သော်က (ကာတွန်း)

From Wikipedia, the free encyclopedia

Remove ads

သော်ကသည် မြန်မာကာတွန်း ပညာရှင် တစ်ဦးဖြစ်သည်။ ကာတွန်း သော်ကသည် မြောင်းမြမြို့ အဖ ဦးအိမ်ထိုင် နှင့် အမိ ဒေါ်နှင်းနွယ်တို့မှ ၁၉၃၉-ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်တွင် မွေးဖွားသည်။ အမည်ရင်းမှာ ဦးတင့်လွင် ဖြစ်သည်။ အသက် ၂၀ အရွယ် ၁၉၅၉-ခုနှစ်တွင် ပေါ်ပြူလာ ကာတွန်းလစဉ် စာစောင်မှ စတင်၍ တရဲလေး အမည်ခံကာ ရေးဆွဲခဲ့သည်။

လက်ဦးဆရာမှာ မြောင်းမြမြို့၊ ဟိုက်စကူးကျောင်း ပုံဆွဲဆရာ ဝေလျှံစိန် ဖြစ်သည်။ ကာတွန်းပညာကို ဦးပေါမြ၊ ကာတွန်းအောင်ရှိန်‎ တို့ထံတွင် သင်ယူခဲ့သည်။

လျှို့ဝှက်သဲဖို မဂ္ဂဇင်းမှ စ၍ ရှုမဝ ရုပ်စုံမဂ္ဂဇင်း၊ ပေဖူးလွှာ၊ သပြေ၊ ချယ်ရီ မဂ္ဂဇင်းတို့တွင် ရေးဆွဲခဲ့သည်။ ဦးသော်က၏ အရိုင်း ဇာတ်ကောင်မှာ ကာတွန်းရုပ်စုံ လောကတွင် အထူးအောင်မြင် ကျော်ကြားသည်။

၎င်းတို့အနက် "အမေ"ဟူသော ရုပ်ပြစာအုပ် သည်အကြိမ်ပေါင်းများစွာ ရိုက်နှိပ်ထုတ်ဝေရသော စာအုပ်အဖြစ်သာမက နိုင်ငံခြားဘာသာသို့ပင် ပြန်ဆိုထုတ်ဝေခြင်းခံရသည်။ ကာတွန်းသော်က နောက်ထပ်ထင်ရှားသော ရုပ်ပြစာအုပ်သည် ချစ်လွန်းသူအမည်ရှိ ခွေး⁣ဇာတ်လမ်းဖြစ်သည်။ ၎င်းကို မူလက ချယ်ရီ မဂ္ဂဇင်းတွင် အခန်းဆက်ရေးဆွဲခဲ့သည်။ နောက်မှစာအုပ်အဖြစ် စုပေါင်းထုတ်ဝေခဲ့သည်။ ထိုစာအုပ်သည်လည်း စောင်ရေများစွာ ရိုက်နှိပ် ထုတ်ဝေရသော စာအုပ်အဖြစ် မြန်မာကာတွန်းလောက တွင်ထင်ရှားကျော်ကြားသည်။

ကာတွန်းသော်က သည် မဂ္ဂဇင်းများတွင် ကာတွန်းရေးဆွဲသောအခါ ထိုမဂ္ဂဇင်းနှင့် လိုက်ဖက်ညီသော အမည်နာမပေး၍ ရေးဆွဲလေ့ရှိသည်။ ဥပမာ ရှုမဝမဂ္ဂဇင်းတွင် ရေးဆွဲသောအခါ မေရှုမဝဟူသောအမျိုးသမီးဇာတ်ဆောင် အမည်ပေး၍ ရေးဆွဲလေ့ရှိသည်။

ကာတွန်းသော်ကသည် ကာတွန်းပညာနှင့် ပတ်သက်၍လည်းကောင်း၊ လူမှုရေး၊ အနုပညာရေးနှင့် ပတ်သက်၍လည်းကောင်း မိမိပတ်ဝန်းကျင်မှ လူများနှင့် ရင်းနှီးခင်မင်စွာပေါင်းသင်းဆက်ဆံလေ့ရှိသည်။ ထို့ကြောင့် ပတ်ဝန်းကျင်မှ အရွယ်စုံလူများက ကာတွန်းသော်က ဟုဆိုလျှင် ချစ်ခင်လေးစားကြသည်။ စာနယ်ဇင်း စာမျက်နှာ များတွင် ကာတွန်းဆရာ သော်ကအကြောင်းဆိုလျှင် စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာ၊ စာအုပ်ထုတ်ဝေသူ တို့က တခုတ်တရဝေဝေဆာဆာရေးဖွဲ့ကြသည်။

Remove ads

ဘဝနိဂုံး

၂၀ဝ၅ခုနှစ်၊ နိုဝင်ဘာလ(၂၉)ရက်နေ့၌ မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။

အထိမ်းအမှတ်ပွဲ

ကွယ်လွန်သူ ကာတွန်းဆရာကြီးဦးသော်က အမှတ်တရပြပွဲကို ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရန်ကုန်မြို့ ယောမင်းကြီးလမ်း (ယောက်လမ်း) ရှိ Gallery 65 တွင် ပြသခဲ့သည်။

ယင်းပြပွဲကို အော်ပီကျယ်က ဦးဆောင် ပြုလုပ်ခဲ့ပြီး ကာတွန်းဝင်းအောင်တို့က ဝိုင်းဝန်း ပံ့ပိုးပေးခြင်း ဖြစ်သည်။

ပြပွဲတွင် ကာတွန်းဦးသော်က၏ ရေဆေးကာတွန်းမူရင်းလက်ရာများ၊ လူကြိုက် များခဲ့သော အရိုင်းကာတွန်းစာအုပ် မူရင်းလက်ရာများ၊ ပုံကြမ်းအဆင့်ဆင့်ရေး ဆွဲခဲ့သောလက်ရာများ၊ မဂ္ဂဇင်းကာတွန်းများ၊ လစဉ်အခန်းဆက်ရေးဆွဲခဲ့သော ချက်ကြီးနှင့် အက်စ်အီး၊ ဆားပုလင်းကင်းကောင်၊ ချစ်သွေးနီ အပါအဝင် မူရင်း လက်ရာများ၊ ဖန်တီးရေးဆွဲခဲ့သော နာမည်ကြီးကြော်ငြာမူရင်းလက်ရာများ၊ ထုတ်ဝေခဲ့သော စာအုပ်များကို ပြသထားခဲ့သည်။

အရိုင်းကိုချစ်သည့်သူများအလွမ်းပြေစေရန်၊ ကာတွန်းဦးသော်က၏ မူရင်းလက်ရာများကို တန်ဖိုးထားသူများ သိမ်းဆည်းထားနိုင်ရန်၊ ကာတွန်း ဝါသနာပါသူများ ပညာယူနိုင်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်း ဖြစ်သည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads