ကေသမဿုပဟာနမုဒြာ
From Wikipedia, the free encyclopedia
Remove ads
ကေသမဿုပဟာနမုဒြာ (ကေသဟတ္ထ) ဘုရားလောင်း သိဒ္ဓတ္ထကုမာရမင်းသား ဆံတော်ပယ်ခန်းပုံတွင် ဆံမုတ်ဆိတ်ကို ရိတ်ပယ်၍ ရဟန်းပြုတော့မည် ဟန်ပြင်နေပုံ ဖြစ်ပါသည်။ လက်ဝဲလက်က ဆံထုံးကို ကိုင်ဆုပ်ထား၍ လက်ျာလက်ဖြင့် သန်လျက်ထားကို စွဲကိုင်ကာ ဆံဖြတ်ပယ်တော့မည့်ဟန်ဖြင့် နေပုံဖြစ်ပါသည်။

တခါတရံ လက်နှစ်ဖက်ဖြင့် ဆံပင်ဆံထုံးကို ဆုပ်ကိုင်ထားဟန်ကိုလည်း တွေ့ရတတ်သည်။ ကေသဟတ္ထပုံ ဖြစ်ပါသည်။
တခါတရံ အမျိုးသမီး ကျွန်တယောက်ယောက်၏ ဆံပင်ကို ဆွဲဖမ်းဆုပ်ကိုင်ထားဟန်, နှိပ်စက်ဟန်များကို တွေ့ရတတ်ပါသည်။ ကေသဟတ္ထပုံများ ဖြစ်ပါသည်။
ဆံတော်ပယ်ခန်းတွင် နိက္ခမပါရမီ, ဥပေက္ခာပါရမီ, အဓိဋ္ဌာနပါရမီ, သစ္စာပါရမီတို့ကို ရည်ဆောင်ပါသည်။
သန္တရသ, ဝီရရသတို့ကို ပေါ်လွင်စေပါသည်။
တပေါစမင်္ဂလာ, ဓမ္မစရိယမင်္ဂလာ, ဗြဟ္မစရိယမင်္ဂလာ, ဝိနယသုသိက္ခိတမင်္ဂလာ, သမဏာနဉ္စ ဒဿနမင်္ဂလာများတို့ကို ရည်ဆောင်ပါသည်။
အခြား နှိပ်စက်ခန်းများတွင်မူ-ရုဒ္ဓရသ, ဘယာနကရသများကို ပေါ်လွင်စေပါသည်။ တခါတရံ ကရုဏာရသကို ရည်ညွှန်းပါသည်။
ခန္တီစမင်္ဂလာ, အနဝဇ္ဇကမ္မမင်္ဂလာ, အနာကုလာစ မင်္ဂလာများကို ရည်ဆောင်ပါသည်။
ခန္တီစပါရမီ, မေတ္တာပါရမီစခန်းသို့ ရည်ညွှန်းထားပါသည်။
ပုံစံအားဖြင့် ပုဂံအာန္ဒာဘုရားတွင်းရှိ ဗုဒ္ဓဝင်ပုံတော်များတွင် တွေ့ရှိနိုင်ပါသည်။
ပုဂံပုထိုးသားများ ဘုရားတွင်း၌လည်း ဆံတော်ပယ်ခန်းပုံတော်များကို တွေ့ရှိနိုင်ပါသည်။
လောကီအစီအရင်များတွင် ဗေဒင်နက္ခတ်ပညာအရ ဂြိုဟ်စီးဇာတာ ကြမ္မာမကောင်း စန်းပြတ် လွန်းပြတ် တြင်းပြတ် နဝင်းပြတ် အတိဒုက္ခ ကျရောက်နေသူများသည် ယတြာချေသာအခါ ဤကေသမဿုပဟာနမုဒြာပုံပါသော ရုပ်ပွားရုပ်ထွင်းများကို ပူဇော်သက္ကာရပြုရကြောင်း စီရင်မန်းမှုတ် ရကြောင်းများကို တန္တရာယာန, မန္တရာယာန ကျမ်းဂန်များ၌ အမြွက်မျှ ဖော်ပြပါရှိလေသည်။ [၁] [၂] [၃] [၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads