ကားလ် ယွန်း

From Wikipedia, the free encyclopedia

ကားလ် ယွန်း
Remove ads

ကားလ်ဂတ်စတေ့ယွန်းသည် ဆွမ်လူမျိုး စိတ်ပညာရှင် တစ်ဦး ဖြစ်၍၊ စိတ်ခွဲခြားစိစစ်ရေး ပညာပါရဂူ ဆစ်ဂမန် ဖရွိုက် နှင့်အတူ စိတ္တဇရောဂါဆိုင်ရာ အခြေခံအကြောင်းရင်းများကို ဆည်းပူးလေ့လာခဲ့သူ ဖြစ်သည်။

Thumb


ကားလယွန်းသည် ၁၈၇၅ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဗားလမြို့၌ ဖွားမြင်၏။ ဗားလတက္ကသိုလ်မှ ဆေးပညာဘွဲ့ကို ရရှိပြီးနောက် ပဲရစ်မြို့သို့ သွား ရောက်၍ ပညာဆက်သင်လေသည်။ ထို့နောက် ဆစ်ဂမန် ဖရွိုက် ထံ၌ တပည့်ခံ၍ စိတ်ပညာရပ်များကို ဆည်းပူးသည်။

ယွန်းသည် ဆွစ်ဇာလန်နိုင်ငံသို့ ပြန်ရောက်သောအခါ ဇူးရစ်မြို့ရှိ စိတ်ရောဂါကုဆေးရုံ၌ ဆရာဝန်အဖြစ် ဆောင်ရွက်ယင်း၊ ဇူးရစ်တက္ကသိုလ်တွင် စိတ်ရောဂါပညာရပ်ကို သင်ကြားပို့ချလေသည်။ ထိုသို့ ဆောင်ရွက်နေစဉ် ယွန်းသည် ဖရွိုက်၏ စိတ်ခွဲခြားစိစစ်ရေး နည်းစံနစ်ကို အားလုံး လက်မခံနိုင်သဖြင့် နည်းစံနစ်သစ်ကို တီထွင်ခဲ့လေသည်။ ယွန်းတီထွင်သော စိတ်ခွဲ ခြား စိစစ်ရေးနှင့်ဆိုင်သည့် နည်းစံနစ်သစ်မှာ အနဲလစ်တစ်ကယ် စိတ်ပညာဟု အမည်တွင်လေသည်။

ယွန်းသည် လူတို့ကို အဓိကအားဖြင့် နှစ်မျိုးနှစ်စား ခွဲခြားပြ၏။ တစ်မျိုးမှာအင်ထရိုဗက်ခေါ် အတွင်းအသိ စိတ်၏ လှုံ့ဆော်မှုကို စွဲ၍ ကျင့်ကြံတတ်သူများ ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးသည် အပေါင်းအသင်း မဝင်ဆံ့ဘဲ အထီးတည်း နေထိုင်ကျင့်ကြံလေ့ရှိကြသည်။ အပြင်ပန်းအားဖြင့် စိတ်တွင်ထိခိုက် လှုပ်ရှားဟန် မတွေ့ရချေ။ ကျန်တစ်မျိုးမှာ အိပ်စထရိုဗတ်ခေါ် ပြင်ပပတ်ဝန်းကျင် အခြေအနေကို လိုက်၍ ကျင့်ကြံတတ်သူများ ဖြစ်သည်။ ထိုကဲ့သို့သော စိတ်မျိုးရှိသူသည် အပေါင်းအသင်း ဝင်ဆံ့၏။ မိမိတို့၏ အတွင်းစိတ်၌ ဖြစ်ပေါ်သော စိတ်လှုပ်ရှားမှုကို အလွယ်တကူ ထုတ်ဖော်ပြသတတ်၏။ အာရုံစံခားမှုကို နှစ်သက်၏။ ယွန်းသည် စိတ်ပညာဆိုင်ရာ စာအုပ်များစွာကို စိတ်ခွဲခြား စိစစ်ရေး ပညာအသင်းကို ၁၉၁၁ ခုနှစ်တွင် တည်ထောင်ခဲ့၏။ ယွန်းရေးခဲ့သော စာအုပ်များအနက် ဆိုက်ကို အနဲလစ်ဆစ် (၁၉၁၂)၊ မသိစိတ် အကြောင်း (၁၉၁၆) အနဲလစ်တစ်ကယ် ဆိုက်ကိုလိုဂျီ(၁၉၁၇)တို့မှာ ထင်ရှားသော စိတ်ပညာစာအုပ် အချို့ ဖြစ်သည်။၁၉၄၃ ခုနှစ်တွင် ဗားလတက္ကသိုလ်၌ ပါမေက္ခ အဖြစ် ခန့်အပ်ခြင်းခံရသည်။ ကားလဂတ်စတေ့ ယွန်းသည် ၁၉၆၁ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ကွယ်လွန်သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads