ကားလ် လင်းနီးယပ်

ဆွီဒင်နိုင်ငံသား ရုက္ခဗေဒပညာရှင်၊ ရူပဗေဒပညာရှင်နှင့် သတ္တဗေဒပညာရှင် From Wikipedia, the free encyclopedia

ကားလ် လင်းနီးယပ်
Remove ads

ကားလ် လင်းနီးယပ် (အင်္ဂလိပ်: Carl Linnaeus) သည် ဆွီဒင်လူမျိုး ဇီဝဗေဒပညာရှင်တစ်ဦး ဖြစ်သည်။ သူသည် ရုက္ခဗေဒ နှင့် သတ္တဗေဒ နှစ်မျိုးလုံးကို အထူးတလည် လေ့လာလိုက်စားခဲ့၍ ဒွိနာမစနစ် ပါဝင်သည့် ခေတ်သစ်ဇီဝဗေဒ အမည်ပေးစနစ်ကို စွန့်ဦးဖော်ထုတ်ခဲ့သူ ဖြစ်ရာ သူ့ကို ခေတ်သစ်အမည်ပေးစနစ်၏ ဖခင်ကြီး (The Father of Modern Taxonomy) ဟု လူသိများထင်ရှား၏။ ထို့အပြင် ခေတ်သစ် ဂေဟဗေဒ၏ ဖခင်ကြီးဟုလည်း သမုတ်သေးသည်။ သူပြုစုရာ စာစုအများဆုံးကို လက်တင်ဘာသာဖြင့် တွေ့ရသည်။ သူသည် ဆေးလက်တွေ့ပါရဂူဘွဲ့ကို နယ်သာလန်နိုင်ငံတွင် ရယူခဲ့ပြီး ဆရာဝန် သမားတော်တစ်ဦးအဖြစ်လည်း ရပ်တည်ခဲ့ဖူး၏။

အချက်တိုများ ကားလ် လင်းနီးယပ် (Carl von Linné), မွေးဖွား ...
Remove ads

ငယ်ဘဝ နှင့် ပညာရေး

သူ့ကို ဆွီဒင်နိုင်ငံ တောင်ပိုင်းရှိ စမြွက်လန်ကျေးလက်ဒေသ၊ ရီးရှားရွာတွင် မွေးဖွားသည်။ သူ၏အထက်တန်းပညာရေးကို အပ်စလာ တက္ကသိုလ်တွင် သင်ကြားခဲ့ပြီး သူ့အသက် ၂၃ အရွယ် ၁၇၃၀ ခုနှစ်တွင် တက္ကသိုလ် ဒုတိယနှစ်ကျောင်းသားပင် ဖြစ်လင့်ကစား ရုက္ခဗေဒ တက္ကသိုလ်ဆရာအဖြစ် စာသင်ကြားပို့ချခဲ့ဖူး၏။ အသက် ၂၈ ကျော်လွန်သော် ၁၇၃၅ မှ ၁၇၃၈ အတွင်း နိုင်ငံရပ်ခြား(နယ်သာလန်)တွင် ဆေးလက်တွေ့ပါရဂူဘွဲ့အတွက် ပညာဆက်လက်သင်ကြားပြီး သူ၏ ပထမဆုံးစာအုပ်အဖြစ် Systema Naturae အမည်ရှိ ဇီဝဗေဒဆိုင်ရာ အမျိုးအစားခွဲခြားနည်းစာအုပ်ကို ၁၇၃၅ တွင် နယ်သာလန်နိုင်ငံ၌ စတင်ပုံနှိပ်ထုတ်ဝေခဲ့သည်။[][]

Remove ads

ပါမောက္ခချုပ် ဖြစ်ခဲ့ခြင်း

ထို့နောက် ဆွီဒင်နိုင်ငံသို့ ၁၇၃၈ ဇွန်လ ၂၈ တွင် ပြန်လာခဲ့ပြီး ဆေးပညာနှင့်ရုက္ခဗေဒ၏ ပါမောက္ခတစ်ဦး ဖြစ်လာခဲ့၏။ ၁၇၄၀ နောက်ပိုင်းတွင် ဆွီဒင်နိုင်ငံတစ်ဝန်း ခရီးရှည်များထွက်ပြီး အပင်နှင့်တိရစ္ဆာန်များကို ရှာဖွေကာ အမျိုးအစားခွဲခြားခဲ့သည်။ အသက် ၄၃ နှစ်အရွယ် ၁၇၅၀ တွင် လင်းနီးယပ်သည် အပ်စလာ တက္ကသိုလ်၏ ပါမောက္ခချုပ် ဖြစ်ခဲ့၏။ သူစာသင်ကြားရာတွင် တပည့်အများအပြားက ကြိုက်နှစ်သက်ကြပြီး ကမ္ဘာတစ်ဝန်းရှိ အပင်မျိုးစိတ် နမူနာများကို ရယူစေကာ အတော်ဆုံးတပည့်များကို သူ၏ apostles များဟု ချီးမွမ်းလေ့ရှိသည်။ သူ့တပည့်များကို ကိုယ်တိုင် ဆန်းစစ်တတ်ရန် သင်ကြားလေ့ရှိပြီး သူအပါအဝင် မည်သူပြောသည်ကိုမျှ လွယ်လင့်တကူ မယုံကြည်ကြစေရန် သွန်သင်တတ်၏။ ၁၇၅၀ နှင့် ၁၇၆၀ ဝန်းကျင်တွင် တိရစ္ဆာန်များ၊ အပင်များ၊ သတ္တုဓာတ်များကို စုဆောင်းကာ အမျိုးအစားခွဲခြားပြီး စာစောင်အတွဲပေါင်းများစွာ ရိုက်နှိပ်ထုတ်ဝေခဲ့၏။

Remove ads

နောက်ဆုံး ကျန်းမာရေး

၁၇၇၂ ဒီဇင်ဘာတွင် ကျန်းမာရေးချို့တဲ့လာသဖြင့် ပါမောက္ခချုပ်အဖြစ်မှ အငြိမ်းစားယူခဲ့သည်။ ၁၇၇၃ တွင် တင်ပါးဆုံကြော ရောင်ရမ်းနာ ဝေဒနာကို ခံစားခဲ့ရကာ နောက်တစ်နှစ်အတွင်း ကိုယ်တစ်ခြမ်း လေဖြန်းခဲ့ရ၏။ ၁၇၇၆ တွင် ဒုတိယအကြိမ် လေဖြတ်ရောဂါကို ခံစားခဲ့ရပြီး ညာဘက်တစ်ခြမ်းလုံး မလှုပ်ရှားနိုင်တော့ချေ။[] သူ၏ မှတ်ဉာဏ်များလည်း ပျောက်ဆုံးခဲ့ရတော့သည်။ သူကိုယ်တိုင်ရေးခဲ့သော စာများကိုပင် မမှတ်မိတော့။[][] ၁၇၇၇ တွင် နောက်တစ်ကြိမ် လေဖြတ်ရာ ၁၇၇၈ ဇန္နဝါရီ ၁၀ ရက် သူ၏အသက် ၇၁ မပြည့်မီ ကွယ်လွန်ခဲ့သည်။

သူ၏ အောင်မြင်မှု

သူကွယ်လွန်ချိန်၌ သူ့ကို ဥရောပတွင် ဂုဏ်ပြုထိုက်သော သိပ္ပံပညာရှင်များအနက် တစ်ဦးအပါအဝင်ဖြစ်ကြောင်း ကြေညာခဲ့သည်။ လင်းနီးယပ်ကွယ်လွန်ပြီးနောက်ပိုင်း ၁၈ ရာစုအတွင်း လင်းနီးယပ်၏ အမျိုးအစားခွဲနည်းပညာသည် ဇီဝဗေဒတွင် ကျယ်ပြန့်ခဲ့ရာ ယခုခေတ်အထိ တွင်ကျယ်နေဆဲ ဖြစ်သည်။ လင်းနီးယပ်တည်ဆောက်ခဲ့စဉ်က လောက (Kingdom) သုံးခုသာ ရှိခဲ့သည်။ လောကအောက်တွင် မျိုးပေါင်းစု (Phylum/Division) တို့ကို မတွေ့ရသေးဘဲ မျိုးခွဲ (class) အဖြစ် ခွဲခြားထားခဲ့သည်။ မျိုးစဉ် (Order) ပါဝင်ခဲ့သော်လည်း ၎င်းအောက် မျိုးရင်း (Family) မပါဝင်သေးချေ။ ခေတ်သစ် အမျိုးအစားခွဲနည်းပညာတွင်မူ အဆိုပါ မျိုးပေါင်းစုနှင့်မျိုးရင်းတို့ ပါဝင်လာခဲ့သည်။

သူ၏ သမိုင်းဝင် အောင်မြင်မှုများထဲမှ တစ်ခုကို ဆိုရသော် ၂၀၁၄ ခုနှစ်အတွင်း ဝီကီပီးဒီးယား တွင် ဘာသာစကား ၂၄ မျိုးဖြင့် ဆောင်းပါးပေါင်းများစွာ ပြင်ဆင်တည်းဖြတ်ကြသည်ဖြစ်ရာ အများဆုံး ပြင်ဆင်တည်းဖြတ်သော စာမျက်နှာ ၁၀၀ အနက် လင်းနီးယပ်၏ သမိုင်းဝင်အကြောင်းစာမျက်နှာသည် ထိပ်ဆုံးတွင် ရပ်တည်ခဲ့သည်။[][]

Remove ads

မှတ်စုများ

  1. ကားလ် လင်းနီးယပ်သည် ဆွီဒင်ပြက္ခဒိန်အရ ၁၇၀၇ ခုနှစ် မေလ ၁၃ ရက် သို့မဟုတ် ယခုခေတ် ပြက္ခဒိန်အရ မေ ၂၃ ရက်နေ့တွင် မွေးဖွားသည်။ ဂျူလီယန်ပြက္ခဒိန်အရ မေ ၁၂ ရက် ဖြစ်သည်။ (Blunt 2004, p. 12)

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads