ကရင်လူငယ်အဖွဲ့
From Wikipedia, the free encyclopedia
Remove ads
၁၉၄၅၊ ဒီဇင်ဘာ-၁၅ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ မြို့နယ်ခရိုင် အသီးသီးက ကရင်လူငယ်များကို ဖိတ်ကြားပြီး သင်တန်းပေး ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ လွတ်လပ်ရေး တိုက်ပွဲမှာ ပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ် ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။ စောထွန်းစိန်၊ စောမြင့်သိန်း၊ မန်းဝင်းမောင်၊ စောစံဘိုးသင်၊ မန်းဘခိုင် စတဲ့ ပုဂ္ဂိုလ်များက ခေါင်းဆောင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၇၊ ဖေဖော်ဝါရီ-၅ ရက်နေ့မှာ ကေအဲန်ယူ ဖွဲ့စည်းတဲ့အခါ ကရင်လူငယ်အဖွဲ့ ဟာ အင်အားစု တခုအဖြစ် ပါဝင်ခဲ့ပြီး ၁၉၄၇ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင် သင့်မသင့် ကိစ္စအပေါ် သဘောထား ကွဲပြားရာက ကေအဲန်ယူ အဖွဲ့ကြီးကနေ ပြန်လည် ခွဲထွက်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်-မတ်လ မှာ ကရင်လူငယ်အဖွဲ့ အဖြစ် သီးခြား ပြန်လည်ခွဲထောင်ပါတယ်။
၁၉၄၇ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင် အရွေးခံခဲ့ပါတယ်။ စောစံဘိုးသင်၊ မန်းဘခိုင်၊ မန်းဝင်းမောင် (နောင်-သမ္မတကြီး) တို့ဟာ လွှတ်တော်အမတ်များ ဖြစ်လာခဲ့ကြပြီး ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီမှာ ပါဝင်ခဲ့ကြပါတယ်။ မန်းဘခိုင် ဟာ ဗိုလ်ချုပ်အောင်ဆန်း တို့နဲ့အတူ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ အာဇာနည် တဦးဖြစ်ခဲ့ပြီး မန်းဝင်းမောင်နဲ့ စောစံဘိုးသင် တို့ဟာလည်း လွတ်လပ်ရေးကြေညာပြီးစ လွတ်လပ်သော မြန်မာ နိုင်ငံတော်ရဲ့ ပထမဆုံးသောအစိုးရအဖွဲ့မှာ ဝန်ကြီးတွေ ဖြစ်ခဲ့ကြပါတယ်။
Remove ads
ကိုးကား
- ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads