အော်ပီကျယ်
မြန်မာ ကာတွန်းဆရာ From Wikipedia, the free encyclopedia
Remove ads
အော်ပီကျယ် သည် မြန်မာနိုင်ငံရှိ တကွက်ဟာသ၊ သရော်ကာတွန်းများကို ပြောင်မြောက်အောင် ရေးဆွဲနိုင်သူ နာမည်ကြီး ကာတွန်းဆရာတစ်ယောက် ဖြစ်သည်။
အော်ပီကျယ်ကို ၁၉၅၉ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် ပခုက္ကူခရိုင် ရေနံချပ်ရွာ၌ အဖဦးသောင်းစိန်နှင့် အမိဒေါ်ခင်အေးမှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဝင်းနိုင်ဖြစ်သည်။
၁၉၆၄ ခုနှစ်မှ ၁၉၈၂ ခုနှစ်ထိ ရန်ကုန် ဒွန်မော်စကိုကျောင်း၊ မိတ္ထီလာ ဒေါ်ပါကျောင်း၊ မန္တလေးလေ့ကျင့်ရေးကျောင်း၊ မန္တလေး အ.ထ.က(၁၆)နှင့် ရန်ကုန်စက်မှုတက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် စက်မှုအင်ဂျင်နီယာB.E(Mech)ဘွဲ့ကို ရရှိခဲ့သည်။
၁၉၈၁ ခုနှစ်တွင် မဂ္ဂဇင်းကြီးများတွင် ကာတွန်းရေးဆွဲခဲ့သည်။ ၁၉၈၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကားထုတ်လုပ်ရေး (အကြီးစားစက်မှုလုပ်ငန်း)အင်ဂျင်နီယာနှင့် ဆန်စက်အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၈၉ ခုနှစ်၊ ဧပြီလ ၄ ရက်မှစ၍ အချိန်ပြည့် ကာတွန်းဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ရံဖန်ရံခါ ကြော်ငြာဖန်တီးခြင်း၊ သရုပ်ဖော်ရေးဆွဲခြင်း၊ မျက်နှာဖုံးဒီဇိုင်း ပြုလုပ်ခြင်း၊ စီဒီပြုလုပ်ခြင်းများ လုပ်ကိုင်သည်။
၁၉၉၆ ခုနှစ်တွင် လန်ဒန်မြို့၌ ကွန်ပျူတာကာတွန်းရုပ်ရှင် (၃)လသင်တန်း တက်ရောက်ခဲ့သည်။ ၁၉၉၃၊ ၉၄၊ ၉၅၊ ၉၆-ခုနှစ်များတွင် မြို့နယ်စာဖတ်သင်းများ၊ စာချစ်သူများနှင့် မဂ္ဂဇင်းများကပေးသော ကာတွန်းဆုများကို ရရှိခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ဟားဗတ် တက္ကသိုလ် တက်ရောက်ခဲ့ပြီး MPA(ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုမဟာဘွဲ့) ရရှိခဲ့သည်။
Remove ads
ဟောပြော၊ ပြသခဲ့သော ပွဲများ
- ၁၉၉၃-ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ်၊ မန္တလေးစက်မှုတက္ကသိုလ်၊ ရန်ကုန်စက်မှုတက္ကသိုလ်အပါအဝင် မြို့အတော်များများသို့ စာပေဟောပြောပွဲများ သွားရောက်ဟောပြောခဲ့သည်။
- ၁၉၉၆-ခု၊ မေလတွင် အိုင်ယာလန်နိုင်ငံ၌ ကျင်းပသော နိုင်ငံတကာ ကာတွန်းပြိုင်ပွဲကို ပါဝင်ပြသခဲ့သည်။
- ၁၉၉၉-ခုနှစ်တွင် တိုကျို၌ ကျင်းပသော စတုတ္ထအကြိမ်မြောက် အာရှကာတွန်းပြပွဲသို့ ပါဝင်ပြသခဲ့သည်။
- ၂၀၀၇-ခုနှစ်၊ အောက်တိုဘာလတွင် ဆန္ဒပြ သံဃာတော်များကို ဆွမ်းကပ်လှူရာတွင် ပါဝင်ခဲ့၍ နာမည်ကျော် ကာတွန်းဆရာ အော်ပီကျယ်၏ ရုပ်ပြောင် ကာတွန်းများကို ပုံနှိပ် ဖြန့်ချိခွင့်ကို စစ်အစိုးရက ပိတ်ပင် လိုက်သည်။
- ၂ဝဝ၉-ခုနှစ်၊ ဇွန်လ ၅ရက်နေ့တွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိ နိုးကြားလာစေရန် ရည်ရွယ်ပြီး အနုပညာ ရှင် ၅ဝ ၏ ဖန်တီးမှုလက်ရာများ ကိုစုစည်း ပြသသည့် (ပတ်ဝန်းကျင်ထိန်းသိမ်းရေး အနုပညာ ပြပွဲ)Environment Art Exhibition အမည်ရှိ ပြပွဲတစ်ရပ်ကို ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ Myanmar Art Center (ယခင် ပန်းချီပန်းပုကျောင်း) ရန်ကုန်မြို့၌ စတင် ဖွင့်လှစ်ပြသခဲ့သည်။ ထိုပြပွဲတွင် ဆီဆေးဖြင့်သရုပ်ဖော်ထားသည့် နာမည်ကျော် ကာတွန်းဆရာ အော်ပီကျယ် ၏ ကာတွန်းလက်ရာတစ်ခုကို စိစစ်ရေးက ပန်းချီပြခန်းမှ အသိမ်းခံရသည်။
- ၂ဝဝ၉-ခုနှစ်၊ စက်တင်ဘာ ၁၃-ရက်တွင် သမ္မတဟိုတယ်၌ မိဘမဲ့ကလေးတွေကို ထောက်ပံ့ဖို့အတွက် ကလေးတို့ရဲ့ ပန်းချီပြိုင်ပွဲတွင်လည်း Professor Dr.ကျော်လင်းနှင့် အတူ ဟောပြောခဲ့သည်။
Remove ads
ထုတ်ဝေခဲ့သော စာအုပ်များ
- အော်ပီကျယ်ကာတွန်းများ(၁) (၁၉၉၀-ခုနှစ်)
- အော်ပီကျယ်ကာတွန်းများ(၂) (၁၉၉၄-ခုနှစ်)
- သိုးနှစ်ကောင် (ဇော်မောင် နှင့်) (၁၉၉၇-ခုနှစ်)
- ပြည်တွင်းဖြစ်ကာတွန်းများ ( ကံချွန်၊ ဝင်းအောင်၊ စောမင်းဝေ နှင့်) (၁၉၉၈-ခုနှစ်)
- Quotations (ဆရာကြွယ် နှင့်) (၁၉၉၉-ခုနှစ်)
မိသားစု
အိမ်ထောင်ရှိ၍ သားနှစ်ယောက်၊ သမီးတစ်ယောက်ရှိသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads