ကာလအတိက္ကမနသိက္ခာပုဒ်
From Wikipedia, the free encyclopedia
Remove ads
အမှု—သင်္ကန်းအပေါ် (ရလိမ့်မည်ဟု) အားနည်းသော မျှော်လင့်ချက်ဖြင့် သင်္ကန်းကာလကို လွန်စေမှု။
အမှုသည်—ထုလ္လနန္ဒာ။[၁]
ထုလ္လနန္ဒာကို ပြုစုလုပ်ကျွေးသောအိမ်မှ သားတို့သည် “တပည့်တော်တို့ တတ်နိုင်လျှင် ဘိက္ခုနီသံဃာအား သင်္ကန်း လှူကြပါလိမ့်မည်”ဟု လျှောက်ထားဖူး၏၊ ထိုသို့လျှောက်ထားဖူးခြင်းကို “သင်္ကန်းရလိမ့်မည်”ဟု “ဘိက္ခုနီဘက်က မျှော်လင့်ရသောအချက်တည်း၊ သို့သော် တတ်နိုင်လျှင်”ဟူသော ဝိသေသကြောင့် ထိုမျှော်လင့်ချက်သည် သေချာသော မျှော်လင့်ချက်မဟုတ်၊ အား နည်းသော မျှော်လင့်ချက်ဖြစ်သည်။
သင်္ကန်းကာလ၌ ရှိနေသမျှ သင်္ကန်းသည်။ ထိုကျောင်းတိုက်အတွင်းမှာ ပထမဝါ၌ ဝါဆိုဝါကျွတ်သော သံဃာနှင့် သာဆိုင်၏။ ထို့ကြောင့် ထိုကျောင်းတိုက်၌ ပထမ ဝါကျွတ်သော ဘိက္ခုနီသံဃာသည် သံဃိကသင်္ကန်းကို ခွဲခြမ်းဝေဖန်မည်ဟု စည်းဝေးကြသောအခါ ထုလ္လနန္ဒာက “မဝေကြပါသေးနှင့် နောက်ထပ် သင်္ကန်းရစရာ မျှော်လင့်ချက်ရှိပါသေးသည်”ဟု ပြောဆို၍ ထိုသင်္ကန်းရမှ ရော၍ဝေဖို့ တားမြစ်ထားလေသည်။
ထိုသို့ တားမြစ်ထားသောကြောင့် သင်္ကန်းကာလ လွန်သွားရကား ထိုသင်္ကန်းများသည် ပထမဝါကျွတ်သော သံဃာသာမက, အားလုံး လာလာသမျှ သံဃာနှင့်ဆိုင်သွားသဖြင့် ပထမဝါကျွတ်သော သံဃာတို့မှာ နောက်ထပ်ရမည့်သင်္ကန်းက အမှန်ရလျှင် ဝေသောအခါ အရနည်းဖွယ် မရှိပါ၊ နောက်ထပ်ရမည့်သင်္ကန်းက မရလျှင် ဝေသောအခါ အရနည်းဖွယ် ရှိ၏၊ ထို့ကြောင့် “ထိုမျှော်လင့်ချက် သင်္ကန်းကို စုံစမ်းပါ”ဟု ထုလ္လနန္ဒာကို တိုက်တွန်းကြ၍ စုံစမ်းသောအခါ မလှူနိုင်တော့ကြောင်းကို သိရသဖြင့် ထုလ္လနန္ဒာကို ဝိုင်း၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
Remove ads
ယာ ပန ဘိက္ခုနီ ဒုဗ္ဗလစီဝရပစ္စာသာယ စီဝရကာလသမယံ အတိက္ကာမေယျ, ပါစိတ္တိယံ။
သင်္ကန်းရဖို့ရာ အားနည်းသော မျှော်လင့်ချက်ဖြင့် သင်္ကန်းကာလ သမယကို လွန်စေသော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။
“လှူမည်လို့တော့ မသေမချာ လျှောက်ထားပါတယ်, သို့သော် သူတို့မှာ အလုပ်အကိုင် အရောင်းအဝယ်ကောင်း၍ ပစ္စည်းတက်နေသောကြောင့် သို့မဟုတ် သဒ္ဓါတရားကောင်းသော ဒါယကပြန်ရောက် လာသောကြောင့် ဧကန်လှူဖြစ်စရာရှိပါတယ်” စသည်ဖြင့် အကျိုး အကြောင်းပြောပြ၍ တားမြစ်ထားလျှင် အနာပတ္တိ။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
