ကရာတေးအားကစားသမား
From Wikipedia, the free encyclopedia
Remove ads
ကရာတေးအားကစားသမား ဟူသည် ကရာတေး ကိုယ်ခံပညာရပ်ကို တစ်ဦးချင်းဖြစ်စေ၊ အသင်းလိုက်ဖြစ်စေ လေ့ကျင့်သူ၊ ယှဉ်ပြိုင်သူ၊ ကျွမ်းကျင်သူ ဖြစ်သည်။ ကရာတေးလက်နက်မဲ့ ခုခံကာကွယ်ခြင်းပညာမှာ တိုက်ခိုက်သူ၏ တိုက်ခိုက်မှုကို ရုတ်တရက် လျင်မြန်စွာ ရှောင်တိမ်းကာ ၎င်းတိုက်ခိုက်သူ (ရန်သူ) သည် မိမိကို ဆက်လက်မတိုက်ခိုက်နိုင်စေရန် ချက်ချင်း ပြန်လည် ခုခံထိန်းချုပ်ကာကွယ်ခြင်းပင်ဖြစ်သည်။ မိမိမှ ကြိုတင် တိုက်ခိုက်ခြင်း မဟုတ်ပဲ မိမိအား လာရောက်ထိပါးမှသာ တုံ့ပြန်ကာကွယ်ခြင်းပင်ဖြစ်သည်။ ကရာတေး တတ်လျှင် မိမိထက် အင်အား ဗလ သာသည်လည်းဖြစ်စေ၊ လက်နက်သာသည်လည်းဖြစ်စေ၊ တယောက်ထက်များသည့် ရန်သူကိုလည်းဖြစ်စေ ကောင်းစွာ ခုခံကာကွယ်တန်ပြန်တိုက်ခိုက်နိုင်သည်။ Ethics and Manners ဘာသာရပ်များ၊ သိပ္ပံနည်းကျသင်ရိုးညွှန်းတမ်းအချက်များ၊ သီအိုရီ နှင့် လက်တွေ့ကျင့်စဉ်များ၊ ကိုယ်ကျင့်တရားနှင့် သက် ဆိုင်သောအတွေးအခေါ်များပါဝင်သည်။ အရေးအကြီးဆုံးအချက်သည် ကိုယ်ကျင့်တရားနှင့် နည်းစနစ် (morality and systematic methods of Karate) ဖြစ်သည်။ ကိုယ်ကျင့်တရား ကောင်းမွန်ရေးသည် အဓိက ဖြစ်သည်။ ကိုယ်ကျင့်တရားနှင့်ကျင့်စဉ် သည် ကရာတေးအားကစားပညာရပ်၏ အရင်းခံ ရေသောက်မြစ်ကြီး ဖြစ်သည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads