ကိုလံဘိုမြို့
From Wikipedia, the free encyclopedia
Remove ads
ကိုလံဘိုမြို့သည် သီရိလင်္ကာနိုင်ငံ၏ အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ကျွန်း၏ အနောက်ဘက်ကမ်းရိုးတန်းတွင်တည်ရှိသည်။ သီရိလင်္ကာနိုင်ငံ၏ မြို့တော်ဖြစ်သော သီရိဇေယျဝဓနပူရကိုတဲမြို့၏ အနီးတွင် တည်ရှိသည်။ သီရိ ဂျာယာဝါဒန္ဒပူရ ကိုတဲမြို့သည် ကိုလံဘိုမြို့ပြ ဒေသအတွင်းမှ မြို့တစ်ခုသာ ဖြစ်သဖြင့် ကိုလံဘိုမြို့အား သီရိလင်္ကာနိုင်ငံ၏ မြို့တော် အဖြစ် အမြဲတစေ ရည်ညွှန်းလေ့ ရှိကြသည်။ ကိုလံဘိုသည် လူအများ ပျားပမ်းခတ်မျှ သွားလာ လှုပ်ရှားနေလေ့ ရှိကြသော မြို့တစ်မြို့ ဖြစ်ပြီး ခေတ်သစ် လူနေမှုနှင့် ကိုလိုနီခေတ် အဆောက်အဦး အပျက်အစီးများ ပေါင်းစပ်ထားသော မြို့တစ်မြို့ ဖြစ်သည်။ ကိုလံဘို ခရိုင်၊ ဂမ်ပဟာ ခရိုင် နှင့် ကာလုထရာ ခရိုင်တို့ ပါဝင်သော ကိုလံဘို မက်ထရိုပိုလစ်တန် ဒေသတွင် ခန့်မှန်းခြေ လူဦးရေ အားဖြင့် ၅,၆၄၈,၀၀၀ ဦး ခန့် ရှိပြီး ဧရိယာ အားဖြင့် ၃၆၉၄.၂ စတုရန်းကီလိုမီတာမျှ ရှိသည်။ ဒေသဆိုင်ရာ စာရင်းဇယားများ အရ ကိုလံဘို၊ ဂမ်ပဟာ နှင့် ကာလုထရာတို့ ပါဝင်သော အနောက်ဘက် ဒေသတွင် လူတစ်ဦးချင်း ဝင်ငွေ အားဖြင့် အမေရိကန် ဒေါ်လာ ၃,၈၀၈ မျှ ရှိပြီး တောင်အာရှ ဒေသတွင် လူတစ်ဦးချင်း ဝင်ငွေ အားဖြင့် အမြင့်ဆုံးသော မှတ်တမ်း ဖြစ်သည်။ သီရိ ဂျာယာဝါဒန္ဒပူရ ကိုတဲမြို့ကို မြို့ပြ အဖြစ် မသတ်မှတ်ခင် အချိန်က ကိုလံဘိုမြို့သည် သီရိလင်္ကာနိုင်ငံ၏ နိုင်ငံရေး မြို့တော် ဖြစ်ခဲ့သည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads