ကရဏမုဒြာ
From Wikipedia, the free encyclopedia
Remove ads
လက်တဖက်ဖက်ကို ပြင်ဘက်သို့ဖြန့်ထားပြီးလျှင် လက်သန်းနှင့် လက်ညှိုးနှစ်ချောင်းကိုသာ ထောင်ပြထား၍ ကျန်လက်သူကြွယ်နှင့် လက်ခလယ်နှစ်ချောင်းကို လက်မဖြင့် ဖိနှိပ်ပြထားသော လက်ပုံဖြစ်သည်။ စိတ်ညှို့သောသဘောတရား, မက်မောစွဲလန်းသော သဘောတရားများကို ဖော်ပြလိုသော ဟန်ပန် မျိုးဖြစ်သည်။

အာရတီ ဝိရတီ ပါပါမင်္ဂလာများ တပေါစမင်္ဂလာနှင့် ဗြဟ္မစရိယမင်္ဂလာများ၏ အနက်သဘောကို ဆောင်ပြထားခြင်းဖြစ်သည်။
သိင်္ဂါရရသ အမ္ဘုတရသနှင့် သန္တရသတို့ကို ဖော်ဆောင်ထားခြင်းဖြစ်သည်။
ဝီရိယပါရမီ, သစ္စာပါရမီ, အဓိဋ္ဌာနပါရမီစခန်းများသို့ ညွှန်ပြထားခြင်းသဘောကို ဆောင်လေသည်။
ပြယုဂ်ပုံစံအားဖြင့် တိဗက် တရုပ်တို့၏ ဟုယဂရိဝခေါ် အက္ခောဘျဈာနိဗုဒ္ဓ၏ ရုပ်ပွားတော်ပုံတွင် ကရဏမုဒြာပုံဟန်ဖြင့် တွေ့ရသည်။
မြန်မာဆေးရေးပန်းချီများ၌ ရှားပါးစွာပင် တွေ့ရသည်။ ပုဂံမင်းနန်သူရှိ ဘုရားသုံးဆူအတွင်း ရေးပန်းချီပုံများ၌ တွေ့ရပါသည်။ ဝက်ကြီးအင်းကူပြောက်ကြီးတွင် နာဠာဂီရိဆင်ချွတ်ခန်းတွင်လည်း ကရဏမုဒြာပုံမျိုးကို တွေ့ရှိရပါသည်။
ဤ မုဒြာဖြင့် ရုပ်တုများကို ကိုးကွယ်လျှင် ဆန့်ကျင်ဘက်လိင်ကို စွဲလန်းတပ်မက်စေခြင်းသတ္တိ, ရန်သူ တဖက်သားကို နာမ်နှိမ်ထားနိုင်သောသတ္တိ, အနုပီယသိဒ္ဓိတင်သောအခါ အောင်မြင်ပြည့်စုံသော သတ္တိများကို ရရှိစေနိုင်သည်ဟု ဖွင့်ဆိုထားပေသည်။ [၁][၂] [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads