ကိုးခန်းဇရပ်ကြီး

From Wikipedia, the free encyclopedia

Remove ads

အမည်

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့တွင် ရန်အောင်(၁) ရပ်ကွက်ရှိ ကိုးခန်းကြီးဇရပ်နှင့် ဆင်ဖြူတောင်ခြေရှိ ကိုးခန်းကြီးဇရပ်ဟူ၍ ကိုးခန်းကြီးဇရပ် ကျောင်းဆောင် (၂) ဆောင်ရှိသည်။ အခန်းပေါင်း( ၉ )ခန်းထည့်သွင်းဆောက်လုပ်ထားခြင်းကိုအစွဲပြုကာ ကိုးခန်းကြီးဟု အမည်မှည့်ခေါ်ကြသည်။

အလှူရှင်

ဆင်ဖြူတောင်ခြေရှိ ကိုးခန်းကြီးဇရပ်ကို ရသေ့ကြီး ဦးခန္တီက ဦးဆောင်၍ (၁၉၃၁) ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ ပျဉ်းမနားမြို့တွင်းရှိ ကိုးခန်းကြီးဇရပ်နှင့် တစ်နှစ်တည်းအတူ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။။ အဆိုပါ ကိုးခန်းကြီး ဇရပ် နှစ်ဆောင်လုံးကို ပျဉ်းမနားမြို့မှ သူဌေးဦးလန်းနှင့် ဒေါ်မမလေးတို့မှ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ပျဉ်းမနားမြို့တွင်းရှိ ကိုးခန်းကြီးကို ပထမ လယ်တီဆရာတော်ကြီး၏ တပည့်၊ သူဌေးဦးလန်းတို့၏ မွေးစားသား၊ ဆရာတော် ဦးဉေယျအား လှူဒါန်းခဲ့ပြီး၊ ဆင်ဖြူတောင်ကိုးခန်းကြီးကို ရသေ့ကြီး ဦးခန္တီအား လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ၎င်း ဆင်ဖြူတောင် ကိုးခန်းကြီးဇရပ်ကြီးတွင် ကိုလိုနီခေတ် လက်ရာ ငါးရာ့ငါးဆယ် ဇာတ်တော်များ၊ကောသလမင်း အိပ်မက်ခန်း ပန်းချီကားချပ်များကို ပြုပြင်ထိန်းသိမ်းမှု အားနည်းကာ ဆေးရောင်မထင်မရှားနှင့် ပျက်ပြယ်လုနီးပါးဝမ်းနည်းဖွယ်ရာ မြင်တွေ့သည်။ ဇရပ်၏ကြမ်းပြင်ပေါ်တွင် ရေညှိများကိုတွေ့ရပြီး ရေတက်ချိန်တွင် ဇရပ်ပေါ်အထိ ရေတက်ကြောင်းကို သိရှိနိုင်သည်။

ဇရပ်ကြီးဘေးတွင် ဗမာ့ခေတ် ဦးအုန်းခင် နှင့် ဒေါ်ခင်ခင်လေးတို့ လှူဒါန်းထားသော မီးစက်ကြီးကို တွေ့ရှိရသည်။ ဗမာ့ခေတ် ဦးအုန်းခင်ဆိုသည်မှာ ပါလီမန်ခေတ်က တန်ခိုးထက်သော နိုင်ငံ့ခေါင်းဆောင်၊ နိုင်ငံရေးသမား တစ်ယောက်ကို ကျော်ငြိမ်း ... ငါ့ညီ မင်း ငယ်ပါသေးတယ်ဟူသည့် စာအုပ်ရေးသားခဲ့သော ဗမာ့ခေတ်သတင်းစာတိုက်ပိုင်ရှင် သတင်းစာဆရာကြီး တစ်ဦးဖြစ်သည်။ သူ့မိန်းမ ဒေါ်ခင်ခင်လေးဆိုသည်မှာလည်း စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေးဖြစ်သည်။ဤအချက်ကိုထောက်ဆ၍ ဆင်ဖြူတောင်ခြေရှိကိုးခန်းကြီးဇရပ်သည် တစ်ခေတ်တစ်ခါက အလွန်စည်ကားခဲ့ကြောင်းကို မှန်းဆကြည့်နိုင်သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads