ကသိဘာရဒွါဇသုတ်

From Wikipedia, the free encyclopedia

Remove ads

(၂)သုတ် ရှိပါသည်။

[] မဂဓနိုင်ငံ ဒက္ခိဏဂိရိ-ဇနပုဒ် ဧကနာဠပုဏ္ဏားရွာအနီး ကသိဘာရဒွါဇ၏ ကြီးကျယ်ခမ်းနားသော လယ်ထွန်မင်္ဂလာပွဲသို့ ဆွမ်းခံကြွမူလာသောဘုရားရှင်အား “မိမိကဲ့သို့ ထွန်ယက်, စိုက်ပျိုး၍ စားသောက်ပါ” အစရှိသောစကားဖြင့် လျှောက်ထားမှုကို အကြောင်းပြု၍ ကသိဘာရဒွါဇပုဏ္ဏားအား “မိမိသည်လည်း အမြိုက် နိဗ္ဗာန်အသီးကို သီးစေသော ဆင်းရဲ “ဒုက္ခအားလုံးမှ လွတ်မြောက်သော လယ်သမား ဖြစ်ပုံ”ကို ရှင်းလင်းဟောကြားတော်မူသည့်အခါ ကသိဘာရဒွါဇပုဏ္ဏား ဥပါသကာ အဖြစ် ခံယူသွားပုံကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ/ဋီကာတို့၌-ကသိဘာရဒွါဇပုဏ္ဏား၏ အရဟတ္တဖိုလ် ရရှိနိုင်သော ဉာဏ်ပညာကြီးကျယ်ပုံ၊ လယ်ထွန်မင်္ဂလာပွဲ ခမ်းနားကြီးကျယ်ပုံနှင့် တကွ ဗုဒ္ဓကိစ္စငါးပါး, သဒ္ဓါ, ပညာ, ဟိရိ, ဝီရိယ-အစရှိသော ဓမ္မတို့နှင့် ဆက်စပ်သောအဓိပ္ပါယ် မှတ်သားဖွယ်တို့ကို ဖွင့်ပြထားပါသည်။


[] အထက်သံယုတ်ပါဠိတော်၌လာသော သုတ်ပင်ဖြစ်ပါသည်။ ဤသုတ္တနိပါတ် လာ ကသိဘာရဒွါဇသုတ်တော်သည် သံယုတ်ပါဠိတော်လာ သုတ်ထက် ပြည့်စုံပါသည်။ နို့ဃနာဆွမ်းပုံ၊ နို့ဃနာဆွမ်းကို ရေထဲသို့ သွန်ပစ်ပုံ၊ ကသိဘာရဒွါဇပုဏ္ဏား ရဟန်းပြုပုံ၊ ရဟန္တာဖြစ်ပုံ အပိုင်းတို့သည် သံယုတ်ပါဠိတော်၌ မပါဝင်ပါ။

အဋ္ဌကထာဆရာတော်တစ်ပါးတည်းဖြစ်သဖြင့် စာကိုယ်ဖွင့်ပြချက်တူသော်လည်း အစီအစဉ်တချို့ ဖွင့်ပုံခြားနားချက်ကို တွေ့ရပါသည်၊ သုတ္တနိပါတအဋ္ဌကထာ၌ စာတည်းပုဂ္ဂိုလ်များ၏ချို့ယွင်းချက် ပုဗ္ဗကိစ္စအဖွင့်တွင် တွေ့နိုင်ပါသည်၊ နောက်ပိုင်းနှင့် “ဧဝံ မေ သုတံ” နိဒါန်းအဖွင့် ထုံးစံအတိုင်းဖြစ်ပါသည်။ အဋ္ဌကထာအဆုံး၌ “အရှင်ဘာရဒွါဇသည် မဟာသာဝကတစ်ပါးဖြစ်ကြောင်း”ကို ဖွင့်ဆိုထားပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads