ကိံသုကောပမသုတ်

From Wikipedia, the free encyclopedia

Remove ads

[] မဂ်ဉာဏ်, ဖိုလ်ဉာဏ်တို့၏ ကိလေသာမှစင်ကြယ်သောဉာဏ်အမြင်ဖြစ်ပုံကို ပြောဆိုနေကြသောရဟန်းတို့၏စကားကို ကြားသိရသော အညတရ ရဟန်းသည် “မိမိလည်း ကိလေသာတို့မှ စင်ကြယ်သောဉာဏ်အမြင်ဖြင့် အရဟတ္တဖိုလ်၌တည်လျက် စင်ကြယ်သောဉာဏ်အမြင်ရှိလျက် နိဗ္ဗာန်ကို မျက်မှောက်ပြုအံ့”ဟု နှလုံးသွင်းလျက် -ဆဖဿာယတနကမ္မဋ္ဌာနိက ရဟန်း၊ -ပဉ္စက္ခန္ဓကမ္မဋ္ဌာနိက ရဟန်း၊ -မဟာဘူတကမ္မဋ္ဌာနိက ရဟန်း၊ တေဘူမကကမ္မဋ္ဌာနိက ရဟန်းတို့ထံ ချဉ်ကပ်ပြီး “စင်ကြယ်သော ဉာဏ်အမြင်ကို “မေးလျှောက်ရာ ထိုရဟန္တာရဟန်းလေးပါးတို့သည် မိမိတို့သိမြင်ရရှိ သော မဂ်ဉာဏ်အမြင်ကို ဖြေကြားကုန်၏၊ ထိုဖြေကြားချက်များကို အားမရ မကျေနပ် သော အညတရ ရဟန်းသည် ဘုရားရှင်ထံ သွားရောက်ပြီး “စင်ကြယ်သောဉာဏ် အမြင်နှင့် ဆက်စပ်၍ ထိုရဟန်းလေးပါးတို့ဖြေကြားသော အဖြေများကို ပြန်လည် လျှောက်ထားပြီး “စင်ကြယ်သောဉာဏ်အမြင်ကို” ဘုရားရှင်အား မေးမြန်းလေ၏။ ဘုရားရှင်က “ပေါက်ပင်ကိုမမြင်ဖူးသောယောက်ျားက မေးမြန်းသဖြင့် ပေါက် ပင်၏ ပင်စည်တည်နေပုံ ပေါက်ပွင့်အဆင်း၊ ပေါက်ပင်၏ အသီးများ၊ ပေါက်ပင်၏ အရွက်များ တည်နေပုံတို့ကို ဖြေကြားသော ယောက်ျားလေးယောက်တို့၏ အဖြေကို မကျေနပ်သောသူကဲ့သို့၊ မဂ်, ဖိုလ်ကို ရရှိကြပြီးသော ထိုသူတော်ကောင်းတို့၏ ဉာဏ် အမြင်စင်ကြယ်ပြီးပုံ၊ ထိုသူတော်ကောင်းတို့သည် မှန်ကန်စွာဖြေဆိုကြပုံကို မိန့်ကြားတော်မူပြီး၊ အရပ်လေးမျက်နှာမှလာကြသော တမန်တို့အား မင်းရှိရာကို ညွှန်ကြားသော တံခါးမှူး ဥပမာဖြင့် ရှင်းလင်း၍ ဟောတော်မူရာ အညတရရဟန်း သောတာပန် ဖြစ်ပုံကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ အကျယ်ဖွင့်ပြချက်များ ရှိပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads