ကရင်ဗဟိုအဖွဲ့

From Wikipedia, the free encyclopedia

Remove ads

ကရင်ဆိုရှယ်ဆားဗစ်ကလပ် (Karen Social Service Club) က ကမကထပြုပြီး ရန်ကုန်မြို့ မှာ ခေါ်ယူ ကျင်းပတဲ့ ကရင်လူထု အစည်းအဝေးကြီး ကနေ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ၁၉၄၅၊ ဇွန်-၃၀ ရက်မှ ဇူလိုင်-၅ ရက်နေ့ အထိကျင်းပခဲ့တဲ့ ကရင် လူထုအစည်းအဝေး ပွဲကြီးကနေ ဖွဲ့စည်းပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ ရည်ရွယ်ချက် ကတော့ ကရင်လူမျိုးများ နိုင်ငံရေး အားဖြင့် တစည်းတရုံးတည်း ဖြစ်စေရန် နဲ့ သီးခြားကရင်ပြည်နယ် ရရှိစေရေးဖြစ်ပါတယ်။ မစ္စတာ ဆစ်ဒနီလူနီ၊ စောဘိုးချစ်၊ စောသာဒင်၊စောဘဦးကြီး၊ စောဘမောင်၊ မန်းဘခင်၊ ဆရာသာထို စတဲ့ ကရင် အမျိုးသား ခေါင်းဆောင်တွေ နဲ့ ဖွဲ့စည်းပေါ် ပေါက်လာခဲ့ခြင်း ဖြစ်ပါတယ်။

၁၉၄၆၊ ဖေဖော်ဝါရီ-၄ ရက်မှ ၆-ရက်နေ့အထိ ရန်ကုန်မြို့ မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကရင်ညီလာခံကြီး ကျင်းပနိုင်ခဲ့ပြီး၊ ကရင် ဗဟိုအဖွဲ့ က သီးခြား ကရင်ပြည်နယ် တည်ထောင်ရေး အဆို တင်သွင်းခဲ့သည်။ ကရင်ဗဟိုအဖွဲ့ ကနေ မစ္စတာ ဆစ်ဒနီ လူနီ ၊ စောသာဒင်၊ စောဘိုးချစ်၊ စောဘဦးကြီး တို့ပါဝင်တဲ့ ကရင် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို ဖွဲ့စည်းပြီး ဗြိတိသျှ အစိုးရရဲ့ သဘောထား ကို စုံစမ်းစေဖို့ အင်္ဂလန်ကို စေလွှတ်ခဲ့သည်။ ကရင်ဗဟိုအဖွဲ့ ဟာ ကရင်ပြည်နယ် ဖွဲ့စည်းနိုင်ရေး၊ သီးခြား ကရင်ပြည်နယ် တည်ထောင်နိုင်ရေး အတွက် စတင်ကြိုးပမ်းလှုပ်ရှားခဲ့တဲ့ ကရင်အမျိုးသား နိုင်ငံရေး အဖွဲ့အစည်းကြီးတခု ဖြစ်သည်။

Remove ads

ကိုးကား

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads