ဗကလေး (ကာတွန်း)
From Wikipedia, the free encyclopedia
Remove ads
ဦးဗကလေးသည် ၁၉၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အဖဦးစံလှ၊ အမိဒေါ်အေးပုံတို့မှ ရခိုင်ပြည်နယ် သံတွဲမြို့တွင် မွေးဖွားခဲ့သူတစ်ဦး ဖြစ်သည်။ သံတွဲဟိုက်စကူးကျောင်းမှ အခြေခံပညာအထက် တန်းအောင်မြင်ခဲ့ပြီး ၁၉၃၆ ခုနှစ် စစ်ကြိုခေတ် နောက်ဆုံးကာလတွင် မြန်မာပြည် ပန်းချီအသင်းကြီး၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ဦးငွေကိုင်၊ ဦးဘဂျမ်း၊ ဗိသုကာဦးသာထွန်း၊ ဆရာဆောင်၊ ဦးဗကြည်၊ ဦးဟိန်စွန်း၊ ဦးအုန်းလွင်၊ ဦးစံဝင်းအစရှိသော ပန်းချီကာတွန်းပညာရှင်များ နှင့်အတူ ပန်းချီကာတွန်းများ ရေးဆွဲ ခဲ့သည်။
ဦးဗကလေးကား ဦးနုရေးသော လူထုအောင်သံပြဇာတ် ကို သရုပ်ဖော် ပန်းချီဆွဲ၍ နိုင်ငံခြား အဖွဲ့အစည်းတစ်ခုမှ ဆေးရောင်စုံ/ စာမျက်နှာ အချောဖြင့် ထုတ်ဝေပေးသဖြင့် လူထုအောင်သံဖြင့်ပင် ဦးဗကလေးကား နာမည်ကြီးခဲ့သည်။ ဦးဗကလေးကား ကာတွန်းဆရာ အဖြစ် ရပ်တည်ခဲ့သည်။
သူရိယ၊ ရန်ကုန်၊ တိုးတက်ရေးသတင်း စာများနှင့် ဒီးဒုတ်ရယ်ရွှင်ဖွယ် ဂျာနယ်နှင့် အခြားဂျာနယ် မဂ္ဂဇင်းများတို့တွင် ကာတွန်း ရုပ်ပြောင်များ ရေးဆွဲခဲ့သည်။ ၁၉၅၅ ခုနှစ် တွင် ကလေးသတင်းစာ ထုတ်ဝေခဲ့ပြီး ဗြိတိသျဘားမား ညွန့်မြန်မာ ရုပ်ရှင်ကုမ္ပဏီအတွက် အဝီစိသံစုံသွင်း မြန်မာကာတွန်းရုပ်ရှင်ကား၊ ဘုန်းဝင်းရုပ်ရှင် ကုမ္ပဏီအတွက် ဖိုးလနတ်သား၊ ဒိုင်းမွန်းရုပ်ရှင် ကုမ္ပဏီအတွက် သဌေးမင်း၊ ရွှေခြင်္သေ့ရုပ်ရှင်ကုမ္ပဏီအတွက် ကော်ဇောပျံ၊ ဘီပီအိုင်ရုပ်ရှင် ကုမ္ပဏီအတွက် အိမ်ရှင်မ၊ ဒို့ရန်သူ ဆေးရောင်စုံ အသံထွက်ကာတွန်း ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးပေးခဲ့သည်။
လုံးချင်းဝတ္ထု၊ ဆောင်းပါး၊ ကာတွန်း၊ ပုံပြင် အမျိုးပေါင်း ၁၂ဝ ခန့် ထုတ်ဝေခဲ့ပြီး ၁၉၅၂ ခုနှစ် မနီလာတွင် ရိုက်နှိပ်ခဲ့သော လူထုအောင်သံ ဆေးရောင်စုံကာတွန်း စာအုပ် မှာ အကျော်ကြားဆုံး ဖြစ်ခဲ့သည်။
Remove ads
ဘဝနိဂုံး
ကာတွန်းဆရာကြီး ဦးဗကလေးသည် ရန်ကုန်မြို့၌ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ်ရှိပြီဖြစ်သည်။ [၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads