ကုဏ္ဍလာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)

From Wikipedia, the free encyclopedia

Remove ads

အရှင် ကုဏ္ဍလာဘိဝံသ (၁၉၃၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်ဖွား) သည် မဟာဂန္ဓာရုံစာသင်တိုက်၏ တတိယမြောက် နာယကချုပ်ဖြစ်သည်။ ပရိယတ္တိပညာရေးအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲနိုင်ရန် ပါဝင်ခဲ့ခြင်းနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့တွင် ဝန်ဆောင်သံဃာအဖြစ် နှစ်ကာလရှည်ကြာစွာ ထမ်းဆောင်ခဲ့ခြင်းတို့ကြောင့် အဂ္ဂမဟာပဏ္ဍိတဘွဲ့ဆပ်ကပ်ခံရသည်။ ကျမ်းပြုအကျော် အရှင် ဇနကာဘိဝံသ၏ လက်ရင်းတပည့်အဖြစ် လူသိများသည်။[]

အချက်တိုများ ကုဏ္ဍလာဘိဝံသ, ဘာသာ ...
Remove ads

ငယ်ဘဝ

အရှင်မြတ်ကို မန္တလေးတိုင်းစဉ့်ကူးမြို့နယ်၊ ဆီသည်ရွာ၌ လယ်ရှင်ဖြစ်သူ အဖ ဦးဘေဘနှင့် အမိ ဒေါ်မယ်မ တို့မှ ၁၉၃၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် မွေးဖွားသည်။ ငယ်အမည်မှာ မောင်ခင်မောင် ဖြစ်သည်။ နောင်သော် အဘွားဖြစ်သူမှ အမည်နောက်တွင် ကြည် ပေါင်းထည့်၍ ခင်မောင်ကြည် ဟု တွင်စေသည်။ မွေးချင်းခုနှစ်ဦးအနက် ပဉ္စမမြောက်သား ဖြစ်သည်။ မောင်နှမများမှာ မလှမြိုင်၊ မတင်ဆိုင်၊ မောင်သိန်းမောင်၊ မမြသင်၊ မောင်ညွန့်တင်၊ မတင်မြို့ တို့ ဖြစ်ကြသည်။

Remove ads

သာမဏေဘဝ

၁၃၀၂ ခု၊ တန်ဆောင်မုန်းလဆန်း ၅ ရက်တွင် မိဘများ၏ ပစ္စည်းလေးပါးဒါယကာအဖြစ် တာဝန်ယူကာ ဆီဆည်ရွာရှိ သီရိမင်္ဂလာကျောင်းတွင်ပင် သာမဏေဘဝ ခံယူသည်။ ရှင်ဘဝနှင့်ပင် သဒ္ဒါရှစ်စောင်၊ ပုဒ်စစ်ရှစ်ကျမ်းတို့ကို နှစ်နှစ်အတွင်း တတ်မြောက်သည်။ တပည့်ဖြစ်သူ၏ အရည်အချင်းကို သိသောကြောင့် ဥပဇ္ဈာယ်ဆရာက ၁၃၀၉ ခုတွင် အမရပူရမြို့ရှိ မဟာဂန္ဓာရုံကျောင်းတိုက်၌ ပညာ ဆက်လက်သင်ယူစေသည်။ မန္တလေးမြို့၊ ပရိယတ္တိသာသနဟိတအသင်းသာမဏေကျော်စာမေးပွဲကို အဆင့် (၃) ဆင့်စလုံး တနှစ်တည်းအောင်မြင်သည့်ပြင် တတိယအဆင့်၌ အဆင့် (၁) ရသဖြင့် သာသနလင်္ကာရ သာမဏေကျော်ဘွဲ့ ဆပ်ကပ်ခံရသည်။ သာမဏေဘဝနှင့်ပင် ပထမငယ်နှင့် ပထမလတ် စာမေးပွဲများကို အောင်မြင်ခဲ့သည်။

Remove ads

ရဟန်းဘဝ

၁၃၁၄ ခု၊ နှောင်းတန်ခူးလဆန်း ၁၅ ရက်တွင် မန္တလေးမြို့၊ ပွဲကုန်းရပ်နေ နန္ဒဝန်သစ်စက်ပိုင်ရှင် ဦးဘတင်၊ ဒေါ်မိမိလေးတို့က ပစ္စည်းလေးပါးဒါယကာခံယူကာ ရဟန်းတက်သည်။ ဥပဇ္ဈာယ်ဆရာမှာ အရှင်ဇနကာဘိဝံသ ဖြစ်သည်။ ဧကာဒဿမမြောက် ရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်၊ စစ်ကိုင်းတောင်ရိုး ချမ်းအေးချောင်ဆရာတော်၊ စစ်ကိုင်းတောင်ရိုး အဂ္ဂမဟာပဏ္ဍိတ ပဋ္ဌာန်းသိပ္ပံဆရာတော်၊ ကျွန်းကုန်းမြို့ ကျွန်းကုန်းဆရာတော်၊ လပွတ္တာမြို့ လေးထပ်ဆရာတော်တို့က ကမ္မဝါစာ ရွတ်ဖတ်ပေးကြသည်။ သိမ်ထပ်မင်္ဂလာကို မိခင် ဒေါ်မယ်မကလည်းကောင်း၊ အမရပူရမြို့ အိုးတော်ရပ် လေယာဉ်ပျံပိုးထည်တိုက်ပိုင်ရှင် ဦးမောင်ကို၊ ဒေါ်အုန်းခင် တို့ကလည်းကောင်း၊ ရေဦးမြို့ ဒီပဲယင်းလမ်းနေ တွင်ခုံလုပ်ငန်းရှင် ဦးချစ်မောင်၊ ဒေါ်ဌေး တို့ကလည်းကောင်း၊ တောင်ငူမြို့နေ ဒေါ်ခင်ထွေးမြင့်က လည်းကောင်း၊ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းနေ လပြည့်ဝန်းကုမ္ပဏီပိုင်ရှင် ဦးစိုးဝင်း၊ ဒေါ်စန္ဒာမောင် တို့ကလည်းကောင်း အသီးသီးပြုလုပ်ပေးကြသည်။

ရဟန်းတစ်ဝါမရမီ ၁၃၁၅ ခု၊ နယုန်လတွင် ပထမကြီးတန်းကို အောင်မြင်သည်။ တပေါင်းလတွင် အစိုးရ ဓမ္မာစရိယတန်းတွင် ကျမ်းရင်း (၃) ကျမ်း၊ ဂုဏ်ထူး (၃) ကျမ်းကို အောင်မြင်ရာ သာသနဓဇ သီရိပဝရ ဓမ္မာစရိယဘွဲ့ အပ်နှင်းခံရသည်။ ၁၃၁၆ ခုတွင် ပရိယတ္တိသာသနဟိတအသင်းက ပြုလုပ်သည့် သီးခြားစာသင်တန်းကို ဖြေဆိုအောင်မြင်သည်။ ၁၃၁၉ တွင် အဆိုပါအသင်းကပြုလုပ်သည့် ဓမ္မာစရိယစာမေးပွဲကို အောင်မြင်ရာ အဘိဝံသဘွဲ့ ဆပ်ကပ်ခံရသည်။ ထိုမှစ၍ ကုဏ္ဍလာဘိဝံသ ဟူ၍ ဖြစ်လာသည်။

မဟာဂန္ဓာရုံဆရာတော်ကြီးအား စာချကူရုံသာမက တရားဟောမလိုက်နိုင်ပါက တရားဟောကူခြင်း လုပ်ငန်းကိုပါ ဆောင်ရွက်ပေးခဲ့သည်။

ဥပဇ္ဈာယ်ဆရာ အရှင် ဇနကာဘိဝံသ၏ တိုက်တွန်းချက်အရ အင်္ဂလိပ်စာနှင့် သက္ကတဘာသာတို့ကို လေ့လာခဲ့သည်။ တိုင်းရင်းဆေးပညာကိုလည်း ဆည်းပူးရာ ဒေသနာနယ၊ ဘေသဇ္ဇနယနှင့် နက္ခတ္တနယဟူသော ကျမ်း(၃)ကျမ်းကိုပင် ဖတ်ရှုပြီးဖြစ်သည်။

သာသနာ့ဝန်ဆောင်ဘဝ

အရှင် ဇနကာဘိဝံသက မဟာဂန္ဓာရုံစာသင်တိုက် ဖွင့်လှစ်ရန်ဆောင်ရွက်သည့်အခါ ဖဝါးခြေထပ်ကူညီခဲ့သည်။ စာသင်တိုက်၏ စာချဆရာတော်လည်း ဖြစ်သည်။ အရှင် ဇနကာဘိဝံသ လွန်သော် စာသင်တိုက်၏ နာယကချုပ် ဖြစ်လာသည်။ ၁၃၄၂ ခု၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ပေါ်ပေါက်လာသောအခါ မန္တလေးတိုင်းရွှေကျင်သံဃာ့နာယကအဖွဲ့ဝင်အဖြစ် တာဝန်ယူသည်။ ၁၉၈၇ ခုနှစ်၊ အောက်တိုဘာလတွင် အစိုးရက စာသင်တိုက်(၁၃)ခုမှ ကိုယ်စားလှယ်များခေါ်ယူကာ ပရိယတ္တိပညာရေးအတွက် သင်ရိုးဖော်ဆောင်သည့်အခါ စီမံကိန်းပြင်ဆင်ရေးအဖွဲ့ဝင်အဖြစ် ပါဝင်သည်။

၁၃၅၃ ခုတွင် သံဃသမ္ဗုတိရအဖြစ် နိုင်ငံတော်သံဃာ့ဗဟိုဝန်ဆောင်အနေဖြင့် တာဝန်ထမ်းသည်။ အစိုးရ၏ အဂ္ဂမဟာပဏ္ဍိတဘွဲ့နှင့် မဟာဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့တံဆိပ်တော်ဘွဲ့များ ဆပ်ကပ်ခြင်း ခံရသည်။

Remove ads

ပျံလွန်တော်မူခြင်း

ဆရာတော်သည် သက်တော် (၈၁)နှစ်၊ ဝါတော် (၆၁) ဝါအရ ၂၀၁၃ ဒီဇင်ဘာ ၁၈ (၁၃၇၅-ခု၊ နတ်တော်လပြည့်ကျော် ၁) တွင် ပျံလွန်တော်မူခဲ့သည်။

ရေးသားပြုစုခဲ့သော ကျမ်းစာအုပ်များ

မဟာဂန္ဓာရုံဆရာတော်ကြီး အကြမ်းရေးပြီး အချောသပ်ပေးရသော ကျမ်းစာများ
  • ကစ္စည်းဘာသာဋီကာ(ပ+ဒု)
  • ရူပသိဒ္ဓိဘာသာဋီကာ(ပ+ဒု)
  • ဗုဒ္ဓဝင်အမေးအဖြေ
  • ရုပ်စုံဗုဒ္ဓသာသနာဝင်
  • အခြေပြုမင်္ဂလသုတ်
ကိုယ်တိုင်ရေသား စာပေများ
  • သဂါထာဝဂ္ဂသံယုတ်မြန်မာဘာသာဋီကာ
  • စနစ်ပြဓမ္မာစရိယ
  • အထွေထွေမှတ်စု
ဟောစဉ်တရားတော်စာအုပ်များ
  • အောင်ခြင်းရှစ်ပါး
  • ပရိတ်တော်(၁၁)သုတ်ရှင်းတမ်း
  • တရားတော်ပေါင်းချုပ်(ပ+ဒု+တ+စ)
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads