ကလင်ကော့လူမျိုး

From Wikipedia, the free encyclopedia

Remove ads

ကလင်ကော့(လူရှေ)တို့သည် မွန်ဂိုလီးယားမှ တိဘက်၊ ထိုမှ အိန္ဒိယနိုင်ငံရှိ လူရှိုင်းတောင်တန်းများသို့ ရောက်ရှိလာသည်ဟု ဆိုသည်။ လူရှိုင်းတောင်တန်းများမှ ချင်းတောင်ဘက်သို့လည်းကောင်း၊ ချင်းတွင်းမြစ်တစ်လျှောက် ကလေးမြို့ဘက်သို့၎င်း ပလက်ဝနယ်ဘက်သို့လည်းကောင်း ပျံ့နှံ့ရောက်ရှိလာကြသည်။

ပလက်ဝနယ်တွင် ကလင်ကော့ (လူရှေ)တို့သည် မယာတို့နှင့် ရောနှောနေထိုင်ကြရာ ဘာသာစကားနှင့် နေထိုင်ပုံများတွင် များစွာတူညီကြသည့်အလျောက် အချင်းချင်း လက်ဆက်မှုများပင် ရှိလေသည်။ မယာတို့က မော်ကျေစာဟူ၍လည်းကောင်း၊ တလိုက်ကို့ ဟူ၍လည်းကောင်း ခေါ်သည်။

ကလင်ကော့(လူရှေ)တို့သည် ပလက်ဝနယ်ရှိ လူမျိုးများတွင် အရပ်အမောင်း ကောင်းသည် အသားလတ်၍ မျက်လုံးမျက်ခုံးကောင်းသည်။ ကိုယ်လုံးတောင့်တင်း၍ မျက်လုံးနှင့်ဆံပင်များ နက်သည်။ အမွှေးအမျှင်မရှိ၊ အသားမညိုပဲ နှုတ်ခမ်းထူခြင်းလည်း မရှိပေ။[]

ကလင်ကော့လူမျိုးများသည် စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်ရှိ ဘာဟန်းကျေးရွာအပါအဝင် ကျေးရွာ ၁၄ ရွာခန့်တွင် နေထိုင်ကြသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads