ကရင်အမျိုးသားအသင်း
From Wikipedia, the free encyclopedia
Remove ads
ကရင်အမျိုးသားအသင်း(KNA) သည် ကရင် အမျိုးသားများ (၁၈၈၁) ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အသင်းတစ်ခု ဖြစ်သည်။ Karen National Association ခေါ် (KNA) ကို ကရင်အမျိုးသားသည် ဒေါကလူ ဟု ခေါ်ဝေါ်ကြပြီး၊ ပထမဆုံး သော ဥက္ကဋ္ဌမှာ ဒေါက်တာ တီသံပြာ ဖြစ်သည်။ ကရင်မျိုးနွယ်စု အားလုံး တလုံးတစည်းရှိရေးကို ဦးတည်ပြီး၊ ကရင်လူမျိုးများ ၏ စီးပွားရေး၊ လူမှုရေး တိုးတက်မှုများကို ပညာပေး ဆောင်ရွက်ရန်၊ ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့် ဆောင်ရွက်ပြီး ကရင်လူမျိုးများ အား မြန်မာ လူမျိုးများ၏ လွှမ်းမိုးခြင်းတို့မှ ကာကွယ်စောင့်ရှောက်ရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။
ဒေါကလူသည် ကရင်အမျိုးသားများ၏ ပထမဆုံးသော အမျိုးသားအဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်း ဖြစ်ရုံမက၊ ဗမာပြည်၌ အဦးဆုံး အစောဆုံးပေါ်ပေါက်ခဲ့သည့် နိုင်ငံရေးအဖွဲ့အစည်းကြီးလည်း ဖြစ်သည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads