ကုက္ကိုင်းဘုရားကျောင်း

From Wikipedia, the free encyclopedia

Remove ads

ကုက္ကိုင်းဘုရားကျောင်း (တရုတ်: 福山寺; ပင်ယင်: Fúshān Sì; ပေဝေဂျီ: Hok-san-sī;)သည် ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိကာ မဟာယာနဗုဒ္ဓဘာသာကျောင်းတစ်ခုဖြစ်ပြီး ဖူးကျန့်ပြည်နယ်၊ အန်ရှီးစီရင်စုမှ မြန်မာပြည်သို့ ရောက်လာကြသော တရုတ်လူမျိုးများဖြစ်သည့် ဟုတ်ကင်းလူမျိုးများမှ ဆင်းသက်လာသူများက ၁၈၇၅ ခုနှစ် ဇန်နဝါရီလတွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။[][] ဘုရားကျောင်းကို ရန်ကုန်မြို့လယ်ရှိ ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းမှ ကွပ်ကဲသည်။ ကုက္ကိုင်းဘုရားကျောင်းသည် တရုတ်ဗုဒ္ဓရဟန်းတော် ချင်ရှီဇူရှိ(တရုတ်: 祖師公, also known as Chó·-su-kong)အား ရည်မှန်းကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ဘုရားကျောင်းအား ပြန်လည်ထိန်းသိမ်းခဲ့သည်။ တရုတ်နှစ်သစ်ကူးနေ့နှင့် ချင်ရှီးဇူရှိ မွေးနေ့တွင် ဘုရားကျောင်းသည် ဘုရားရှိခိုးသူများစွာနှင့် စည်ကားလျက်ရှိသည်။ ဘုရားကျောင်းကို ထိန်းသိမ်းသူ မစ္စတာယန်က သူသည် ၁၉၆၀ ခုနှစ်တွင် ဘုရားကျောင်းအား ပြန်လည်ပြုပြင်ထိန်းသိမ်းရာ၌ ပါဝင်ခဲ့သူဖြစ်ပြီး ဘုရားကျောင်းအား စီမံအုပ်ချုပ်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီဟု ဆိုသည်။ ဘုရားကျောင်းဝန်းအတွင်းထဲတွင် စားသောက်ဆိုင်တစ်ခုနှင့် ဘတ်စကစ်ဘောကစားကွင်းတစ်ခု ပါဝင်သည်။ ထို့ပြင် ဘုရားကျောင်းဝင်ပေါက်ရှေ့ ညာဘက်တွင် ဘုရားကျောင်းအလယ်တွင် ရေပန်းတစ်ခုတည်ရှိသည်။ ထိုကြောင့် ဘုရားကျောင်းသည် ဝတ်ပြုရာနေရာတစ်ခုထက် တရုတ်ပန်းခြံတစ်ခုနှင့် ပိုတူနေသည်။ ဘုရားကျောင်းဝင်းထဲတွင် တရုတ်ကျောက်ဆစ်ရုပ်များ၊ တရုတ်ဗိသုကာဟန်များဖြင့် တန်ဆာဆင်ထားသည်။ တရုတ်ဟန် အဝိုင်းသဏ္ဌာန်ရှိ လသာဆောင်များပါဝင်ပြီး ကျောက်စားပွဲများ၊ ထိုင်ခုံအပုများဖြင့် တန်ဆာဆင်ထားသည်။ တခုသော လသာဆောင်၏ နံဘေး၌ တရုတ် ဆယ့်နှစ်ရာသီခွင်ရုပ်များရှိပြီး တရုတ်တံတားနှင့် မျှော်စင်ပုံ ပန်းချီကားအသေးစားလည်း ပါဝင်သည်။

အချက်တိုများ ကုက္ကိုင်းဘုရားကျောင်းFushansiHok-san-sī 福山寺, အချက်အလက်များ ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads