတ်သင်္ကေတမှာ - "ဖားစည်" ဖြစ်သည်။ "ဒုံးအက" သည် ကရင်လူမျိုး၏ ယဉ်ကျေးမှုအကတစ်ခုဖြစ်ပါသည်။

ဝါခေါင်လတွင် ကရင်လူမျိုးများ၏ ယဉ်ကျေးမှုတစ်ခုဖြစ်သော "ကရင်ရိုးရာ ဝါခေါင်လခြည်ဖြူဖွဲ့မင်္ဂလာ" ကို ကရင်ပြည်နယ်ရှိနေရာတိုင်းတွင်ကျင်းပကြပါသည်။ ပြာသိုလဆန်း (၁)ရက်နေ့သည် ကရင်လူမျိူးများ၏ နှစ်သစ် မင်္ဂလာ"ကောက်သစ်စားပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပကျသည်။ နိုဝင်ဘာလ (၇) ရက်နေ့သည် "ကရင်ပြည်နယ်နေ့" ဖြစ်ပြီး ကရင်ပြည်နယ် "ဘားအံမြို့" သီရီကွင်းတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပကျပြီး ဈေးရောင်းပွဲတော်များ၊ပြခန်းများ၊ကရင်ရိုးရာလက်ဝှေ့ပြိုင်ပွဲများ၊ ဒုံးအကပြိုင်ပွဲများကို နိုဝင်ဘာလ (၇) ရက်နေ့မှ (၁၁) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။
![]() | ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ (ဇန်နဝါရီ ၂၀၁၅) |
တွင်းထွက်များ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads