ကုလသမဂ္ဂ

တစ်ကမ္ဘာလုံးဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း From Wikipedia, the free encyclopedia

ကုလသမဂ္ဂ

ကုလသမဂ္ဂ (အင်္ဂလိပ်: United Nations) သည် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် ဖွဲ့စည်းထားသည့် နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်သည်။ အဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၃) နိုင်ငံရှိပြီး အဖွဲ့ဌာနချုပ်ကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ဖွဲ့စည်းထားသည်။

အချက်တိုများ အင်္ဂလိပ်:, အာရပ်: ...
Thumb
အလံတော်
Thumb
တံဆိပ်တော်
Thumb
ဌာနချုပ်နယူးယောက်မြို့ (International territory)
ရုံးသုံးဘာသာစကားများ
အမျိုးအစားIntergovernmental organization
အဖွဲ့ဝင်အဖွဲ့ဝင် ၁၉၃ နိုင်ငံ
လေ့လာစောင့်ကြည့်သူ ၂ နိုင်ငံ
ဦးဆောင်သူများ
အန်တိုနီရို ဂူတာရက်စ်
 ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်
အမီနာ မိုဟာမက်
 အထွေထွေညီလာခံ ဥက္ကဋ္ဌ
ပီတာ သွန်မဆင်
 စီးပွားရေးနှင့် လူမှုရေးကောင်စီ ဥက္ကဋ္ဌ
Frederick Musiiwa Makamure Shava
 လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ
Elbio Rosselli
တည်ထောင်
 ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း လက်မှတ်ရေးထိုး
၂၆ ဇွန် ၁၉၄၅ (၁၉၄၅-၀၆-၂၆)
 Charter entered into force
၂၄ အောက်တိုဘာ ၁၉၄၅ (၁၉၄၅-၁၀-၂၄)
ဝက်ဘ်ဆိုဒ်
un.org
un.int
ပိတ်ရန်

သမိုင်းကြောင်း

ကုလသမဂ္ဂသည် နိုင်ငံပေါင်းချုပ် အသင်းကြီး၏ သမိုင်းအမွေကို ဆက်ခံသော အဖွဲ့ကြီး ဖြစ်သည်။ ကုလသမဂ္ဂ (United Nations) ဟူသော အမည်သည် ၁၉၄၂ ခုနှစ်၊ ကုလသမဂ္ဂ ကြေညာစာတမ်း (Declaration By United Nations) တွင် [[ဝင်စတန်ချာတန်] နှင့် ရုစဗဲ့ကာစင်တို့က စတင် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၁၉၄၅ ဧပြီ (၂၅) တွင် ကုလသမဂ္ဂ ညီလာခံကို ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပခဲ့ရာ နိုင်ငံပေါင်း (၅၀) တက်ရောက်ခဲ့ကြကာ ကုလသမဂ္ဂ ကြေညာစာတမ်း (Carter of the United Nations ) မူကြမ်းကို အတည်ပြုနိုင်ခဲ့ကြသည်။ ၁၉၄၅ အောက်တိုဘာ (၂၄) တွင် ကုလသမဂ္ဂ အမည်ဖြင့် တရားဝင် ပေါ်ထွန်းခဲ့ပြီး ပြင်သစ်တရုတ်ဆိုဗီယက်ဗြိတိန် နှင့် အမေရိကန် နိုင်ငံ (၅) နိုင်ငံသည် အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများ ဖြစ်လာကာ အခြား နိုင်ငံ (၄၆) နိုင်ငံလည်း ပါဝင်ခဲ့သည်။ ပထမဆုံး အထွေထွေ ညီလာခံကို ၁၉၄၆ ဇန်နဝါရီတွင် လန်ဒန်မြို့၌ ကျင်းပခဲ့ပြီး အဖွဲ့ဝင် နိုင်ငံ (၅၁) နိုင်ငံ တက်ရောက်ခဲ့ကြ ပြီးအောင်ဆန်းအက်တလီစာချုပ်ကို ကျောက်စာ ရေးထိုး ဂတိ ပြုခဲ့ ကြ သည်။။။။

အဖွဲ့ဝင်နိုင်ငံများ

၁၄ ဇူလိုင် ၂၀၁၁ ခုနှစ်တွင် တောင်ဆူဒန်နိုင်ငံမှ ၁၉၃ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ကုလသမဂ္ဂသို့ ဝင်လာခဲ့သည်။[]

Thumb
နှစ်အလိုက်ဝင်ရောက်လာသောအဖွဲ့ဝင်နိုင်ငံများ

ဖွဲ့စည်းပုံ

Thumb
ကုလသမဂ္ဂ အထွေထွေ ညီလာခံ

အထွေထွေ ညီလာခံ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကုလသမဂ္ဂ အထွေထွေညီလာခံ
အထွေထွေ ညီလာခံသည် ကုလသမဂ္ဂ၏ အဓိက အစည်းအဝေးဖြစ်သည်။ နှစ်စဉ် ကျင်းပ၍ အဖွဲ့ဝင် နိုင်ငံအားလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

လုံခြုံရေးကောင်စီ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကုလသမဂ္ဂ လုံခြုံရေးကောင်စီ
Thumb
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ
လုံခြုံရေးကောင်စီသည် အဖွဲ့ဝင်နိုင်ငံများ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုနှင့် လုံခြုံရေး ကိစ္စရပ်များ ဆောင်ရွက်သည်။ အဖွဲ့ဝင်နိုင်ငံ (၁၅) နိုင်ငံ ပါဝင်ပြီး အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံနှင့် ယာယီအလှည့်ကျအဖွဲ့ဝင် (၁၀) နိုင်ငံတို့ ပါဝင်ကြသည်။ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများမှာ တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန် နှင့် အမေရိကန်တို့ ဖြစ်ကြပြီး ၎င်းတို့သည် ဗီတိုအာဏာ သုံးစွဲပိုင်ခွင့် ရှိကြသည်။ ကျန်အလှည့်ကျအဖွဲ့ဝင်နိုင်ငံများကိုမူ မဲခွဲတင်မြောက်ပြီး ဗီတိုအာဏာ သုံးစွဲပိုင်ခွင့်မရှိပေ။

အထွေထွေ အတွင်းရေးမှူးချုပ်ရုံး

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး
Thumb
အထွေထွေ အတွင်းရေးမှူးချုပ်ရုံး အဆောက်အဦ
အထွေထွေ အတွင်းရေးမှူးချုပ်ရုံးသည် နိုင်ငံတကာမှ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထား၍ အထွေထွေ အတွင်းရေးမှူးချုပ် ရုံးထိုင်သည်။ ကုလသမဂ္ဂ၏ အစည်းအဝေးများအတွက် လိုအပ်သည့် သတင်းအချက်အလက်များကို ပြုစုသည်။ လုံခြုံရေး ကောင်စီနှင့် အထွေထွေ ညီလာခံတို့က တိုက်ရိုက် တာဝန်ပေးသည့် လုပ်ငန်းများလည်း ဆောင်ရွက်သည်။

ဘဏ္ဍာရေး

နောက်ထပ် အချက်အလက်များ အဖွဲ့ဝင်နိုင်ငံများ, ထည့်ဝင်မှု (% of UN budget) ...
၂၀၁၉-၂၀၂၁ ခုနှစ်အတွက် ရန်ပုံငွေ အချိုးကျ ထည့်ဝင်မှု ထိပ်ဆုံး ၂၅ နိုင်ငံ[]
အဖွဲ့ဝင်နိုင်ငံများ ထည့်ဝင်မှု
(% of UN budget)
 အမေရိကန်
၂၂.၀၀၀
 တရုတ်
၁၂.၀၀၅
 ဂျပန်
၈.၅၆၄
 ဂျာမနီ
၆.၀၉၀
 ယူနိုက်တက်ကင်းဒမ်း
၄.၅၆၇
 ပြင်သစ်
၄.၄၂၇
 အီတလီ
၃.၃၀၇
 ဘရာဇီး
၂.၉၄၈
 ကနေဒါ
၂.၇၃၄
 ရုရှား
၂.၄၀၅
 တောင်ကိုရီးယား
၂.၂၆၇
 ဩစတြေးလျ
၂.၂၁၀
 စပိန်
၂.၁၄၆
 တူရကီ
၁.၃၇၁
 နယ်သာလန်
၁.၃၅၆
 မက္ကဆီကို
၁.၂၉၂
 ဆော်ဒီအာရေးဘီးယား
၁.၁၇၂
  ဆွစ်ဇာလန်
၁.၁၅၁
 အာဂျင်တီးနား
၀.၉၁၅
 ဆွီဒင်
၀.၉၀၆
 အိန္ဒိယ
၀.၈၃၄
 ဘယ်လ်ဂျီယမ်
၀.၈၂၁
 ပိုလန်
၀.၈၀၂
 အယ်လ်ဂျီးရီးယား
၀.၇၈၈
 နော်ဝေ
၀.၇၅၄
အခြား အဖွဲ့ဝင်နိုင်ငံများ
၁၂.၁၆၈
ပိတ်ရန်

ကုလသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများမှ အချိုးကျ ထည့်ဝင်သော ဘဏ္ဍာငွေများဖြင့် ရပ်တည်သည်။ လက်ရှိ အသုံးပြုလျက်ရှိသည့် ရန်ပုံငွေမှာ ခန့်မှန်း အမေရိကန်ဒေါ်လာ (၄.၁၉) ဘီလီယံ ခန့် ရှိသည်။ အဓိက အသုံးစရိတ်များသည် ကုလသမဂ္ဂ၏ အဓိက လုပ်ငန်းဖြစ်သော လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများတွင် အသုံးပြုသည်။ ၂၀၀၅ - ၀၆ ဘဏ္ဍာနှစ်၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများအတွက် အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ (၅) ဘီလီယံခန့် ရှိသည်။

အထွေထွေ အတွင်းရေးမှူးချုပ်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သည် ကုလသမဂ္ဂ အထွေထွေညီလာခံကို ဦးဆောင် ကျင်းပသူဖြစ်ပြီး ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့် ရှိသူနှင့် ခေါင်းဆောင်လည်း ဖြစ်သည်။ အထွေထွေ အတွင်းရေးမှူးချုပ်ကို မဲစနစ်ဖြင့် ရွေးချယ်ခြင်းဖြစ်ပြီး လုံခြုံရေးကောင်စီ၏ ထောက်ခံမှုဖြင့် အထွေထွေညီလာခံက အတည်ပြုခြင်း ဖြစ်သည်။ မဲပေးရာတွင် လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတိုင်းက မဲပေးခွင့် ရှိသည်။

မှတ်စုများ

  1. This map does not represent the view of its members or the UN concerning the legal status of any country,[] nor does it accurately reflect which areas' governments have UN representation. This map shows partially recognized states such as Kosovo or Taiwan as part of their claiming governments (Serbia and China respectively)
  2. This map does not represent the view of its members or the UN concerning the legal status of any country,[] nor does it accurately reflect which areas' governments have UN representation. This map shows partially recognized states such as Kosovo or Taiwan as part of their claiming governments (Serbia and China respectively)

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.