ကီယာစတားမာ
ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ် From Wikipedia, the free encyclopedia
Remove ads
ကီယာစတားမာ (အင်္ဂလိပ်: Keir Starmer) သည် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ်ဖြစ်သည်။ ထို့အပြင် လေဘာပါတီ၏ ခေါင်းဆောင်လည်းဖြစ်သည်။ ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ် နုတ်ထွက်ပြီးနောက် ဝန်ကြီးချုပ်ဖြစ်လာသူဖြစ်သည်။တတိယမြောက် ချားလ်စ်ဘုရင် ဒုတိယမြောက်ခန့်အပ်ခဲ့သည့် ဝန်ကြီးချုပ်လည်းဖြစ်ကာ ယူကေကို ၁၄ နှစ်တာ ဆက်တိုက်အုပ်ချုပ်ခဲ့သည့် ကွန်ဆဗေးတစ်ပါတီနေရာသို့ လေဘာပါတီပြန်ရောက်လာအောင် ကြိုးစားခဲ့သူလည်းဖြစ်သည်။
Remove ads
ငယ်ဘဝ နှင့် ပညာရေး
စတားမာ သည် အလုပ်သမား လူတန်းစားနောက်ခံ က လာခဲ့ပြီး အစိုးရရှေ့နေ အဖြစ်အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သည့် နိုင်ငံရေးသမားတစ်ယောက်ဖြစ်သည်။ငယ်ရွယ်စဉ်ကတည်းက နိုင်ငံရေးကို စိတ်ဝင်စားခဲ့ကာ သူ့ အသက် ၁၆နှစ်သားအရွယ်ကတည်းက လေဘာပါတီဝင် သို့ ဝင်ရောက်ခဲ့သည်။သူ့ကို ၁၉၆၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ တွင် ကိရိယာတန်ဆာပလာများလုပ်ကိုင်သော ဖခင်ဖြစ်သူ နှင့် သူနာပြုမိခင်တို့က လန်ဒန်မြို့ ၌ မွေးဖွားခဲ့ပြီး အင်္ဂလန် အရှေ့တောင်ပိုင်း ဆာရေးနယ် အောက်စတက်မြို့ ရှိ သာမန် နှစ်လုံးတွဲ အိမ်တစ်လုံးတွင် ငယ်ဘဝအား ရိုးရှင်းစွာဖြတ်သန်းခဲ့သည်။ငယ်စဉ်ကတည်းက ပညာထူးချွန်သူဖြစ်ခဲ့သည့် ကီယာစတားမာ သည် အထက်တန်းပညာအား ပညာထူးချွန်သူများတက်ရောက်ခွင့်ရသည့် အစိုးရ Grammar School တွင် ဒေသကောင်စီ၏ ထောက်ပံ့မှုကျောင်းစရိတ်ဖြင့် တက်ရောက်ခွင့်ရခဲ့သူလည်းဖြစ်ခဲ့သည်။သူသည် တက္ကသိုလ်ပညာရပ်အား ဥပဒေဘာသာရပ်အထူးပြုဖြင့် လိဒ်တက္ကသိုလ် နှင့် အောက်စဖို့ဒ်တက္ကသိုလ် တို့တွင် ဆည်းပူးခဲ့သည်။၁၉၈၇ ခုနှစ် တွင် တရားရုံးရှေ့နေ ဖြစ်လာသည်။ လူ့အခွင့်အရေးဥပဒေကို အထူးပြုလေ့လာခဲ့သူ ၎င်းသည် ကာရေဘီယံ နှင့် အာဖရိက ရှိ သေဒဏ်ကျခံနေရသော အကျဉ်းသားများအတွက် ခုခံကာကွယ် ပေးခဲ့သူတစ်ဦး အဖြစ်လည်းကောင်း၊၁၉၉၀ ခုနှစ် နှောင်းပိုင်းကာလက အမေရိကန်အခြေစိုက် အမြန်ရစာရောင်းချသည့် မက်ဒေါ်နယ် ကုမ္ပဏီ ၏ တရားစွဲဆိုခြင်းခံရသော တက်ကြွ လှုပ်ရှားသူများ အတွက် အခမဲ့ ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်ပေးခဲ့သူ အဖြစ်လည်းကောင်း လူသိများသည်။၂၀၀၈ ခုနှစ် တွင် ပြည်သူ့တရားစွဲဌာနညွှန်ကြားရေးမှူး ဖြစ်လာသည်။ရာဇဝတ်မှုခင်းဆိုင်ရာ ဥပဒေရေးရာ ဆောင်ရွက်ချက်များကြောင့် ၂၀၁၄ ခုနှစ် တွင် ဆာဘွဲ့ ချီးမြှင့်ခံရသည်။[၁]
Remove ads
နိုင်ငံရေးဘဝဖြတ်သန်းမှု
၂၀၁၅ ခုနှစ် တွင် လန်ဒန်မြောက်ပိုင်း Holborn နှင့် St Pancras မဲဆန္ဒနယ် တို့၏ ရွေးကောက်ခံအမတ် အဖြစ်ဖြင့် နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်လာသည်။လေဘာပါတီခေါင်းဆောင် ဂျယ်ရမီ ကိုဘင် ၏ အတိုက်အခံဝန်ကြီးအဖွဲ့ တွင် ပါဝင်ခဲ့သည့်အပြင် ယူကေ ဥရောပသမဂ္ဂက ထွက်မည့်လုပ်ငန်းစဉ်ဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည်။ဗြိတိန်နိုင်ငံ ၏ ၂၀၁၉ အထွေထွေရွေးကောက်ပွဲ တွင် လေဘာပါတီ အကြီးအကျယ်ရှုံးနိမ့်ပြီးနောက် နေရာသို့ ၂၀၂၀ပြည့်နှစ် ဧပြီလတွင် လေဘာပါတီ ခေါင်းဆောင် ဂျယ်ရမီကိုဘင် နေရာသို့ အစားထိုး ရွေးချယ်ခံရသည်။
Remove ads
ယူကေနိုင်ငံ၏ ၉၉ ဦးမြောက် ဝန်ကြီးချုပ်
၂၀၂၄ ခုနှစ် ဇူလိုင် ၄ ရက် နေ့တွင် ကျင်းပသည့် ယူကေ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် သူသည် ယူကေနိုင်ငံ ၏ ၉၉ ဦးမြောက် ဝန်ကြီးချုပ်ရာထူးကို ဆက်ခံခဲ့သည်။ ယူကေဝန်ကြီးချုပ်အဖြစ် အတည်ပြုခန့်အပ်ပေးသူမှာ တတိယမြောက်ယူကေဘုရင်မင်းမြတ် ချားစ်( Charles III) ဖြစ်ပြီး ၂၀၂၄ခုနှစ် ဇူလိုင် ၅ရက် နေ့ တွင် တရားဝင်ရာထူးစတင်သည်။[၂]
ဝါသနာနှင့်အားကစား
ဘောလုံးအားကစားကို နှစ်သက်သည့် အလျှောက် ကိုယ်တိုင်လည်း အပျော်တမ်း အသင်းတစ်ခု တွင် ဘောလုံးကစားခဲ့သည်။အားပေးသည့် ပရီးမီးယားလိ့ခ် အသင်းမှာ အာဆင်နယ် ဖြစ်သည်။
ပုဂ္ဂိုလ်ရေးဘဝ
၂၀၀၇ ခုနှစ် တွင် ဥပဒေပညာရှင် ဂျူးနွယ်ဖွား ဗစ်တိုးရီးယား အလက်ဇန်းဒါး ( Victoria Alexander ) နှင့် လက်ထပ်ခဲ့ပြီး သားသမီး နှစ်ယောက်ထွန်းကားခဲ့သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads