ကာရဏပါလီသုတ်
From Wikipedia, the free encyclopedia
Remove ads
[၁] ဘုရားရှင် ဝဇ္ဇီနိုင်ငံ ဝေသာလီမြို့တော်အနီး မဟာဝုန်တော ကူဋာဂါရသာလာ ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် -လိစ္ဆဝီမင်းတို့၏ လုပ်ငန်းတို့ကို ဆောင်ရွက် နေသော ကာရဏပါလီပုဏ္ဏားက -(၁) ရဟန်းဂေါတမ၏ ဉာဏ်ပညာထက်မြက်မှု အနေအထား၊ (၂) ရဟန်းဂေါတမ၏ ဂုဏ်ကျေးဇူးတို့ကို အမွန်အမြတ် အနေထား၍ ချီးမွမ်းပြောဆိုနေမှု၊ (၃) ရဟန်းဂေါတမကို သက်ဝင်ကြည်ညိုသည့်အတွက် ရနိုင်သော အကျိုးထူးများ မေးမြန်းသဖြင့် -(၁) အကောင်းဆုံးအရသာကိုသုံးဆောင်ရသဖြင့် တင်းတိမ်ကျေနပ်ပြီးသူ ဥပမာ၊ (၂) ဆာလောင်မှု, အားနည်းမှုတို့ နှိပ်စက်ခံနေရသည့် ပျားပျံ့ဆုပ်ရထားသူ ဥပမာ၊ (၃) စန္ဒကူးရွှေဝါ, စန္ဒကူးနီ စန္ဒကူးတုံးရထားသူ ဥပမာ၊ (၄) ဆင်းရဲချက်ပြင်းထန်သည့်ရောဂါ နှိပ်စက်ခံနေရသူ ဥပမာ၊ (၅) ကြည်လင် ချိုမြ ဖြူဖွေးသောရေ မွေ့လျော်ဖွယ် ရေဆိပ်ရှိသော ရေကန်ဥပမာတို့ဖြင့် အရှင်ဂေါတမ၏ သုတ္တ, ဂေယျ, ဝေယျာကရဏ, အဗ္ဘုတဓမ္မတို့ကို နာယူရသောကြောင့် အရှင်ဂေါတမအား သက်ဝင်ကြည်ညိုခဲ့ပုံတို့ကို အနာဂါမ် အရိယာသာဝက ပိင်္ဂိယာနီ ဗြာဟ္မဏဆရာကြီးက အကျယ်တဝင့် ဖြေကြားခဲ့ပါသည်။ ။
ထိုဖြေကြားချက်များကို ကြားနာပြီး ကာရဏပါလီဗြာဟ္မဏကြီးက နမော တဿ-သုံးကြိမ်ရွတ်ဆို၍ ဘုရားရှင်ရှိရာသို့ လက်အုပ်ချီမိုး ကန်တော့ပြီး ဗုဒ္ဓဘာသာအဖြစ် ပီင်္ဂိယာနီဗြာဟ္မဏဆရာ အထံ၌ ခံယူသွားပုံကို ပြဆိုသည့်သုတ်။
အဋ္ဌကထာ၌-ကာရဏပါလီပုဏ္ဏားနှင့် ပင်္ဂိယာနီပုဏ္ဏားတို့ အကြောင်း၊ နှိုင်းယှဉ်တိုင်းတာရာ၌ သိသင့်သောအချက်၊ ဥပမာပြုရာ၌ လိုက်နာဖွယ်၊ ချီးမွမ်းရာ၌ သိသင့်သော အရာများ၊ အဂ္ဂရသ လေးမျိုး၊ ဥဒါန-အဖွင့်များကို ဖွင့်ဆိုထားပါသည်။ [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads