ကံချွန် (ကာတွန်း)
မြန်မာ အမျိုးသား ကာတွန်းဆရာ၊ စာရေးဆရာ From Wikipedia, the free encyclopedia
Remove ads
ကာတွန်း ကံချွန် (၄ ဧပြီ ၁၉၄၆ - ၂၀ ဩဂုတ် ၂၀၀၉) သည် မန္တလေးသား ပန်းချီဆရာ၊ ကာတွန်းဆရာ နှင့်စာရေးဆရာ တစ်ဦးဖြစ်သည်။ သူသည် စာအုပ်ပေါင်း (၇၃)အုပ်၊ ဗွီဒီယို (၃)ကား၊ ကာတွန်းပေါင်းများစွာ ရေးဆွဲခဲ့သူလည်း ဖြစ်သည်။
Remove ads
ငယ်ဘဝ
ကာတွန်း ကံချွန် သည် ၁၉၄၆ ခုနှစ်၊ ဧပြီ (၄) ရက် တွင် မန္တလေးမြို့ ၌ အဘ ဦးဘဌေး နှင့် အမိဒေါ်အေးရွှင် တို့မှ မွေးဖွားခဲ့သည်။နာမည်အရင်းမှာ ကံချွန် ပင် ဖြစ်သည်။ မွေးချင်းညီအစ်ကို သုံးဦးရှိပြီး၊ညီအကိုများမှာ ကာတွန်း ဗိုလ်မောင်၊ ဓာတ်ပုံ လှဝင်းတို့ဖြစ်ကြသည်။ကာတွန်းကံချွန်တို့ ညီအစ်ကိုများသည် အစ္စလာမ် ဘာသာကို ကိုးကွယ်ကြသူများ ဖြစ်သည်။
မန္တလေးမြို့ အမှတ်(၃)အ.ထ.ကတွင် အထက်တန်းထိ ပညာသင်ကြားခဲ့သည်။ ကာတွန်း ကံချွန်သည် ၁၉၆၃-၁၉၆၄-ခုနှစ်တွင် မန္တလေးအနုပညာကျောင်း၌ ပန်းချီသင်တန်းတက်ရောက်ခဲ့ပြီး ဆရာကြီး ဦးကံညွန့်၊ ဦးချစ်မြဲ၊ ဦးအေးကျော်တို့ထံတွင် သင်ယူခဲ့သည်။ “မိ၊ မော်၊ မေ၊ မ” ကာတွန်းများရေးဆွဲခဲ့သူ ကာတွန်းဝင်းမောင်သည် ကာတွန်းကံချွန်၏ ဆရာရင်းဖြစ်သည်။
သူ၏ ပထမဆုံး ကာတွန်းမှာ ၁၉၆၉-ခု၊ အောက်တိုဘာလ ဟံသာဝတီ သတင်းစာတွင် ဖော်ပြခံခဲ့ရပြီး၊ ကြေးမုံ၊ ဗိုလ်တထောင်၊ လုပ်သား သတင်းစာများနှင့် ရှုထောင့် ဂျာနယ်၊ သတင်းဂျာနယ် တို့တွင် ကာတွန်းများ ရေးသားခြင်း၊ အလားတူ မိုးဝေ၊ ချယ်ရီ၊ ကလျာ၊ မဟေသီ စသည့်မဂ္ဂဇင်းများနှင့် မန္တလေးထုတ် ဂျာနယ်အများစုတွင်လည်း ကွယ်လွန်ချိန်အထိ ကာတွန်းများ ရေးသားခဲ့သည်။
သူသည် ပထမဆုံးဝင်ပြိုင်သည့် ရှုထောင့်ဂျာနယ်ကာတွန်း နှင့် ဦးဘဂျမ်းကာတွန်း တို့၌ ပထမဆုများ ရရှိခဲ့သည်အထိ ကာတွန်း လက်ရာမြောက်သည်။
Remove ads
စာရေးဆရာဘဝ
ကာတွန်းကံချွန် ရေးသားထုတ်ဝေခဲ့ပြီးသည့် စာအုပ်ပေါင်း ၇၃ အုပ်ရှိပြီး၊ နာမည်ကျော် စာအုပ်များထဲတွင် ခေတ်ကျောင်းသား၊ ကြားဖူးနားဝ ပုံပြင်များ၊ မန္တလေးမြို့က လူတွေအကြောင်း၊ အပျိုစင်တို့ သိသင့်သမျှ (၁) (၂) ၊ အမျိုးသားတို့ သိဖို့ မိန်းမတို့ အကြောင်း၊ စီးပွားရေး ဟာသ စသည့် စာအုပ်များမှာ လူသိများသည်။
သူ၏ ကာတွန်းဇာတ်ကောင်များ ဖြစ်ကြသည့် ဘ၊ ဘွားစွာ၊ ကိုပါရာနှင့် ကျော်မင်းဟန်တို့ကိုလည်း လူသိများသည်။ဘ၊ ဖွားစွာ၊ ကိုပါရာ၊ ကျော်မင်းဟန် အမည်ရှိ ကာတွန်းဇာတ်ကောင်များ ပါဝင်သော ကာတွန်းဇာတ်လမ်းများကို ပုံပမာ၊ ရုပ်စုံကမ္ဘာ၊ တွတ်ပီကမ္ဘာ အစရှိသည့် ကာတွန်းရုပ်စုံများတွင် ရေးဆွဲခဲ့သည်။ ယင်းအပြင် အဆိုပါ ကာတွန်းဇာတ်ကောင်များ ပါဝင်သော လုံချင်းကာတွန်းစာအုပ်များလည်း ထုတ်ဝေခဲ့သေးသည်။
ကာတွန်း ကံချွန်သည် ကာတွန်း၊ သရုပ်ဖော်ပုံ၊ ပန်းချီ တို့ ရေးဆွဲခြင်း အပြင် ဝတ္တု၊ ဆောင်းပါး၊ သရော်စာ တို့ကို ရေးသားခဲ့ပြီး ဗီဒီယို၊ရုပ်ရှင် ဒါရိုက်တာလည်း လုပ်ခဲ့ဖူးသည်။
မန္တလေးမြို့ဝန်းကျင်တွင် ဗွီဒီယို (၃) ကားခန့် ရိုက်ကူးခဲ့ပြီး နောက်ဆုံးရိုက်ကူးခဲ့သည့် လေဘာတီမမြရင် နှစ် (၁၀၀) ပြည့် အငြိမ့်ဗွီစီဒီအခွေမှာ ပရိသတ်အကြား အပျံ့အနှံ့ဆုံးဖြစ်ခဲ့သည်။
Remove ads
ပုဂ္ဂိုလ်ရေးဘဝ
သူသည် အိမ်ထောင်သည်တစ်ဦး ဖြစ်ပြီး၊စိန်စိန်ဦးဆိုသည့် သမီးတစ်ဦး ထွန်းကားခဲ့သည်။

ကိုယ်ပိုင်ပန်းချီပြခန်း
သူသည် ကိုယ်ပိုင်ပန်းချီပြခန်းကို ၁၉၉၆-ခုနှစ်တွင် တည်ထောင်ခဲ့သည်။
ဘဝနိဂုံး
ဆရာကံချွန်သည် အသည်းကင်ဆာဝေဒနာဖြင့် ၂၀၀၉ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်၊နေ့လယ်ပိုင်း ၃နာရီခွဲ တွင် မန္တလေးမြို့ ၌ ကွယ်လွန်ခဲ့သည်။မကွယ်လွန်မီ နာရီပိုင်းအလိုက မန္တလေးမြို့ Oriental House တွင် ကျင်းပသည့် ၎င်း၏ ကာတွန်း ကံချွန် တစ်ကိုယ်တော်ပြပွဲ ၂၀၀၉ ပန်းချီပြပွဲသို့ တက်ရောက်ခဲ့သေးပြီး၊နေအိမ်သို့ရောက်အပြီးမှ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ [၁]
ရေးသားထုတ်ဝေခဲ့သောစာအုပ်များ
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads