ကုလား အချုပ်၊ တရုတ် အခြယ်
From Wikipedia, the free encyclopedia
Remove ads
ကုလား အချုပ်၊ တရုတ် အခြယ် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အဝတ်အထည်ကို ဆေးခိုင်အောင် ချုပ်ဆေးဖြင့် ချုပ်ရာတွင် ကုလားလူမျိုး (အိန္ဒိယလူမျိုး) က ကျွမ်းကျင်သည်။ ပိုးဖဲစသည့် အထည်အလိပ်များ ရက်လုပ်ရာတွင် တရုတ်လူမျိုးက ကျွမ်းကျင်သည်။ ဤဆိုရိုးစကားသည် သက်ဆိုင်ရာ လူမျိုးများ၏ သီးခြားကျွမ်းကျင်မှုနယ်ပယ်ကို ဖော်ညွှန်းခြင်းဖြစ်သည်။
ကုလား အချုပ်၊ တရုတ် အခြယ် နှင့် ကုလား အချုပ်၊ တရုတ် အထည် ဟူ၍ အနည်းငယ် ကွဲလွဲမှုရှိသည်ကို တွေ့ရှိနိုင်သည်။ အထည် ဆိုသည်မှာ အထည်အလိပ်ကို တိုက်ရိုက်ရည်ညွှန်းပြီး အခြယ် ဆိုသည်မှာ ဆေးဆိုးခြင်း၊ အရောင်တင်ခြင်းကို ရည်ညွှန်းသည်။ သို့သော် အဓိပ္ပာယ်မှာ အတူတူပင်ဖြစ်ပြီး တရုတ်လူမျိုးတို့၏ အထည်အလိပ်လုပ်ငန်းတွင် ကျွမ်းကျင်မှုကို ဖော်ပြခြင်းဖြစ်သည်။
တသ္မာ ကုလား အချုပ်၊ တရုတ် အထည်တိ ဝေါဟာရော ပဒေသော၊ သမ္ဘဝတိ…၊ [၂]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads