ကေသမုတ္တိသုတ်

From Wikipedia, the free encyclopedia

Remove ads

[] ကောသလနိုင်ငံ ကေသမုတ္တနိဂုံးသား ကာလာမအမျိုးသားတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ ဘုရားရှင် ကောသလတိုင်း၌ ဒေသစာရီကြွတော်မူစဉ် ကေသမုတ္တနိဂုံး၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်၏ အမျိုးအနွယ်, အရည်အချင်း, တရားတော်၏ အရည်အချင်း, ဘုရားရှင်၏ လုပ်ဆောင်ချက် ကောင်းသောဂုဏ်သတင်းများကို ကြားသိကြရသဖြင့် ဘုရားရှင်ထံ အဖူးအမြော်ရောက်ရှိလာကြပုံ၊ ကာလာမ အမျိုးသား လေးမျိုးတို့ ဘုရားရှင်နှင့် ဆက်ဆံပုံ၊ ရှေးကရောက်ရှိလာကြသော သမဏ ဗြာဟ္မဏတို့၏ အယူဝါဒရေးရာနှင့် စပ်၍ ဆောင်ရွက်သွားကြပုံ လျှောက်ထားချက်၊ အယူဝါဒရေးရာနှင့် ဆက်စပ်၍ ချက်ချင်းလက်မခံရသော အချက် (၁၀)ချက် -အကုသလ, သာဝဇ္ဇ, ဝိညုဂရဟိတဖြစ်သော လောဘ, ဒေါသ, မောဟတို့ အဇ္ဈတ္တသန္တာန်၌ ဖြစ်ပေါ်လာသည်ရှိသော် ဖြစ်တတ်သော သဘောတရားနှင့် အပြစ်များ၊ ကုသလ, အနဝဇ္ဇ ဝိညုပသတ္ထုဖြစ်သော အလောဘ, အဒေါသ, အမောဟတို့ အဇ္ဈတ္တသန္တာန်၌ ဖြစ်ပေါ်လာသည်ရှိသော် ဖြစ်တတ်သော သဘောတရားနှင့် အကျိုးတရားစိစစ်ချက် အကျယ်၊ ဗြဟ္မဝိဟာရတရားလေးပါး ပွားများပုံ၊ ထိုသို့ ပွားများခြင်းကြောင့် မျက်မှောက် ဘဝမှာပင် ထောက်ရာ, မှီရာ, တည်ရာ လေးမျိုး ရနိုင်ပုံ ဟောတော်မူချက်၊ ကေသမုတ္တိ နိဂုံးသား ကာလာမအမျိုးသားတို့၏ ပြန်လည်လျှောက်ထားချက်၊ ဥပါသကာအဖြစ် ခံယူပုံ-တို့ကို ဟောတော်မူပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads