ကူးစက်ရောဂါ (ဆေးပညာအထူးပြု)
From Wikipedia, the free encyclopedia
Remove ads
ကူးစက်ရောဂါဆေးပညာ (Infectious medicine သို့မဟုတ် infectious disease medicine) ကို Infectiology ဟုလည်း ခေါ်ဆိုပြီး ရောဂါကူးစက်မှုများကို ရှာဖွေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုသခြင်းများကို လေ့လာဆောင်ရွက်သည့် ဆေးပညာ အထူးပြုဘာသာရပ်တစ်ခု ဖြစ်သည်။ ကူးစက်ရောဂါကျွမ်းကျင်သူတစ်ဦး၏ လုပ်ငန်းသည် ဆေးရုံမှတဆင့် ကူးစက်မှုများ၊ ပြင်ပလူနာအခြေပြု ကူးစက်မှုများအပြင် ပြည်သူလူထုအခြေပြု ကူးစက်မှုများကို ထိန်းချုပ် စီမံခန့်ခွဲမှုများ ပါဝင်သည်။
Remove ads
သမိုင်းကြောင်း
အပူပိုင်းဒေသတွင် ဖြစ်ပွားလေ့ရှိသည့် ရောဂါများမှာ ကူးစက်တတ်သော ရောဂါများ ဖြစ်ကြသည့် အလျောက် ကူးစက်ရောဂါပညာသည် သမိုင်းကြောင်းအားဖြင့် အပူပိုင်းဒေသ ဆေးပညာ နှင့် ခရီးသွားလာဆေးပညာ တို့နှင့် ဆက်စပ်လျက်ရှိသည်။[၁]
ရောဂါစစ်ဆေးခြင်း
ကူးစက်ရောဂါကျွမ်းကျင်ပညာရှင်များသည် ကူးစက်မှုတစ်ခု ဖြစ်ပွားစေသည့် အကြောင်းရင်းကို ရှာဖွေစစ်ဆေးရာတွင် များစွာသော စစ်ဆေးမှုများကို ပြုလုပ်ကြရသည်။ အဓိကစစ်ဆေးလေ့ရှိသည့် စစ်ဆေးမှုများမှာ Gram staining, blood cultures, serological tests, genotyping, နှင့် polymerase chain reaction (PCR) စသည်တို့ ဖြစ်သည်။
ကုသမှုများ
ကူးစက်ရောဂါများအား ကုသရာတွင် ကူးစက်ရောဂါကျွမ်းကျင်ပညာရှင်များသည် များစွာသော antimicrobial agent များကို အသုံးပြုသည်။ အသုံးပြုသည့် ဆေးအမျိုးအစားသည် ကူးစက်ရောဂါကို ဖြစ်စေသော ရောဂါပိုးအမျိုးအစားပေါ်တွင် မူတည်သည်။ ပဋိဇီဝဆေးများကို ဘက်တီးရီးယား ကူးစက်ရောဂါများအတွက် လည်းကောင်း၊ ဗိုင်းရပ်စ် ကူးစက်ရောဂါများအတွက် antiviral ဆေးများကို လည်းကောင်း၊ မှိုကူးစက်ရောဂါများအတွက် antifungal ဆေးများကိုလည်းကောင်း အသီးသီး အသုံးပြုသည်။
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads