ကုလား-ဗမာ အဓိကရုဏ်း

From Wikipedia, the free encyclopedia

Remove ads

၁၉၃၀ ပြည့်နှစ်တွင် အလုပ်အကိုင်အခွင့်အလမ်းနှင့်ဆက်နွယ်ကာ ဂေါ်ရင်ဂျီကုလားနှင့် မြန်မာကူလီတို့အကြား ပထမအကြိမ်ဖြစ်ပွားသော အဓိကရုဏ်းဖြစ်သည်။[]

အကြောင်းအရင်း

၁၉၃၀ ပြည့်နှစ်တွင် ကမ္ဘာ့စီးပွားရေးကပ်ကို အကြောင်းပြကာ အင်္ဂလိပ်ကုမ္ပဏီများက ဆန်နှင့် အခြားသီးနှံဈေးတို့ကို အဆမတန် လျှော့ချလိုက်သည်။ ထို့ကြောင့် ကြွေးတင်သည့် တောင်သူလယ်သမားများမှာ မြို့တက်၍ အသက်မွေးလာသည်။

၁၉၃၀ ပြည့်နှစ်၊ မေလ ၇ ရက်နေ့တွင် တနေ့တာလုပ်ခ တကျပ်ခွဲသာရသည်ကို မကျေနပ်သဖြင့် စတီဖီဒိုးယင်း ကုမ္ပဏီမှ ကုန်တင်ကုန်ချအလုပ်သမား ​ဂေါ်ရင်ဂျီ (၂၀၀) က သပိတ်မှောက်သည်။ အလုပ်သမားများ၏ တောင်းဆိုချက်ကို မလိုက်လျောလိုသည့်အတွက် လူစားထိုးရန် ပြင်ဆင်ကာ မြို့ပေါ်တက်လာသည့် ကျေးလက်အလုပ်လက်မဲ့များကို အစားထိုးသည်။

ကုမ္ပဏီနှင့် သပိတ်မှောက် ဂေါ်ရင်ဂျီများ ညှိနှိုင်းကြရာ တကျပ် ၇၅ ပြားဖြင့် သဘောညီကြသည်။ ထိုအခါ အစားဝင်သည့် မြန်မာကူလီများနှင့် အလုပ်ပြန်ဆင်းသည့် ဂေါ်ရင်ဂျီများ ပဋိပက္ခ ဖြစ်ကြသည်။ ဤသို့ဖြင့် မေလ ၂၆ ရက်မှစ၍ ကုလား-ဗမာ အဓိကရုဏ်း စဖြစ်သည်။

"ဂေါ်ရင်ဂျီအလုပ်သမား (၂၀၀၀) ကျော်က မြန်မာအလုပ်သမား (၅၀၀) အား ဝိုင်းရိုက်သည်" ဟူသော ကောလဟာလမှာ ရန်ကုန်မြို့အနှံ့ ပျံ့သွားကာ ဂေါ်ရင်ဂျီနှင့်သာမက အခြားကုလားများနှင့်ပါ အချင်းများကုန်သည်။ ရန်ကုန်မှစသော အဓိကရုဏ်းသည် မြန်မာတပြည်လုံး ကူးစက်သွားရာ ဂေါ်ရင်ဂျီ (၂၅၀) ခန့်နှင့် မြန်မာအချို့ သေဆုံးသည်။

ကုလား-ဗမာအဓိကရုဏ်းဖြစ်ပွားနေစဉ် ဗြိတိသျှလူမျိုးများနှင့် အိန္ဒိယလူမျိုးများအားမကျေနပ်သော မြန်မာကျောင်းသားများနှင့် လူမျိုးရေးဝါဒီများက ခေတ်သစ်မြန်မာ့သမိုင်းအား လွှမ်းမိုးမည့်တို့ဗမာအစည်းအရုံးကို မေလ၃၀ရက်နေ့တွင် တည်ထောင်ခဲ့သည်။

Remove ads

အဆုံးသတ်

နိုင်ငံရေးအသိရှိသည့် ကုလားနှင့်မြန်မာ ခေါင်းဆောင်များ၊ မြို့မိမြို့ဘများ၊ ရန်ကုန်မြို့ပေါ်၌ သာဓုဆရာတော်၊ ဗားကရာဆရာတော်၊ အလုံ ဇောတနာရာမဆရာတော် စသည့် သံဃာများက အဓိကရုဏ်းပြေငြိမ်းရန် ဆောင်ရွက်ကြသဖြင့် ရက်အနည်းငယ်အတွင်း အဆုံးသတ်သွားသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads