ကလေး ကျေးတောင်ညို
အင်းဝရှင်ဘုရင်မင်းမြတ် From Wikipedia, the free encyclopedia
Remove ads
ကလေး ကျေးတောင်ညို (၁၃၈၅–၁၄၂၆) သည် မြို့စားရွာစား အမတ်ဘဝမှ ဆင်ဖြူရှင် သီဟသူမင်း၏ မိဖုရားရှင်ဘို့မယ်နှင့် ငြိစွန်းမိကာ ရှင်ဘို့မယ်၏ ပံ့ပိုးမှုဖြင့် မင်းအဖြစ်ကိုရလာသူဖြစ်သည်။ အရည်အချင်းနည်းပါးသောမင်းအဖြစ် စည်းစိမ်ခံစားကာ ခုနစ်လအကြာတွင် အဆွေအမျိုးအင်အားကြီးလှသည့် မိုးညှင်းသတိုးက တိုက်ခိုက်လာသဖြင့် အင်းဝမှ ပခန်းနယ်သို့ထွက်အပြေးတွင် ခရီးပန်းကာ ဖျားနာသဖြင့်ကွယ်လွန်သည်။ ထိုသို့ မိုးညှင်းတပ်တို့ကို ခုခံရာတွင် မိဖုရားကြီးဖြစ်သူ ရှင်စောပုအား ပခန်းစားတရဖျားအားပေးကာ မိမိအားကာကွယ်စေသည်။ မိုးညှင်းသတိုးလည်း အင်းဝနန်းကို လွယ်ကူစွာဖြင့် သိမ်းယူရရှိလေသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads