ကီလို အတန်းစား ရေငုပ်သင်္ဘော
ဒီဇယ်-လျှပ်စစ် တိုက်ခိုက်ရေးရေငုပ်သင်္ဘော From Wikipedia, the free encyclopedia
Remove ads
ကီလို-အတန်းစား ရေးငုပ်သင်္ဘော (Kilo-class submarine) (Russian: Па́лтус, meaning "halibut", NATO reporting name Kilo) ဆိုသည်မှာ ဆိုဗီယက်ဒီဇိုင်းပြုလုပ်ရေး စီမံကိန်း ၈၇၇ ပေါလ်တပ်စ် (Project 877 Paltus ) မှ ပြုလုပ်သည့် ဒီဇယ်-လျှပ်စစ် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများ၏ အမျိုးအစားတစ်ခုဖြစ်ပြီးလျင် ဆိုဗီယက် ပြည်ထောင်စုမှ ဆိုဗီယက်ရေတပ်အတွက် တည်ဆောက်ပေးခဲ့သည်။ အနောက်နိုင်ငံများမှ ကီလိုအတန်းစားအားအဆင့်မြှင့်ထားသည်ဟု သိကြသည့် ဤအမျိုးအစားအထက် အဆင့်မြင့်မားသည့် စီမံကိန်း ၆၃၆ ဗာရှာဗီရန်က (Project 636 Varshavyanka)မျိုးကွဲများအား စတင်ထုတ်လုပ်ချိန် ၁၉၀၀ ခုနှစ်များ အလယ်ပိုင်းကာလတိုင်အောင် ကီလိုအတန်းစား ရေငုပ်သင်္ဘောများကို တည်ဆောက်ခဲ့ကြသည်။

Remove ads
တာဝန်
ဤတိုက်ပွဲဝင် ရေငုပ်သင်္ဘောများကို ရေတိမ်ပိုင်းနှင့် ဆက်နွယ်နေသည့် စစ်ဆင်ရေးများတွင် တန်ပြန်-စစ်သင်္ဘောတိုက်ဖျက်ရေး နှင့် တန်ပြန်-ရေငုပ်သင်္ဘောတိုက်ဖျက်ရေးအတွက် အဓိက ရည်ရွယ်ထုတ်လုပ်သည်။ မူရင်းသင်္ဘာဖြစ်သည့် စီမံကိန်း ၈၇၇ ရေငုပ်သင်္ဘောများတွင် ရုဗီကွန် မမ်ဂျီကေ ၄၀၀ (NATO အမည် Shark Gill) ဆောင်နာစနစ် တပ်ဆင်ထားသည်။ ယင်းဆောင်နာသည် မိုင်းရှာဖွေထောက်လှမ်းရေး တစ်ခုနှင့် ရှောင်ရှာရေး ဆောင်နာ (NATO အမည် Mouse Roar) ပါဝင်သည်။ ပိုမိုသစ်လွင်သည့် စီမံကိန်း ၆၃၆ ရေငုပ်သင်္ဘောများတွင် အဆင့်မြှင့်ထားသည့် MGK-400EM တပ်ဆင်ထားသည်။ ထို့အပြင် MG-519 Arfa ကိုလည်း MG-519EM သို့ အဆင့်မြှင့်တင့်ပြီး တပ်ဆင်ထားသည်။ ယင်း MGK-400EM သည် ၁၆ ကီလိုမီတာအတွင်းမှ ဆူညံသံ 0.05 Pa/Hz သာရှိသည့် ရေငုပ်သင်္ဘောများကို ထောက်လှမ်းတွေ့ရှိနိုင်ပြီး ကီလိုမီတာ ၁၀၀အတွင်းရှိ ဆူညံသံ ၁၀ပါစကယ်ဟက်ဇ် ရှိသည့် ရေယာဉ်များကိုလည်း ထောက်လှမ်းရှာဖွေနိုင်သည်။ တိုးတက်လာသော ဆိုနာစနစ်(Sonar System)များကြောင့် အော်တိုစနစ်များမှလာသည့် ကွန်ဆိုးလ်ကို မျှဝေအသုံးပြုသဖြင့် ယခင်ကလိုအပ်ခဲ့သည့် ဝန်ထမ်းဦးရေထက် အနည်းငယ်သာ လိုအပ်တေ့ာသည်။ သက်ဝင်တက်ကြွနေသည့် ဆောင်နာလှိုင်းများ စုပ်ယူရန် ကိုယ်ထည်နှင့် အမြှီးများပေါ်တွင် ကပ်ထားသည့် အန်နီခိုဝစ်တိုင်းလ် ခေါ် အကြေးပြား(ကော်ပြား)များ တပ်ဆင်ထားသည်။ ယင်းကြောင့် ရလဒ်အနေဖြင့် တန်ပြန်လာသည့် အချက်ပြမှုအား လျော့နည်းစေပြီး ပုံပျက်သွားစေခြင်းကို ဖြစ်စေသည်။ ဤအကြေးပြားများကရေငုပ်သင်္ဘောမှထုတ်လွှတ်သောအသံများကိုလျှော့ချပေးသည်၊ ထိုသို့လျော့ချထားသည့်ရေငုပ်သင်္ဘောများကို တန်ပြန်ရှာဖွေရေး ဆိုနာ (passive sonar)ဖြင့်သာ ရှာဖွေတွေ့ရှိနိုင်သည်။
Remove ads
အသုံးပြုသောနိုင်ငံများ
ပထမဆုံးသော ဤအတန်းစား ရေငုပ်သင်္ဘောသည် ဆိုဗီယက်ရေတပ်အတွင်းသို့ ၁၉၈၀ ခုနှစ် အတွင်း စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ယနေ့အချိန်အထိ ရုရှားရေတပ်တွင် အသုံးပြုနေဆဲဖြစ်သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလစစ်တမ်းအရ ၁၇စင်း မှာ ယနေ့အချိန်အထိ တာဝန်ထမ်းဆောင်နေဆဲဟုသိရှိရပြီး ၇ စင်းမှာ အနားယူခဲ့ပြီးဟုထင်ရသည်။[၁]ရေယာဉ်အစင်း ၄၀ ခန့်အား အောက်ပါနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခဲ့သည်။တမ်းပလိတ်:When
အယ်လ်ဂျီးရီးယား: မူလကီလို ၁ စင်း (Project 877), အဆင့်မြှင့်ထားပြီး ကီလို ၄စင်း (Project 636).[၂][၃][၄][၅][၆][၇]
တရုတ်: မူလကီလို ၂ စင်း (Project 877), အဆင့်မြှင့်ထားပြီး ကီလို ၁၀ စင်း (Project 636).[၈][၉][၁၀]
အိန္ဒိယ: မူလကီလို ၁၀ စင်း (Project 877), ကြီးမားသည့် ထိခိုက်သေဆုံးမှု ၁ စင်း;[၁၁][၁၂] – Designated as the class
မြန်မာ: ၂၀၁၉ ခုနှစ်အတွင်း အိန္ဒိယမှ လွှဲပြောင်းပေးအပ်သည့် ရေယာဉ် ၁ စင်း[၁၃]
ပိုလန်: မူလကီလို ၁ စင်း (Project 877) – တမ်းပလိတ်:ORP.[၁၄]
အီရန်: မူလကီလို ၃ စင်း (Project 877).[၉]
ရိုမေးနီးယား: မူလကီလို ၁ စင်း (Project 877) – Romanian submarine Delfinul.[ကိုးကားချက်လိုသည်]
ရုရှား: မူလကီလို ၂၂ စင်း (Project 877),[၁၅]အဆင့်မြှင်ပြီး ကီလို ၆ စင်း (Project 636.3)[၁၆]ပြီးလျှင် ပစိဖိတ် ရေတပ်အတွက် အသုံးပြုရန် အဆင့်မြှင့်ပြီး ကီလို-အတန်းစား ၆စင်း ထပ်မံမှာယူထားပြီး ၂၀၁၉-၂၀၂၁ အတွင်း ပေးပို့နိုင်မည်ဖြစ်သည်။[၁၇][၁၈][၁၉] One more sub was ordered in August 2020, during the International Military-Technical Forum «ARMY-2020».[၂၀][၂၁]
ဗီယက်နမ်: အဆင့်မြှင့်ပြီး ကီလို-အတန်းစား ၆ စင်း(Project 636).[၂၂][၂၃][၂၄] ဗီယက်နမ် ရေငုပ်သင်္ဘော ဟိုချီမင်း မြို့, ဟနွိုင်း, ဟိုင်ပေါင်း, ဒနန်း, ခေါက်ဝါ, ဘရီရ ဗောင် တူတို့ပါဝင်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads