ကောကာလိကသုတ်

From Wikipedia, the free encyclopedia

Remove ads

(၄)သုတ် ရှိပါသည်။

[] ဘုရားရှင် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ နေ့အခါ တစ်ပါးတည်း ကိန်းအောင်းတော်မူနေစဉ် သုဗြဟ္မာအမည်ရှိသော ပစ္စေကဗြဟ္မာနှင့် သုဒ္ဓါဝါသအမည်ရှိသော ပစ္စေကဗြဟ္မာတို့ ရောက်ရှိလာကြပြီး ကောကာလိကရဟန်းကို အကြောင်းပြု၍ “အပ္ပမေယျ ပမိနန္တော”အစရှိသော ဂါထာဖြင့် ဘုရားရှင်အား လျှောက်ထားသည့်သုတ်။


[] ကောကာလိကရဟန်းက အဂ္ဂသာဝကမထေရ်နှစ်ပါးတို့အား ဆဲရေးပြစ်မှားပုံ၊ ဘုရားရှင်က တားမြစ်ပုံ၊ ဘုရားရှင်ရှေ့မှ ထွက်သွားပြီး မကြာမီ ကောကာလိက ရဟန်း အိုင်းအမာနာ အဆင့်ဆင့်ဖြစ်ပေါ် ပေါက်ကွဲပြီး ကွယ်လွန်သွားပုံ၊ ပဒုမ (အဝီစိ) ငရဲ၌ ဖြစ်ရပုံ၊ သဟမ္ပတိဗြဟ္မာကြီးလာရောက်၍ ကောကာလိကအကြောင်း လျှောက်ထားပုံ၊ ပဒုမ (အဝီစိ)ငရဲ သက်တမ်း ပမာဏ၊ အဗ္ဗုဒ၊ နိရဗ္ဗုဒ၊ အဗဗ၊ အဋဋ၊ အဟဟ၊ ကုမုဒ၊ သောဂန္ဓိက၊ ဥပ္ပလ၊ ပုဏ္ဍရိက၊ ပဒုမငရဲကြီးများကို ဘုရားရှင် ဟောတော်မူသည်။

အဋ္ဌကထာ၌-ကောကာလိကသူဌေးသား “စူဠကောကာလိက”နှင့် ဗြာဟ္မဏ၏သား “မဟာကောကာလိက”ဟု ကောကာလိကအမည်ဖြင့် ရဟန်းနှစ်ပါးရှိပုံ၊ ကောကာလိက ရဟန်း၏ အဂ္ဂသာဝကနှစ်ပါးအပေါ်၌ မကျေနပ်ချက်များ၊ ရန်ငြိုးဖွဲ့ပုံ၊ ကောဋိ, ပကောဋိ-အစရှိသောသင်္ချာများကိုလည်း ပြဆိုထားပါသည်။


[] အထက် (သံ၊၁၊၁၅၂)သုတ်တော်အတိုင်း ဟောတော်မူပါသည်။ ဤသုတ်၌ ကောကာလိက၏ ဥပဇ္ဈာယ်တူရူဗြဟ္မာက လာရောက်၍ အဂ္ဂသာဝကများကို မပြစ်မှားဖို့ ဟောပြောချက်သည်သာ ထူး၏၊

ဋီကာ-၌ သဟမ္ပတိဗြဟ္မာအကြောင်း အနည်းငယ် ဖွင့်ပြထားသည်။


[] စုဏ္ဏိယသုတ်ပါဠိတော်သည် (သံ၊၁၊၁၅၂)သုတ်တော်အတိုင်း ဟောထားပါသည်။ (သံ၊၁၊အံ၊၃)သုတ်၏အဆုံး၌ ဂါထာသုံးဂါထာကို ဟောတော်မူသော်လည်း ဤ၌ (၆၆၂-မှ ၆၈၃-အထိ) (၂၂)ဂါထာ ဟောတော်မူသည်သာ ထူးပါသည်။

အဋ္ဌကထာ၌လည်း -သံယုတ်အဋ္ဌကထာ၊ အင်္ဂုတ္တရအဋ္ဌကထာတို့အတိုင်းသာ ဖွင့်ပါသည်၊ တူရူ-ဗြဟ္မာနှင့် သဟမ္ပတိဗြဟ္မာအကြောင်း ဖွင့်ဆိုချက်၊ ဂါထာဖွင့် ဆိုချက်သာ ထူးပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads