ကုသတိဏဟတ္ထ

From Wikipedia, the free encyclopedia

Remove ads

ကုသတိဏဟတ္ထ (ကုသမုဒြာ) သမန်းမြက်ဆုပ်ကိုကိုင်ဆုပ်ထားဟန်, ကြဲဖြန့်နေဟန်ဖြင့် မြတ်စွာဘုရား၏ ရုပ်ပွားဆင်းတုတော်များကို တွေ့ရှိရတတ်ပါသည်။ ကုသတိဏဟတ္ထ, သို့မဟုတ် ကုသမုဒြာဟု ခေါ်ပါသည်။ အချို့ပညာရှင် များက ကုသတိဏ ကိရဏမုဒြာ ဟူ၍ ပြည်စုံစွာ ခေါ်သင့်ကြောင်း မိန့်ဆိုကြသည်။

တိဏဟတ္ထ သို့မဟုတ် တိဏကိရဏမုဒြာတွင် ရှူပါ။ အတူတူပင် ဖြစ်ပါသည်။

ပုံစံအားဖြင့် ပုဂံမြို့ အာနန္ဒာဘုရားတွင်းရှိ –မုခ်လိုဏ်အမှတ်-၆၉-၇၀-၇၁-၇၂-၇၃-များတွင် ကိန်းဝပ်တော်မူလျက်ရှိကြသော သောတ္ထိယ မြက်ရှစ်ဆုပ်ကို အလှူခံတော်မူပုံ ရုပ်ပွားတော်များကို ကုသတိဏကိရဏ မုဒြာဟန်ဖြင့် တွေ့ရှိနိုင်ပါသည်။

ပုဂံ နဂါးရုံဘုရားတွင်လည်း အလားတူ ကုသတိဏဟတ္ထပုံကို တွေ့ရပါသည်။

အဓိဋ္ဌာနပါရမီ, သစ္စာပါရမီ စခန်းများကို ရည်ညွှန်းသည်။ ဒါနဉ္စ မင်္ဂလာ, ပူဇာစ မင်္ဂလာများကို ရည်ဆောင်ထားပါသည်။ သန္တရသ, ဝီရရသ, အဗ္ဘုတရသများကို ပေါ်လွင်ထင်ရှားစေပါသည်။

ကုသမုဒြာပါသော ပုံတော်များကို စီရင်ကိုးကွယ်သူသည် သစ္စာဆိုရာ၌ အောင်မြင် ပေါက်မြောက်ခြင်း, သိဒ္ဓိတင်ရာ၌ ပြီးပြည့်စုံခြင်း မေတ္တာဓာတ် ပျံ့နှံ့ စိမ့်ဝင်ခြင်း တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံခြင်း, လာဘ်သပ္ပကာ ရွှင်လန်းခြင်း, ရာထူးစည်းစိမ် တိုးတက်ခြင်းစသော ကောင်းကျိုးချမ်းသာများကို ရနိုင်သည်ဟူ၍ ဗုဒ္ဓတန္တရာကျမ်းဂန်များ၌ မိန့်ဆိုထားပါသည်။[][] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads