ကာလံ ဒေသံ အဂ္ဃံ ဓနံ

From Wikipedia, the free encyclopedia

Remove ads

ကာလံ ဒေသံ အဂ္ဃံ ဓနံ သည် မြန်မာဆိုရိုးစကားတစ်ခုဖြစ်သည်။

အဓိပ္ပာယ်

ပစ္စည်းတန်ဖိုးကို အချိန်အခါ၊ နေရာဒေသလိုက်၍ ဆုံးဖြတ်ရသကဲ့သို့ အချို့သော လူမှုကိစ္စများကိုလည်း အချိန်အခါ၊ နေရာဒေသအလိုက် ဆောင်ရွက်ကြရသည်။ ဆိုလိုသည်မှာ ကိစ္စရပ်တစ်ခုကို ဆောင်ရွက်ရာတွင် အချိန်အခါနှင့် နေရာဒေသ၏ အရေးပါမှုကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ဖော်ပြသည်။ (ကာလံ - အချိန်အခါ၊ ဒေသံ - နေရာဒေသ၊ အဂ္ဃံ - တန်ဖိုး၊ ဓနံ - ပစ္စည်းဥစ္စာ။)

ကိုးကား

ကာလံဒေသံ၊ အဂ္ဃံဓန၊ ရှေးကထုံးမှီး၊ ယူသီးဝတ္ထု၊ []

နည်းအဖြာဖြာ၊ အရာရာကို၊ ပညာဝေဖန်၍၊ ကာလံ ဒေသံ၊ အဂ္ဃံ ဓနံ၊ ပရိဘောဂံ၊ ဤငါးတန်တွင်၊ ဆုတ်ရန်သည်တစ်မျိုး၊ တိုးတန်သည်အနီး၊ အသီးသီးပင်၊ []

ဖြစ်ချိန်ဖြစ်ရာ၊ တန်ဖိုးပါနှင့်၊ ဥစ္စာဟောင်းသစ်၊ စိစစ်ထုံးစံ၊ ကုံလောက် ငံအောင်၊ ကာလံ ဒေသံ၊ အဂ္ဃံ ဓန၊ နည်းပြစဉ်လာ၊ မဟာပဒေသလေးပါး၊ သတိထားလော့၊ []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads