ကောသမ္ဗိယသုတ်

From Wikipedia, the free encyclopedia

Remove ads

ဘုရားရှင် ကောသမ္ဗီမြို့ ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အညတရ ရဟန်း၏ လျှောက်ထားချက်အရ အချင်းချင်း မသင့်မြတ်ကြကုန်သော ရဟန်းတို့ကို ခေါ်တော်မူပြီး ကြားသိတော်မူသည့်အတိုင်း မှန်ကြကုန်သလော-ဟု မေးတော်မူရာ ရဟန်းတို့က မိမိတို့အချင်းချင်း ငြင်းခုံကြ၊ ခိုက်ရန်ဖြစ်ကြ, အချင်းချင်း မခံမရပ်နိုင်အောင် ဆန့်ကျင်ဘက် ပြောဆိုကြ, နားလည်မှု မရှိကြ, အမှန်အတိုင်း မမြင်ကြ ဖြစ်နေပါကြောင်း ဝန်ခံလျှောက်ထားကြပါသည်။ ။

ထိုအခါ ဘုရားရှင်က “ထိုသို့ဖြစ်လျှင် သီတင်းသုံးဖော်တို့အပေါ်၌ မျက်မှောက်၌ ဖြစ်စေ, မျက်ကွယ်၌ ဖြစ်စေ ကာယကံမေတ္တာ, ဝစီကံမေတ္တာ, မနောကံမေတ္တာ ဖြစ်တည်ကြကုန်သလော”ဟု မေးတော်မူရာ “မဖြစ်တည်ကြပါကြောင်း”လျှောက်ကြသည်၊ ထိုသို့ အချင်းချင်း မသင့်မမြတ်ဖြစ်ခြင်း, ကာယကံမေတ္တာ, ဝစီကံမေတ္တာ, မနောကံ မေတ္တာဖြင့် သီတင်းသုံးဖော်တို့အပေါ်၌ မဖြစ်ည်ခြင်းသည် ရှည်မြင့်စွာသော ကာလပတ်လုံး အစီးအပွားမဲ့ရန်, ဆင်းရဲရန် ဖြစ်ပုံကို မိန့်ကြားတော်မူပြီး သာရဏီယ တရား ခြောက်ပါးနှင့် အရိယာပုဂ္ဂိုလ်တို့၏ ပစ္စဝေက္ခဏာဉာဏ် ခုနစ်ပါးတို့ကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌-ဝံသတိုင်း၏မြို့တော် ကောသမ္ဗီ-အမည်ဖြစ်ပေါ်လာပုံ၊ ဃောသကသူဌေး၏ အတိတ်ဝတ္ထု ပစ္စုပ္ပန်ဝတ္ထုအကျဉ်း၊ ဥပုသ်ထက်ဝက်စောင့်ခဲ့သော ကောင်းမှုရှင် ရုက္ခစိုးနတ်ဝတ္ထု၊ ကောသမ္ဗီသူဌေးသုံးဦးတို့ ဆည်းကပ်နေသော ရသေ့ ငါးရာတို့ ရဟန္တာဖြစ်ပုံ၊ ကောသမ္ဗီမြို့တော်၌ “ကုက္ကုဋာရာမ, ပါဝါရိကမ္ဗဝန, ဃောသိတာ ရာမ”ဟူသော ကျောင်းတိုက်ကြီးများ ရှိခဲ့ပုံ၊ ကောသမ္ဘိယသုတ်တော်ဖြစ်ပေါ်လာပုံဝတ္ထု၊ အညတရ ရဟန်း အကြောင်း၊ လူ, ရှင်, ရဟန်းတို့၏ အချင်းချင်း ကာယကံ မေတ္တာ, ဝစီကံမေတ္တာ, မနောကံမေတ္တာ မျက်မှောက်, မျက်ကွယ်၌ ရှိကြပုံ၊ သာရဏီယ ဓမ္မကျင့်ဝတ် ကျင့်သုံးပုံနှင့် အကျိုးရရှိပုံသာဓကဝတ္ထုများ၊ အရိယာသာဝကတို့ ဓမ္မ ဿဝနအရာ၌ လွန်စွာမြတ်နိုးကြပုံ၊ မဟာပစ္စဝေက္ခဏာဉာဏ် ခုနစ်ပါးနှင့် ပတ်သက်သော ရှင်းလင်းချက်သုတ်တော်၌ပါရှိသောပုဒ်များ ဖွင့်ဆိုချက်တို့ကို လေ့လာနိုင်ပါသည်။ [] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads