ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီရိပ်သာဆရာတော်)

From Wikipedia, the free encyclopedia

Remove ads

သဒ္ဓမ္မရံသီရိပ်သာဆရာတော် အရှင်ကုဏ္ဍလာဘိဝံသသည် သဒ္ဓမရံသီရိပ်သာ၊ ဇေယျာခေမာလမ်း၊ (၆)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်ရန်ကုန်တိုင်းဒေသကြီးတွင် သီတင်းသုံးကာ ပြည်တွင်း၊ပြည်ပ သာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။

ငယ်ဘဝ

ဆရာတော်ဘုရားကြီးကို ခမည်းတော် ဦးသာဖြိုး၊ မယ်တော် ဒေါ်ပုတိုတို့မှ ၁၂၈၃ ခုနှစ်၊ နယုန်လဆန်း(၁)ရက်၊ တနင်္လာနေ့(၁၉၂၁ ခုနှစ်)တွင် ဝင်းကဒတ်ရွာ၊ ဝေါမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် မီးရှူးသန့်စင်တော်မူခဲ့သည်။ သက်တော်(၉)နှစ်အရွယ် ၁၂၉၃ ခုနှစ်၊ ဝါဆိုလဆန်း(၁၂)တွင် ရန်ကုန်မြို့၊ ကျောင်းတော်ရာကျောင်းတိုက် နမူနာစံကျောင်းဆရာတော် ဘဒ္ဒန္တခေမာကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။ ထိုနောက် ၁၃၀၂ ခုနှစ်၊ တပိုတွဲလဆန်း (၁၂) ရက်နေ့ သက်တော် (၁၉)နှစ် အရွယ်တွင် ဖိုးစမ္ပါရွာ၊ ကန်ကြီးကျောင်းဆရာတော် ဘန္ဒန္တဓမ္မပိယကို ဥပဇ္ဈယ်ပြု၍ ရဟန်းအဖြစ်သို့ရောက်သည်။

Remove ads

စာပေသင်ယူခြင်း

ညောင်လေးပင်တောရကျောင်းတိုက်၊ ရန်ကုန်မြို့၊ကျောက်ကုန်း မေဒိနီကျောင်းတိုက်၊ ညောင်တုန်းမြို့ ရွှေဟင်္သာကျောင်းတိုက်တို့၌ ပရိယတ္တိစာပေများကို သင်ယူခဲ့သည်။

အောင်မြင်ခဲ့သော စာမေးပွဲများ

သာသနဓဇသိရီပဝရ ဓမ္မစရိယ၊ စေတိယင်္ဂဏဓမ္မစရိယတို့ကို အောင်မြင်ခဲ့သည်။

ဘွဲ့တံဆိပ်တော်များ

မြန်မာနိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီမှ ဆက်ကပ်သော မဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ နှင့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်များ ခံယူရရှိခဲ့သည်။ ရန်ကုန်မြို့ ကျောက်ကုန်းတောရ မေဒိနီကျောင်းတိုက် တပည့်များအား ပိဋကတ်ကျမ်းစာများကို သင်ကြားပို့ချပေးခဲ့သည်။ မရမ်းကုန်းမြို့နယ်၊ သဒ္ဓမ္မရံသီရိပ်သာ၌ တပည့်များအား ဝိပဿနာရှုမှတ်ပုံ၊ နည်းနိဿယများကို ပို့ချသင်ကြား ပြသခဲ့သည်။

Remove ads

သာသနာရေးတာဝန် ဆောင်ရွက်ချက်များ

ပြည်ပသာသနာအတွက် ဆောင်ရွက်ခဲ့သည်မှာ ၁၉၉၄ ခုနှစ်မှစ၍ ၂၀၀၂ ခုနှစ်အထိ အနောက်တိုင်းနိုင်ငံ၊ အရှေ့တိုင်းနိုင်ငံများ၌ တရားဟော၊ တရားပြ ဆောင်ရွက်ခဲ့သည်။ ၁၃၄၀ ပြည့်နှစ်မှစ၍ မဟာစည်ရိပ်သာ ကမ္မဋ္ဌာနာစရိယအဖြစ် ဆောင်ရွက်ခဲ့သည်။ သဒ္ဓမ္မရံသီရိပ်သာ၌ ဝိပဿနာတရား ဟောကြားပြသခြင်းစသော သာသနာ့တာဝန်များကို ဆောင်ရွက်ခဲ့သည်။

ရေးသားပြုစုသော ကျမ်းဂန်များ

  • ဒုက္ခကင်းဝေး ပေါင်းသင်းရေး
  • မင်းဆင်ပမာ ကျင့်ဖွယ်ရာ
  • ယခုဘဝ ကောင်းမြတ်လှ
  • ဒုလ္လဘသိဖွယ် ဝိနည်းငယ်
  • သိကောင်းစရာ ဓမ္မပဒေသာ(ပထမတွဲမှစ၍ ဧကာဒသမတွဲ)
  • ဣန္ဒြေစွမ်းအင် ထက်မြတ်ကြောင်း(၉)ပါးတရားတော်
  • ပဋ္ဌာန်းနှင့် ဝိပဿနာ စသော

ကျမ်းစာအုပ်ငယ်များကို ရေးသားခဲ့သည်။

ဆောင်ပုဒ်

သဒ္ဓမ္မရံသီ၊ စိတ်ဝယ်ရည်၊
အမည်ပြုခဲ့သည်။
တရားအလင်၊ လူတို့ဘောင်၊
ထိန်ပြောင်လင်းစေသော်။
အမှောင်ပျောက်ကွယ်၊ အလင်းနယ်၊
ရောက်ဖွယ်ဖြစ်စေသော်။
ကိလေမှောင်ကင်း၊ မဂ်ရောင်လင်း၊
မယွင်းဖြစ်စေသော်။
အလင်းနယ်မှန်၊ မြတ်နိဗ္ဗာန်၊
အမြန်ရောက်စေသော်။
အမည်အတိုင်း၊ ရည်ရွယ်တိုင်း၊
မဆိုင်းဖြစ်နိုင်ကြစေသော်။

Remove ads

ဘဝနတ်ထံ ပျံလွန်တော်မူခြင်း

အရှင်မြတ်သည် သက်တော် (၉၁)နှစ် ဝါတော်(၇၁)နှစ် (၁၆)ရက်နေ့ ဒီဇင်ဘာလ ၂၀၁၁ ခုနှစ် မြန်မာစံတော်ချိန် (၇)နာရီ (၃၅)မိနစ်တွင် ရန်ကုန်မြို့ သဒ္ဓမ္မရံသီရိပ်သာကြီး၌ ခန္ဓာဝန်ချခဲ့သည်။


ပြင်ပလင့်များ

  1. http://www.saddhammaramsi.com/index.html 26 November 2013 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads